Wednesday, 09 October 2019 13:37

4562379129 5b514899ce b

တစ္ခ်ိဳ႕က ေမးၾကတယ္။ “မနက္စာမုန့္တီေကာင္းေကာင္းစားခ်င္လို့ ဘယ္မွာသြားစားရမလဲ” တဲ့ မုန့္တီနဲ့ပတ္သက္ရင္ အစဥ္အလာ သိပ္ၾကီးတဲ့ မႏၲေလးၿမိဳ႕မွာ ဒီေမးခြန္းဟာ အေျဖရအခက္ဆံုးပါပဲ။

မ်ိဳးရိုးစဥ္ဆက္ေရာင္းလာၾကတ့ဲ မႏၲေလးက မုန့္တီဆိုင္ႀကီးေတြဟာ သူ့အစဥ္အလာ သူ႕ထံုးတမ္း သူ႔ကိုယ္ပုိင္ဟန္နဲ႕ တည္ရွိၾကတာမို္ိ ့ ဘယ္ဆိုင္ကျဖင့္ ပိုေကာင္းပါတယ္။ ဘယ္ဆိုင္က အမိုက္ဆံုးပါ ဆိုျပီးေျပာလုိ့ မရပါဘူး။

ကိုယ္တိုင္တစ္ရက္တစ္ဆိုင္ ပတ္စားၾကည့္ၿပီး ကိုယ့္ဆိုင္ကိုယ္ ေရြးခ်ယ္ပါလို႔ အၾကံျပဳပါရေစ။ အဲ့ေတာ့ မႏၲေလးၿမိဳ႕ရဲ႕ ေျမာက္ျမားလွစြာေသာ မုန္႔တီဆိုင္ေတြထဲကမွ ထိပ္တန္းဆိုင္ႀကီး ၅ ဆိုင္ကို အၾကမ္းဖ်င္း ေျပာျပေပးသြားပါမယ္။

Read More>>> အမွတ္္မထင္ တြဲဖက္စားသံုးမိရင္ ေသေစနိုင္တဲ့ အစားအစာမ်ား

၁။ ေဒၚသန္းျမမုန္႕တီ

မႏၲေလးၿမိဳ႕ရဲ႕အေကာင္းဆံုးမုန္႔တီဆိုင္ စာရင္းလို႔ ဆိုတဲ့ေနရာမွာ ေရႊတံဆိပ္ဆုရေဒၚသန္းျမမုန္႔တီကို ခ်န္ထားခဲ့လို႔ ဘယ္ရမလဲေနာ္။ ၂၀၀ဝျပည့္ႏွစ္ မႏၲေလးမုန္႔တီၿပိဳင္ပြဲမွာ တစ္ျမဳိ႕လံုးကဆိုင္ေတြကို အကုန္ျဖတ္ခ်ၿပီး ေရႊဆံဆိပ္ဆု ရသြားခဲ့တာကေတာ့ ေဒၚသန္းျမပါ။ ဆုရမုန္႔တီ ဆိုတဲ့အတိုင္း အဲေခတ္ကတည္းက မႏၲေလး မုန္႔တီဆိုင္ေတြထဲမွာ ေစ်းျမင့္တဲ့ထဲမွာပါတယ္၊ အခုလည္း တစ္ပြဲ ၂၅၀၀ နဲ႕ ေစ်းအျမင့္ထဲ ရွိေနတုန္းပဲ၊
ေပးရတဲ့ ေစ်းနဲ႕လည္း တန္တယ္၊ ေစ်းလည္း ျမင့္တယ္ ေပးရတာနဲ႕လည္းတန္တယ္ဆိုလို႕ ဆိုင္အႀကီးႀကီးနဲ႕ ဖြင့္ထားတာမ်ိဳး မဟုတ္ဘူးရယ္၊ အိမ္ေရွ႔မွာ စားပြဲ ၄၊ ၅ ခုံေလာက္နဲ႕ပဲ သပ္သပ္ရပ္ရပ္နဲ႕ မိသားစုဝင္ေတြက Service ေပးၿပီးေသေသခ်ာခ်ာေလး ေရာင္းတာမ်ိဳး လာခ်ေပးတဲ့ ေရေႏြးခြက္ အခ်ဥ္ပန္းကန္ကအစ Hygiene ကို ဂ႐ုစိုက္ထားမွန္း အရမ္းသိသာတယ္။ သူ႕မုန္႕တီက ဆီလည္း အရမ္းမမ်ားဘူး၊ အီလည္း မအီဘူး၊
မႏၲေလးက မုန္႕တီဆိုင္ေတြထဲမွာ ေဒၚသန္းျမ မုန္႕တီရယ္ ေဒၚလုံးမုန္႕တီ ဆိုင္ရယ္က မုန္႕ဖတ္သားက တျခားဆိုင္ေတြနဲ႕ မတူဘဲ အိစက္စက္ေလးနဲ႔ မုန္႕ဖတ္သားေကာင္းတယ္၊ ငါးဖယ္လုံးဟင္းခ်ိဳတို႕ ၾကက္သားသုပ္တို႕လည္း ရတယ္။

