Thursday, 19 September 2019 17:20

14_Simple_Ways_to_Break_Through_a_Weight_Loss_Plateau-732x549-thumbnail_1.jpg

 

ယနေ့ခေတ်မှာ သွယ်လျတဲ့ ခန္ဓာကိုယ်လေးတွေ ပိုင်ဆိုင်နိုင်ဖို့ ဝိတ်ချခြင်းဆိုတဲ့ ကိစ္စဟာ လူငယ်တွေကြားမှာ ရေပန်းစားလာပါတယ်။

ဝိတ်ချခြင်းမှာ နည်းလမ်းမျိုးစုံရှိပါတယ်။ Gym ကစားခြင်း၊ အစားအသောက်လျှော့စားခြင်း၊ ပိန်စေတဲ့ဆေးဝါးနဲ့ အစားအသောက် သုံးစွဲခြင်း စသည်ဖြင့် ဈေးကွက်အတွင်းမှာ ခေတ်စားလို့ နေပါတယ်။ ဒါပေမယ့် ပညာရှင်တွေက သင့်ကျန်းမာရေးကိုမထိခိုက်ပဲ ဝိတ်ချချင်တယ်ဆိုရင် အောက်ပါအစားအသောက်တွေ မစားဖို့ တားမြစ်ထားပါတယ်။

(၁) Diet Drinks (ဝိတ်လျှော့အချိုရည်များ)

Diet Drinks တွေမှာဆို ဓာတုသကြားနဲ့ အနှံ့အသက်တွေ ပါဝင်နေတာကြောင့် ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အတွက် မသောက်သုံးသင့်ပါဘူး။

(၂) အဆီနည်းနို့ထွက်ပစ္စည်းများ

အဆီနည်းနို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ချဉ်၊ နွားနို့၊ ဒိန်ခဲ တို့ဟာ ထင်ရသလောက် ကျန်းမာရေးနဲ့ မညီညွှတ်ပါဘူး။ အဲ့ဒီအစားအစာတွေဟာ အဆီဖယ်ရှားခံထားရတဲ့အတွက် အရသာရှိအောင် ဓာတုသကြားတွေ ထပ်ထည့်ပေးရပါတယ်။ ဒါကြောင့် အဆီမထုတ်ထားတဲ့ နို့ထွက်ပစ္စည်းကို စားသုံးတာက အဆီထုတ်ထားတဲ့ နို့ထွက်အစားအစာတွေကို စားသုံးခြင်းထက်ပိုပြီး ကောင်းပါတယ်။

Read More>>>မှိုငပိချဉ်စပ်သုပ် လုပ်စားချင်သူတွေအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းများ

(၃) အားဖြည့်အချိုရည်များ

ယနေ့ခေတ်မှာ ကော်ဖီအစား ကဖင်းဓာတ်ပါဝင်တဲ့ အားဖြည့်အချိုရည်တွေကို သောက်သုံးလာကြပါတယ်။ အားဖြည့်အချိုရည်တွေကို ကျန်းမာရေးနဲ့ ညီညွှတ်တယ်လို့ ကြော်ငြာထားပေမယ့် အဲ့ဒီအချိုရည်တွေမှာလည်း ဓာတုသကြားနဲ့ တခြားပစ္စည်းတွေ ပါဝင်နေတာကြောင့် ကျန်းမာရေးနဲ့ညီညွှတ်အောင် ဝိတ်ချဖို့ဆိုရင် မသောက်သုံးသင့်ပါဘူး။

>>>ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ<<<

(၄) အသင့်စားအသားများ

အသင့်စားအသားတွေမှာဆိုရင် ဆားနဲ့နိုက်တြိတ်တွေ အလွန်အကျွံပါဝင်နေတာကြောင့် ဝိတ်ချနေတဲ့သူတွေ စားသုံးဖို့ရာမသင့်တော်ပါဘူး။

Credit: Momolay

 


Read 473 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.