Wednesday, 07 August 2019 17:51

fda_0.jpg

မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ အစားအသောက်အမှတ်တံဆိပ်မှတ်ပုံတင်ရာတွင် အောက်ပါအချက်များ ပါဝင်ရမည်ဖြစ်သည်။

၁။ ထုတ်ပိုးထားသည့် အစားအသောက်တိုင်းသည် အမှတ်တံဆိပ်ပါရမည်။

၂။ အမှတ်တံဆိပ်ပေါ်ဖော်ပြချက်များအားလုံးသည် ထုတ်ပိုးထားသည့် အစားအသောက်နှင့် စပ်လျဉ်း၍ မှန်ကန်သော အချက်အလက်များဖြစ်ရမည်။ လွဲမှားစွာမှတ်ယူစေနိုင်သည့် ဖော်ပြမှုမျိုး မဖြစ်စေရ။

၃။ အမှတ်တံဆိပ်ပေါ်တွင် အောက်ပါတို့ပါရှိရပါမည်။

(က) အစားအသောက်၏အမည်၊

(ခ) ပါဝင်သောပစ္စည်းများ (ပါဝင်မှုပမာဏအလိုက် အများမှ အနည်းသို့ အစဉ်လိုက် ဖော်ပြရမည်။)

(ဂ) အသားတင်ပါဝင်မှု၊

(ဃ) ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူအမည်နှင့် လိပ်စာ၊

(င) ထုတ်လုပ်သည့်အပတ်စဉ်အမှတ်၊

(စ) ထုတ်လုပ်သည့်နေ့စွဲ၊

(ဆ) သက်တမ်းကုန်နေ့စွဲ၊

>>>ကော်ဖီအလွန်အမင်း စွဲလွန်းမှုကို ဘယ်လိုလျှော့ချမလဲ

၎။ တံဆိပ်ပေါ်၌ ဖော်ပြထားချက်များသည် သာမန်အခြေအနေ၌ မြင်နိုင်၊ ဖတ်လွယ်နိုင်ရမည်။

၅။ ပုံများ၊ ရုပ်ပုံများဖြင့် ဖော်ပြထားမှုသည် သက်ဆိုင်ရာ အစားအသောက်အား အခြားသော အစားအသောက်နှင့် လွဲမှားစွာ ယူဆခြင်းမျိုး မဖြစ်စေရ။

၆။ အမှတ်တံဆိပ်ကို မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် သော်လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့်သော်လည်းကောင်း ဖော်ပြနိုင်ရမည်။

>>> စားသောက်ကုန်နည်းပညာ သင်တန်းများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များ

၇။ အမှတ်တံဆိပ်သည် ထုတ်ပိုးထားသော အထုပ်ပေါ်မှ အလွယ်တကူ ကွာထွက်ခြင်းမျိုး မရှိစေရ။

၈။ အထုတ်ငယ်၏ အရွယ်အစားသည် ဖော်ပြရမည့် အချက်အလက်များအတွက် နေရာမလုံ လောက်သည့်အခါမျိုးတွင် အစားအသောက်အမည်နှင့် ထုတ်လုပ်သူ၏ အမည်ကို ယင်းအထုတ်ငယ် ပေါ်တွင် ဖော်ပြရန်နှင့် ကျန်ဖော်ပြရန် အချက်အလက်များကို ယင်းအထုတ်ငယ်များ စုစည်းထားသော အထုတ်ကြီးပေါ်တွင် ဖော်ပြရမည်။

Source : FDA Myanmar


Read 140 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.