၂။ အရသာအေကာင္းဆံုးဆုရ ေဒၚလံုးမုန္႔တီ

၄၃ႏွစ္သက္တမ္းရွိၿပီျဖစ္တဲ့ ေဒၚလံုးမုန္႔တီကလည္း ေခသူမဟုတ္ပါဘူး။ ၂၀၀ဝျပည့္ႏွစ္တုန္းက မုန္႔တီၿပိဳင္ပြဲမွာ အရသာအေကာင္းဆံုးဆုရလာတာသူေပါ့။ အရင္တုန္းကေတာ့ စားခ်င္ရင္ ဘုရားႀကီးေစ်းနားအထိ သြားစားရေပမယ့္ ခုေတာ့၂၉လမ္း ၇၁ ၇၂ၾကားမွာ ဆိုင္ခန္းႀကီးနဲ႔ ခမ္းခမ္းနားနား သပ္သပ္ရပ္ရပ္ ဖြင့္လွစ္ထားတာကို ေတြ႕ရပါတယ္။
သူ႔အမ်ိဳးအစားကေတာ့ ေျပာရခက္တယ္။ ပဲမုန္႔မ်ားမ်ားနဲ႔ေစးေစးေလးသုပ္ထားၿပီး ခိုေတာင္မက် မႏၲေလးမက်တဲ့ ပံုစံမ်ိဳး။ ထူးျခားခ်က္က သူ႔မုန္႔ဖတ္သားက အအိဆံုးပဲ။ အိစက္ေနတဲ့မုန႔္ဖတ္ကေလးကို ပဲမႈန္႔ေစးေစးေလးသုပ္ထားတဲ့ မုန႔္တီပြဲဟာ တစ္ဇြန္းခပ္လိုက္တိုင္း တုန္တုန္အိအိေလးနဲ႔ တကယ္စြဲမက္ဖြယ္ရာပါပဲ။ ေစ်းကလည္းေမးအံုး အသားေတြအမ်ားႀကီးနဲ႔ကိုမွ တစ္ပြဲ၁၅၀၀ တဲ့။
ၿပီးေတာ့ သူ႔ဟင္းရည္ကလည္း သူမ်ားနဲ႔မတူ မုန႔္တီဆိုင္တိုင္းလိုလိုက ပိတ္စြယ္နဲ႔ ငါးဖယ္ဟင္းရည္ ခ်တဲအခ်ိန္မွာ သူက ၾကက္ျပဳတ္ဟင္းရည္တဲ့။ အရသာကလည္း လံုးဝ အခ်ိဳမႈန္႔မကူတဲ့ ၾကက္သားအခ်ိဳအရသာ ပ်စ္ႏွစ္ေနတဲ့ ၾကက္စြပ္ျပဳတ္အစစ္ႀကီး။ ၁၅၀၀ဟာ အဲ့ဒီအလကားေသာက္ရတဲ့ ၾကက္စြပ္ျပဳတ္ႀကီးနဲ႔တင္ တန္ေနပါၿပီ။ သူက မုန္႔တီတင္မကဘူး။ မုန္႔ဟင္းခါး အုန္းႏို႔ေခါက္ဆြဲပါရတယ္။ ႀကက္သားသုပ္ ငါးဖယ္သုပ္ေတြလည္းရေသးတာ။ အဲ့ထဲမွာ အဓိက mentionလုပ္ခ်င္တာကေတာ့ ေမျမဳိ႕ႏွပ္ေကာ္ဖီပဲ။ မုန႔္တီဆိုင္ေတြထဲမွာ ေဒၚလံုးမွာပဲရတာ။ မုန္႔တီနဲ႔ ေမၿမိဳ႕ေကာ္ဖီဟာ နတ္ဖက္တဲ့စံုတြဲလို အလိုက္ဖက္ဆံုးပါပဲ။

