Monday, 30 September 2019 16:09

41739104871_95e2db8528_b_1.jpg

ထောပတ်သီးတွေကို ဖျော်ရည်သောက်ဖို့၊ ပေါင်မုန့်တွေနဲ့ညှပ်စားဖို့ပဲ အသုံးပြုလို့ရတာမဟုတ်ပါဘူး။

သဘာဝအတိုင်း စိမ့်သက်တဲ့အရသာကို ပေးစွမ်းနိုင်တဲ့ ထောပတ်သီးကိုသုံးပြီးတော့ ရင်ထဲအေးဆင်းသွားမယ့် ရေခဲမုန့်လည်း ပြုလုပ်နိုင်ပါသေးတယ်။ ပြုလုပ်ချိန်ကလည်း ၂၀ မိနစ်လောက်ပဲလိုတာဖြစ်လို့ ပူအိုက်တဲ့အချိန်မှာ အထူးသင့်တော်တဲ့ အချိုပွဲလေးတစ်ခုဖြစ်ပါတယ်။

ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့

ထောပတ်သီးမှည့် (အလုံးကြီးကြီး)၂ လုံး၊ သံပုရာရည်၊ စားပွဲတင်ဇွန်း ၁ ဇွန်း၊ နို့ဆီ ၄၀၀ ဂရမ်၊ ဆားအနည်းငယ်၊ Double Cream ၆၀၀ မီလီလီတာတို့ ဖြစ်ပါတယ်။

Related image

Read More>>>ဘူဖေးစားတဲ့အခါ ကျန်းမာရေးနဲ့ညီညွှတ်ပြီး များများစားနိုင်အောင်

ပြင်ဆင်ပြုလုပ်ပုံ

၁။ ဦးစွာအနေနဲ့ ထောပတ်သီး ၂ လုံးကို အလယ်က ထက်ခြမ်းခြမ်းပြီး အစေ့ထုတ်၊ အခွံခွာပါ။ ရလာတဲ့အသားတွေကို သံပုရာရည်၊ နို့ဆီ၊ ဆားတို့နဲ့အတူ ဖျော်စက်ထဲထည့်ပေးပါ။

၂။ နူးညံ့သွားတဲ့အထိ အားလုံးကို ၁မိနစ် ဒါမှမဟုတ် ၂မိနစ်လောက် ရောကြိတ်ပေးပါ။

၃။ ပန်းကန်လုံးကြီးကြီး တစ်လုံးထဲမှာ Double Cream ၆၀၀ မီလီလီတာလောက်ကို ထည့်ပြီး ကြက်ဥတံကိုသုံးကာ မွှေပေးပါ။

၎။ မွှေပြီးပြီဆိုရင် ထောပတ်သီးအနှစ်ကို ခရင်မ်ပန်းကန်ထဲထည့်ကာ ဖြည်းဖြည်းချင်းထပ်မွှေပေးပါ။

Image result for how to make avocado ice cream

>>>သစ်သီးအမျိုးမျိုးအရောင်းဆိုင်များ<<<

၅။ နှစ်ခုပေါင်းစပ်ပြီးသွားပြီဆိုရင် ခွက်တစ်ခုထဲပြောင်းထည့်ပြီးတော့ မျက်နှာပြင်ညီအောင်ညှိလိုက်ပါ။ ပြီးရင် အပေါ်မှ ပလတ်စတစ်နဲ့ ဖုံးအုပ်လိုက်ပါ။

၆။ အနည်းဆုံး ၈နာရီ သို့မဟုတ် တစ်ညတာ အေးခဲထားပြီး နောက်တစ်နေ့ပြန်ထုတ်ယူကာ မစားခင် မိနစ်အနည်းငယ်လောက်ထားပါ။ အတန်ငယ်ပျော့သွားပြီးဆိုရင်တော့ အရသာရှိတဲ့ ထောပတ်သီးရေခဲမုန့်ကို စားသုံးနိုင်မှာပဲဖြစ်ပါတယ်။

Source; My Food


Read 248 times Last modified on Monday, 30 September 2019 16:38
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.