Wednesday, 09 October 2019 16:35

RFO-1400x919-Pesto-club-sandwich-49fdd81d-d37b-46f1-a998-0309a2345baf-0-1400x919_1.jpg

 





Read More>>>မန္တလေးမြို့က မနက်စာကောင်းကောင်း ရရှိနိုင်မယ့် မုန့်တီဆိုင် (၅) ခု



>>>စားသောက်ကုန်လုပ်ငန်းများ<<<

Unicode 

နေ့လယ်နေ့ခင်း မိသားစုအားလပ်ချိန်တွေမှာ အဆာပြေသဘောမျိုးလည်းဖြစ် မိသားစုချင်း ပိုမိုရင်းနှီးနွေးထွေးမှုလည်းရှိအောင်လို့ လွယ်ကူပြီး အရသာရှိလှတဲ့ အိမ်လုပ် ဆင်းဒွစ်လေး လုပ်စားလို့ရအောင်ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ Sandwich ပေါင်မုန့် တစ်ထုပ် (၅ ခုစာ)၊ ကြက်ဥ ၃ လုံး၊ ကြက်ဥချောင်း (သို့) ကြက်သားပြား ၅ချပ် လိုပါမယ်။ ပြီးရင် မရောနစ် အနည်းငယ် ခရမ်းချဉ်သီး ၂ လုံးနဲ့ ဆလပ်ရွက် ၁၀ ပင်လဲ လိုပါမယ်။

ပြုလုပ်ဖို့နည်းလမ်းကတော့ ခရမ်းချဉ်သီးကို ရေစင်အောင်ဆေးပြီး ပါးပါးလေးတွေလှီးထားပါ။ ဆလပ်ရွက်ကိုလည်း ရေစင်အောင်ဆေးပြီး အရိုးတွေဖြတ်ထုတ်ထားပါ။ ပေါင်မုန့်ကို မရွန်းနစ်နဲ့ နှစ်ခြမ်းလုံးသုတ်ပေးပါ။

Read More>>>မိမိခေါင်းက ကြည့်ရဆိုးနေတဲ့ ဖောက်တွေကို အမြန်ဆုံးရှင်းထုတ်ပစ်ဖို့ဆိုရင်

ကြက်သားပြားကိုလည်း နီနီလေးဖြစ်လာတဲ့အထိ ဆီပါးပါးနဲ့ပဲ ကြော်ပါ။ ပြီးရင် နှစ်ပိုင်းစီပိုင်းထားပါ။ ကြက်ဥကိုခေါက်ပြီး ဆီပါပါးနဲ့အပြန့်ကြော်ပါ။ ကြော်ထားတဲ့ကြက်ဥကို ပေါင်မုန့်ကြားမှာ ညှပ်လို့ရတဲ့ အရွယ်လေးတွေရအောင် ဖြတ်ထားပါ။

ပေါင်မုန့်အလယ်မှာ ကြက်ဥ၊ ကြက်သားပြား၊ ခရမ်းချဉ်သီးနဲ့ ဆလပ်ရွက်တို့ကို အဆင်ပြေသလိုထည့်ပါ။ အရသာဆိမ့်ဆိမ့်လေးနဲ့ စားလို့အလွန်ကောင်းတဲ့ မိသားစုသွားရည်စာ ဆင်းဒွစ်လေးတွေ ရပါပြီ။

ဒီဆင်းဒွစ်လေးတွေကိုတော့ လွယ်လွယ်ကူကူ ရှာဖွေနိုင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ လုပ်ပြထားတာပါ။ မိမိစိတ်ကြိုက် တူနာ၊ ကြက်သားနဲ့ ငါးသေတ္တာတို့နဲ့လည်း ပြုလုပ်စားသုံးနိုင်ပါတယ်နော်။

Source; Yangon Life

 


Read 69 times Last modified on Wednesday, 09 October 2019 16:47
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.