၃။ စိုးစိုးမုန္႔တီ

သူကေတာ့ မုန္႔တီဆိုင္ေတြအားလံုးထဲမွာ ေနရာထိုင္ခင္း အသန္႔ျပန္႔ဆံုး။ ေခတ္ႏွင့္ေလ်ာ္ညီေအာင္ အေျပာင္းလဲႏိုင္ဆံုး သန္႔ရွင္းမႈအရွိဆံုး ဆိုင္ပါ။
အမ်ိဳးအစားကေတာ့ သူလည္း မႏၲေလးမုန္႔တီအမ်ိဳးအစားပါပဲ။ ဒါေပမယ့္သူကေလ ဆီအရမ္းမ်ားတယ္လို႔ ခံစားရတယ္။ ၿပီးေတာ့ အခ်ဥ္ထည့္သုပ္မဟုတ္ေတာ့ အီတာေပါ့ေလ။ က်ေနာ္ဆို တစ္ပြဲထက္ ပိုမစားႏိုင္ဘူး။ ဒါေပမယ့္ စိုးစိုးမွ စိုးစိုး တမ္းတမ္းစြဲ သြားစားေနရတဲ့အေၾကာင္းရင္းတစ္ခုရွိတယ္။ အဲ့ဒါ ငါးဖယ္ေပါင္းပဲ။ ဖက္ရြက္ကေလးနဲ႔ ထုပ္ထားတဲ့ ငါးဖယ္ေပါင္းကေလ ဘာနဲ႔မွမတူဘူး။ ငါးဖယ္ျပဳတ္နဲ႔ ငါးဖယ္ေပါင္းက တူသလိုလိုရွိေပမယ့္ လံုးဝမတူဘူး။ ငါးဖယ္ျပဳတ္ဆိုတာက ျပဳတ္လိုက္ေတာ့ ျပဳတ္ရည္ထဲမွာ သူ႔အရသာေတြေပ်ာ္ဝင္ၿပီးထြက္သြားတယ္။ ငါးဖယ္ေပါင္းကက် မာမာက်စ္က်စ္ကေလးနဲ႔ အရသာက အျပည့္ နင့္ေနေရာပဲ။
သူ႔ဆိုင္မွာ ငါးဖယ္ေပါင္း ငါးဖယ္လံုးဟင္းခ်ဳိ ငါးဖယ္သုပ္ ၾကက္သားသုပ္ေတြ ရပါေသးတယ္။
စိုးစိုးရဲ႕ အားနည္းခ်က္ကေတာ့ ေစ်းႀကီးတာပါပဲ။ သူမ်ားဆိုင္ေတြထက္ အမ်ားႀကီး ႀကီးပါတယ္။ ဒါေပမယ့္ ၃ထပ္တိုက္ႀကီးထဲမွာ airconနဲ႔ေရာင္းတဲ့ တစ္ဆိုင္တည္းေသာ မုန္႔တီဆိုင္ပဲေလ သူ႔ေစ်းနဲ႔သူကေတာ့ အေတာ္ပါပဲ။

Read More>>> ဆူရွီကို ငါးအသားလိပ္နဲ႔စားသံုးသူေတြ မျဖစ္မေနသိထားသင့္တဲ့ က်န္းမာေရးအႏၲရာယ္

၄။ ေဒၚစန္းလြင္ ခိုေတာင္မုန္႔တီ

မႏၲေလးမုန္႔တီမွ မႏၲေလးမုန္႔တီ ခိုေတာင္မုန္႔တီကို မႀကိဳက္ပါဘူး ဆိုတဲ့သူမ်ား ေဒၚစန္းလြင္ရဲ႕လက္ရာကို စားၾကည့္ၾကစမ္းပါဦး။ သြပ္သြပ္ခါေအာင္ ႐ူးသြားေစရမယ္။
ဆီနီမပါ ဆီဝါတစ္မ်ိဳးတည္း ဆီနည္းနည္း ပဲမႈန္႔မ်ားမ်ားႏွင့္ ေစးေစးပိုင္ပိုင္ သုပ္ေလ့ရွိတဲ့ ခိုေတာင္နည္းေပါ့
ေဒၚစန္းလြင္ သြားစားတဲ့အခါ စားနည္းရွိတယ္။ ခိုေတာင္နန္းကို ၾကက္သြန္ဥေလး ႏွင့္ ငါးဖယ္လံုး ထည့္သုပ္ခိုင္း အန္တီစန္းလြင္ကိုယ္တိုင္ နယ္ေပးလို႔ခိုင္း။
မုန္လာခ်ဥ္သုပ္တစ္ပြဲမွာ (ပဲတီခ်ဥ္ေလးပါ ထည့္သုပ္ေပးတယ္)
ငါးေခါင္းဟင္းရည္ ခ်ဥ္စပ္ေလးမွာ (ငါးေခါင္းဟဲဗီးႀကီးနဲ႔ အသားေတြအမ်ားႀကီးပါမွ ၅၀၀တဲ့)
ခိုေတာင္ထံုးစံအတိုင္း ပိတ္စြယ္ေတြအမ်ားႀကီးနဲ႔ ျငဳပ္သီးေလွာ္ေလး သံပုရာသီးေလးပါ ညႇစ္ေပးထားေသးေတာ့ အတိုင္းထက္အလြန္ေပါ့...

