Friday, 09 August 2019 14:42

shutterstock_433775512-e1505472528182.jpg

ကြက်ဥကြိုက်တဲ့သူတွေကတော့ အကြိုက်တွေ့ကြမယ်လို့မျှော်လင့်ပါတယ်။ အရသာလည်းရှိပြီး လုပ်ရတာလည်း မခက်တဲ့ ကိုရီယားကြက်ဥလိပ် ခေါ် ( Egg Omelet ) လုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်

ကြက်ဥ ၄ လုံး၊ ဆားအနည်းငယ်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ မုန်လာဥနီ၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ဆီ ပုလင်းအဖုံးတစ်ဖုံးစာ။

ပြုလုပ်နည်း

၁။ ဒယ်အိုးဟာ အိုးမကပ်တဲ့ ဒယ်အိုးအပြား ဖြစ်ရပါမယ်။

၂။ ကြက်သွန်နီ လှီးပြီးသားကို နောက်ထပ်တစ်ဖက်လှည့်ပြီး သေးသေးနဲ့ပါးပါးလှီးမယ်။

၃။ မုန်လာဥနီ လက်တစ်ဆစ်လောက်ကို ဖြတ်မယ်။ သေးသေးနဲ့ပါးပါးလေးတွေလှီးမယ်။

၎။ ကြက်သွန်မြိတ်ကို ပါးပါးလှီးမယ်။

မနက်စာကောင်းကောင်း ရရှိနိုင်မယ့် ရွှေမန္တလေးရဲ့ မုန့်တီဆိုင် ( ၅ ) ခု

၅။ လှီးပြီးသား အသီးအရွက်တွေနဲ့အတူ ကြက်ဥလေးလုံး၊ ဆားအနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်မယ်။ ပြီးရင် မွှေမယ်။

၆။ ဒယ်အိုးပြားပေါ် ဆီပုလင်းအဖုံးတစ်ဖုံးစာ နည်းနည်းလေးပေါ့။ ထည့်ပြီး ဖြန့်မယ်။

၇။ မွှေထားတဲ့ ကြက်ဥထဲက လေးပုံတစ်ပုံလောက်ကိုထည့်ပြီး ဖြန့်မယ်။ မီးကို ပူရုံလောက် အရမ်းမပူစေဘဲ မီးအနည်းငယ်ပဲ ထားရပါမယ်။ အောက်ပိုင်းနည်းနည်းကျက်ပြီး စလိပ်ပါမယ်။

၈။ တဖြည်းဖြည်း တစ်ဝက်လောက်ထိ လိပ်ပြီးပြီဆိုရင် အနောက်နည်းနည်းရွှေ့လိုက်မယ်။ အဲ့ဒါဆို အရှေ့မှာ နေရာလွတ်သွားလိမ့်မယ်။ လွတ်သွားတဲ့နေရာမှာ ကျန်တဲ့ကြက်ဥရောထားတာကို ဖြန့်မယ်။
ရှေ့နေရာလွတ်နေတာကို ကျက်အောင်စောင့်ရင်း နောက်က လိပ်ရက်သားကို ဆက်လိပ်မယ်။ သည်လိုနဲ့ပဲ ဖြည့်လိုက် လိပ်လိုက် နောက်ဆုတ်လိုက်နဲ့ ကြက်ဥအနှစ်ကုန်တဲ့အထိ လုပ်သွားမယ်။

စားတော်ဆက်များ (ကိုရီးယားအစားအစာ)

၉။ နောက်ဆုံးအနှစ်ကုန်တဲ့အထိ လုပ်ရင်း ကြက်ဥလိပ်ဟာ တဖြည်းဖြည်းကြီးလာမယ်။ အားလုံးပြီးလို့ လိပ်ပြီးရင် အပြင်ဖက် နည်းနည်းရဲအောင် အပူပေးမယ်။ ပြီးရင် ယောင်းမနှစ်ခုနဲ့ ညှပ်ပြီး စဉ်းနီတုံးပေါ်တင်မယ်။
ထိပ်လေးကို အရင်လှီးပြီး ကျန်တဲ့အပိုင်းတွေ ဖြည်းဖြည်းလှီးမယ်။

၁၀။ လှီးထားတာကို ဓါးလေးနဲ့ယူပြီး ပန်းကန်ပေါ်တင်မယ်။ အလှဆင်ချင်ရင် အစောင်းကလေးတွေ တင်မယ်။ စားလို့လည်းကောင်း လှလည်းလှတဲ့ ကြက်ဥလိပ်လေး ရပါပြီနော်။


Read 202 times Last modified on Friday, 09 August 2019 15:35
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.