၅။ ခိုေတာင္ရြာက မုန႔္တီဆိုင္မ်ား

မေတာ္တဆမ်ား မင္းကြန္းဘက္ကို အလည္သြားျဖစ္ခဲ့မယ္ဆို ခိုေတာင္ရြာက မုန္႔တီဆိုင္မ်ားကို ျမည္းစမ္းၾကည့္ခဲ့ၾကပါဦး။ တစ္ရြာလံုး မ်ိဳး႐ိုးစဥ္ဆက္ မုန္႔တီေရာင္းလာတဲ့ ခိုေတာင္ရြာမွာ ဘယ္ဆိုင္မွမဟုတ္ဘူး တစ္ရြာလံုး ဘယ္ဆိုင္ဝင္စားစား စားေကာင္းတယ္။ ခိုေတာင္ မုန္႔တီေပၚလာပံုကဒီလို မင္းတုန္းမင္းလက္ထက္စဥ္ေတာ္အခါက မင္းႀကီးရဲ႕အခ်စ္ဆံုး မိဖုရားငယ္တစ္ပါးဟာ ကိုယ္ဝန္ရွိေတာ့ တီေကာင္ကိုမွ စားခ်င္ပါတယ္ ခ်င္ျခင္းတက္လို႔ ခိုေတာင္ရြာက မင္းမႈထမ္းတစ္ဦးက သူတို႔ရြာက မုန္႔တီဖတ္ကို နႏြင္းဝါဝါနဲ႔ သုပ္ေကၽြးရာက စသတဲ့။ ခိုေတာင္မုန္႔တီဟာ မႏၲေလးမုန္႔တီႏွင့္ ဘာကြာသလဲဆို နန္းကစကြာပါတယ္။ ခိုေတာင္နန္းက မႏၲေလးနန္းထက္ ပိုေသးတယ္။ ခပ္ေသးေသး အိအိေလးေပါ့။ ၿပီးေတာ့ ဆီခ်က္ကို နႏြင္းမ်ားမ်ားႏွင့္ ၾကက္သြန္ျဖဴႏွင့္သပ္တယ္။ ဆီနီမသံုးဘူး။ ခိုေတာင္မုန္႔တီက မႏၲေလးမုန္႔တီလို ဆီမမ်ားဘူး မအီဘူး။ ပဲမႈန္႔မ်ားမ်ားနဲ႔ ေစးေစးပိုင္ပိုင္ သုပ္ၾကတယ္။

Read More>>> အရသာရွိတဲ့ လက္ဖက္စိမ္းေဖ်ာ္ရည္တစ္ခြက္ ရဖုိ႔ဆုိရင္

ကဲ ကိုယ္စားခ်င္တဲ့ဆိုင္ကိုေရြးၿပီးရင္ လိပ္စာေလးေတြက ေအာက္မွာေနာ္

၁ ။ ေဒၚသန္းျမမုန္႔တီ ( လမ္း၄၀ ၈၃ ၈၄ၾကား )

၂ ။ ေဒၚလံုးမုန္႔တီ (၂၉လမ္း ၇၁ ၇၂ၾကား )

၃ ။ စိုးစိုးမုန္႔တီ ( ၈၄x ၈၅ၾကား ၃၁x၃၂ၾကား )

၄။ ေဒၚစန္းလြင္ ခိုေတာင္မုန္႔တီ ( ၆၃လမ္း ၁၉ x ၂ဝၾကား နန္းေရွ႕ေစ်းအနီး )

၅။ ခိုေတာင္ရြာက မုန္႔တီဆိုင္မ်ား ( မင္းကြန္းသြားတဲ့လမ္းမွာ ခိုေတာင္ရြာေရာက္ရင္ လမ္းေဘး ဝဲယာတေလွ်ာက္ မုန္႔တီဆိုင္ေတြခ်ည္းပါပဲ။ )

မႏၲေလးမုန္႔တီဆိုင္စာရင္းဟာ ဘယ္ေတာ့မွ ျပည့္စံုႏိုင္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ ကိုယ္သိထားတဲ့စားေနက်ဆိုင္ေကာင္းေလးေတြကိုလည္္း ေအာက္မွာ မန္႔သြားေပးၾကေနာ္။

ကဲ အတူတူသြားစားမယ့္ မုန္႔တီသရဲ သူငယ္ခ်င္းေတြကို Mentionေခၚၿပီး ကိုယ္စားခ်င္တဲ့ခါလည္းရွာရမခက္ေအာင္ တစ္ခါတည္း share ထားလိုက္ေတာ့ေနာ္။

Credit: MandalayFoodDirectory

### Unicode Version ###

မန္တလေးမြို့က မနက်စာကောင်းကောင်း ရရှိနိုင်မယ့် မုန့်တီဆိုင် (၅) ခု

တစ်ချို့က မေးကြတယ်။ “မနက်စာမုန့်တီကောင်းကောင်းစားချင်လို့ ဘယ်မှာသွားစားရမလဲ” တဲ့ မုန့်တီနဲ့ပတ်သက်ရင် အစဉ်အလာ သိပ်ကြီးတဲ့ မန္တလေးမြို့မှာ ဒီမေးခွန်းဟာ အဖြေရအခက်ဆုံးပါပဲ။

မျိုးရိုးစဉ်ဆက်ရောင်းလာကြတဲ့ မန္တလေးက မုန့်တီဆိုင်ကြီးတွေဟာ သူ့အစဉ်အလာ သူ့ထုံးတမ်း သူ့ကိုယ်ပိုင်ဟန်နဲ့ တည်ရှိကြတာမိို့ ဘယ်ဆိုင်ကဖြင့် ပိုကောင်းပါတယ်။ ဘယ်ဆိုင်က အမိုက်ဆုံးပါ ဆိုပြီးပြောလို့ မရပါဘူး။

ကိုယ်တိုင်တစ်ရက်တစ်ဆိုင် ပတ်စားကြည့်ပြီး ကိုယ့်ဆိုင်ကိုယ် ရွေးချယ်ပါလို့ အကြံပြုပါရစေ။ အဲ့တော့ မန္တလေးမြို့ရဲ့ မြောက်မြားလှစွာသော မုန့်တီဆိုင်တွေထဲကမှ ထိပ်တန်းဆိုင်ကြီး ၅ ဆိုင်ကို အကြမ်းဖျင်း ပြောပြပေးသွားပါမယ်။

၁။ ဒေါ်သန်းမြမုန့်တီ

မန္တလေးမြို့ရဲ့အကောင်းဆုံးမုန့်တီဆိုင် စာရင်းလို့ ဆိုတဲ့နေရာမှာ ရွှေတံဆိပ်ဆုရဒေါ်သန်းမြမုန့်တီကို ချန်ထားခဲ့လို့ ဘယ်ရမလဲနော်။ ၂၀၀ဝပြည့်နှစ် မန္တလေးမုန့်တီပြိုင်ပွဲမှာ တစ်မြို့လုံးကဆိုင်တွေကို အကုန်ဖြတ်ချပြီး ရွှေဆံဆိပ်ဆု ရသွားခဲ့တာကတော့ ဒေါ်သန်းမြပါ။ ဆုရမုန့်တီ ဆိုတဲ့အတိုင်း အဲခေတ်ကတည်းက မန္တလေး မုန့်တီဆိုင်တွေထဲမှာ ဈေးမြင့်တဲ့ထဲမှာပါတယ်၊ အခုလည်း တစ်ပွဲ ၂၅၀၀ နဲ့ ဈေးအမြင့်ထဲ ရှိနေတုန်းပဲ၊
ပေးရတဲ့ ဈေးနဲ့လည်း တန်တယ်၊ ဈေးလည်း မြင့်တယ် ပေးရတာနဲ့လည်းတန်တယ်ဆိုလို့ ဆိုင်အကြီးကြီးနဲ့ ဖွင့်ထားတာမျိုး မဟုတ်ဘူးရယ်၊ အိမ်ရှေ့မှာ စားပွဲ ၄၊ ၅ ခုံလောက်နဲ့ပဲ သပ်သပ်ရပ်ရပ်နဲ့ မိသားစုဝင်တွေက Service ပေးပြီးသေသေချာချာလေး ရောင်းတာမျိုး လာချပေးတဲ့ ရေနွေးခွက် အချဉ်ပန်းကန်ကအစ Hygiene ကို ဂရုစိုက်ထားမှန်း အရမ်းသိသာတယ်။ သူ့မုန့်တီက ဆီလည်း အရမ်းမများဘူး၊ အီလည်း မအီဘူး၊
မန္တလေးက မုန့်တီဆိုင်တွေထဲမှာ ဒေါ်သန်းမြ မုန့်တီရယ် ဒေါ်လုံးမုန့်တီ ဆိုင်ရယ်က မုန့်ဖတ်သားက တခြားဆိုင်တွေနဲ့ မတူဘဲ အိစက်စက်လေးနဲ့ မုန့်ဖတ်သားကောင်းတယ်၊ ငါးဖယ်လုံးဟင်းချိုတို့ ကြက်သားသုပ်တို့လည်း ရတယ်။

၂။ အရသာအကောင်းဆုံးဆုရ ဒေါ်လုံးမုန့်တီ

၄၃နှစ်သက်တမ်းရှိပြီဖြစ်တဲ့ ဒေါ်လုံးမုန့်တီကလည်း ခေသူမဟုတ်ပါဘူး။ ၂၀၀ဝပြည့်နှစ်တုန်းက မုန့်တီပြိုင်ပွဲမှာ အရသာအကောင်းဆုံးဆုရလာတာသူပေါ့။ အရင်တုန်းကတော့ စားချင်ရင် ဘုရားကြီးဈေးနားအထိ သွားစားရပေမယ့် ခုတော့၂၉လမ်း ၇၁ ၇၂ကြားမှာ ဆိုင်ခန်းကြီးနဲ့ ခမ်းခမ်းနားနား သပ်သပ်ရပ်ရပ် ဖွင့်လှစ်ထားတာကို တွေ့ရပါတယ်။
သူ့အမျိုးအစားကတော့ ပြောရခက်တယ်။ ပဲမုန့်များများနဲ့စေးစေးလေးသုပ်ထားပြီး ခိုတောင်မကျ မန္တလေးမကျတဲ့ ပုံစံမျိုး။ ထူးခြားချက်က သူ့မုန့်ဖတ်သားက အအိဆုံးပဲ။ အိစက်နေတဲ့မုန့်ဖတ်ကလေးကို ပဲမှုန့်စေးစေးလေးသုပ်ထားတဲ့ မုန့်တီပွဲဟာ တစ်ဇွန်းခပ်လိုက်တိုင်း တုန်တုန်အိအိလေးနဲ့ တကယ်စွဲမက်ဖွယ်ရာပါပဲ။ ဈေးကလည်းမေးအုံး အသားတွေအများကြီးနဲ့ကိုမှ တစ်ပွဲ၁၅၀၀ တဲ့။
ပြီးတော့ သူ့ဟင်းရည်ကလည်း သူများနဲ့မတူ မုန့်တီဆိုင်တိုင်းလိုလိုက ပိတ်စွယ်နဲ့ ငါးဖယ်ဟင်းရည် ချတဲအချိန်မှာ သူက ကြက်ပြုတ်ဟင်းရည်တဲ့။ အရသာကလည်း လုံးဝ အချိုမှုန့်မကူတဲ့ ကြက်သားအချိုအရသာ ပျစ်နှစ်နေတဲ့ ကြက်စွပ်ပြုတ်အစစ်ကြီး။ ၁၅၀၀ဟာ အဲ့ဒီအလကားသောက်ရတဲ့ ကြက်စွပ်ပြုတ်ကြီးနဲ့တင် တန်နေပါပြီ။ သူက မုန့်တီတင်မကဘူး။ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲပါရတယ်။ ကြက်သားသုပ် ငါးဖယ်သုပ်တွေလည်းရသေးတာ။ အဲ့ထဲမှာ အဓိက mentionလုပ်ချင်တာကတော့ မေမြို့နှပ်ကော်ဖီပဲ။ မုန့်တီဆိုင်တွေထဲမှာ ဒေါ်လုံးမှာပဲရတာ။ မုန့်တီနဲ့ မေမြို့ကော်ဖီဟာ နတ်ဖက်တဲ့စုံတွဲလို အလိုက်ဖက်ဆုံးပါပဲ။

၃။ စိုးစိုးမုန့်တီ

သူကတော့ မုန့်တီဆိုင်တွေအားလုံးထဲမှာ နေရာထိုင်ခင်း အသန့်ပြန့်ဆုံး။ ခေတ်နှင့်လျော်ညီအောင် အပြောင်းလဲနိုင်ဆုံး သန့်ရှင်းမှုအရှိဆုံး ဆိုင်ပါ။
အမျိုးအစားကတော့ သူလည်း မန္တလေးမုန့်တီအမျိုးအစားပါပဲ။ ဒါပေမယ့်သူကလေ ဆီအရမ်းများတယ်လို့ ခံစားရတယ်။ ပြီးတော့ အချဉ်ထည့်သုပ်မဟုတ်တော့ အီတာပေါ့လေ။ ကျနော်ဆို တစ်ပွဲထက် ပိုမစားနိုင်ဘူး။ ဒါပေမယ့် စိုးစိုးမှ စိုးစိုး တမ်းတမ်းစွဲ သွားစားနေရတဲ့အကြောင်းရင်းတစ်ခုရှိတယ်။ အဲ့ဒါ ငါးဖယ်ပေါင်းပဲ။ ဖက်ရွက်ကလေးနဲ့ ထုပ်ထားတဲ့ ငါးဖယ်ပေါင်းကလေ ဘာနဲ့မှမတူဘူး။ ငါးဖယ်ပြုတ်နဲ့ ငါးဖယ်ပေါင်းက တူသလိုလိုရှိပေမယ့် လုံးဝမတူဘူး။ ငါးဖယ်ပြုတ်ဆိုတာက ပြုတ်လိုက်တော့ ပြုတ်ရည်ထဲမှာ သူ့အရသာတွေပျော်ဝင်ပြီးထွက်သွားတယ်။ ငါးဖယ်ပေါင်းကကျ မာမာကျစ်ကျစ်ကလေးနဲ့ အရသာက အပြည့် နင့်နေရောပဲ။
သူ့ဆိုင်မှာ ငါးဖယ်ပေါင်း ငါးဖယ်လုံးဟင်းချို ငါးဖယ်သုပ် ကြက်သားသုပ်တွေ ရပါသေးတယ်။
စိုးစိုးရဲ့ အားနည်းချက်ကတော့ ဈေးကြီးတာပါပဲ။ သူများဆိုင်တွေထက် အများကြီး ကြီးပါတယ်။ ဒါပေမယ့် ၃ထပ်တိုက်ကြီးထဲမှာ airconနဲ့ရောင်းတဲ့ တစ်ဆိုင်တည်းသော မုန့်တီဆိုင်ပဲလေ သူ့ဈေးနဲ့သူကတော့ အတော်ပါပဲ။

၄။ ဒေါ်စန်းလွင် ခိုတောင်မုန့်တီ

မန္တလေးမုန့်တီမှ မန္တလေးမုန့်တီ ခိုတောင်မုန့်တီကို မကြိုက်ပါဘူး ဆိုတဲ့သူများ ဒေါ်စန်းလွင်ရဲ့လက်ရာကို စားကြည့်ကြစမ်းပါဦး။ သွပ်သွပ်ခါအောင် ရူးသွားစေရမယ်။
ဆီနီမပါ ဆီဝါတစ်မျိုးတည်း ဆီနည်းနည်း ပဲမှုန့်များများနှင့် စေးစေးပိုင်ပိုင် သုပ်လေ့ရှိတဲ့ ခိုတောင်နည်းပေါ့
ဒေါ်စန်းလွင် သွားစားတဲ့အခါ စားနည်းရှိတယ်။ ခိုတောင်နန်းကို ကြက်သွန်ဥလေး နှင့် ငါးဖယ်လုံး ထည့်သုပ်ခိုင်း အန်တီစန်းလွင်ကိုယ်တိုင် နယ်ပေးလို့ခိုင်း။
မုန်လာချဉ်သုပ်တစ်ပွဲမှာ (ပဲတီချဉ်လေးပါ ထည့်သုပ်ပေးတယ်)
ငါးခေါင်းဟင်းရည် ချဉ်စပ်လေးမှာ (ငါးခေါင်းဟဲဗီးကြီးနဲ့ အသားတွေအများကြီးပါမှ ၅၀၀တဲ့)
ခိုတောင်ထုံးစံအတိုင်း ပိတ်စွယ်တွေအများကြီးနဲ့ ငြုပ်သီးလှော်လေး သံပုရာသီးလေးပါ ညှစ်ပေးထားသေးတော့ အတိုင်းထက်အလွန်ပေါ့...

၅။ ခိုတောင်ရွာက မုန့်တီဆိုင်များ

မတော်တဆများ မင်းကွန်းဘက်ကို အလည်သွားဖြစ်ခဲ့မယ်ဆို ခိုတောင်ရွာက မုန့်တီဆိုင်များကို မြည်းစမ်းကြည့်ခဲ့ကြပါဦး။ တစ်ရွာလုံး မျိုးရိုးစဉ်ဆက် မုန့်တီရောင်းလာတဲ့ ခိုတောင်ရွာမှာ ဘယ်ဆိုင်မှမဟုတ်ဘူး တစ်ရွာလုံး ဘယ်ဆိုင်ဝင်စားစား စားကောင်းတယ်။ ခိုတောင် မုန့်တီပေါ်လာပုံကဒီလို မင်းတုန်းမင်းလက်ထက်စဉ်တော်အခါက မင်းကြီးရဲ့အချစ်ဆုံး မိဖုရားငယ်တစ်ပါးဟာ ကိုယ်ဝန်ရှိတော့ တီကောင်ကိုမှ စားချင်ပါတယ် ချင်ခြင်းတက်လို့ ခိုတောင်ရွာက မင်းမှုထမ်းတစ်ဦးက သူတို့ရွာက မုန့်တီဖတ်ကို နနွင်းဝါဝါနဲ့ သုပ်ကျွေးရာက စသတဲ့။ ခိုတောင်မုန့်တီဟာ မန္တလေးမုန့်တီနှင့် ဘာကွာသလဲဆို နန်းကစကွာပါတယ်။ ခိုတောင်နန်းက မန္တလေးနန်းထက် ပိုသေးတယ်။ ခပ်သေးသေး အိအိလေးပေါ့။ ပြီးတော့ ဆီချက်ကို နနွင်းများများနှင့် ကြက်သွန်ဖြူနှင့်သပ်တယ်။ ဆီနီမသုံးဘူး။ ခိုတောင်မုန့်တီက မန္တလေးမုန့်တီလို ဆီမများဘူး မအီဘူး။ ပဲမှုန့်များများနဲ့ စေးစေးပိုင်ပိုင် သုပ်ကြတယ်။

ကဲ ကိုယ်စားချင်တဲ့ဆိုင်ကိုရွေးပြီးရင် လိပ်စာလေးတွေက အောက်မှာနော်

၁ ။ ဒေါ်သန်းမြမုန့်တီ ( လမ်း၄၀ ၈၃ ၈၄ကြား )

၂ ။ ဒေါ်လုံးမုန့်တီ (၂၉လမ်း ၇၁ ၇၂ကြား )

၃ ။ စိုးစိုးမုန့်တီ ( ၈၄x ၈၅ကြား ၃၁x၃၂ကြား )

၄။ ဒေါ်စန်းလွင် ခိုတောင်မုန့်တီ ( ၆၃လမ်း ၁၉ x ၂ဝကြား နန်းရှေ့ဈေးအနီး )

၅။ ခိုတောင်ရွာက မုန့်တီဆိုင်များ ( မင်းကွန်းသွားတဲ့လမ်းမှာ ခိုတောင်ရွာရောက်ရင် လမ်းဘေး ဝဲယာတလျှောက် မုန့်တီဆိုင်တွေချည်းပါပဲ။ )

မန္တလေးမုန့်တီဆိုင်စာရင်းဟာ ဘယ်တော့မှ ပြည့်စုံနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်သိထားတဲ့စားနေကျဆိုင်ကောင်းလေးတွေကိုလည်း အောက်မှာ မန့်သွားပေးကြနော်။

ကဲ အတူတူသွားစားမယ့် မုန့်တီသရဲ သူငယ်ချင်းတွေကို Mentionခေါ်ပြီး ကိုယ်စားချင်တဲ့ခါလည်းရှာရမခက်အောင် တစ်ခါတည်း share ထားလိုက်တော့နော်။

Credit: MandalayFoodDirectory


Read 276 times Last modified on Wednesday, 09 October 2019 16:25
Rate :
(5 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.