Thursday, 25 July 2019 16:27

puttanesca-romana.jpg

ကမ္ဘာပေါ်မှာရှိသမျှ အစားအစာတွေထဲမှာ ပီဇာက နှစ်သက်စွဲလမ်းဖွယ်အကောင်းဆုံးအစားအစာဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

အမေရိကန်နိုင်ငံ မီချီဂန်တက္ကသိုလ်မှ သုတေသီတွေရဲ့ လေ့လာချက်အရ အစားအစာတွေထဲမှာ ပီဇာက လူကြိုက်အများဆုံး အစားအစာဖြစ်ပြီး ချောကလက်က ဒုတိယ၊ အာလူးကြော်ထုပ်တွေက တတိယ၊ ဘီစကစ်က စတုတ္တနဲ့ ရေခဲမုန့်က ပဉ္စမနေရာမှာ ရှိနေခဲ့ကြပါတယ်။

>>>ပီဇာအရောင်းဆိုင်များ

လူဦးရေ ၅၁၈ ဦးနဲ့ လေ့လာမှု ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အစားအစာတွေထဲမှာ နာမည်ကြားရုံနဲ့ မစားရရင် မနေနိုင်အောင် စွဲလမ်းစေတဲ့ အစားအစာတွေကို စာရင်းပြုစုခဲ့ကြရာမှာ ပီဇာကို အများစုက နှစ်သက်စွဲလမ်းကြောင်း ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။

>>> ချဉ်စပ်စပ်ပုဇွန်အစိမ်းသုပ်ကိုမှ ကြိုက်နှစ်သက်သူတွေ သိထားသင့်တဲ့အချက်များ

ပီဇာရဲ့ ပါဝင်ပစ္စည်းတွေနဲ့ မုန့်ဖုတ်နေချိန်မှာ ထွက်ရှိလာတဲ့အနံ့တွေက စွဲလမ်းစိတ်ကို ဖြစ်စေပြီး ဦးနှောက်မှာ သာယာကျေနပ်စေတဲ့အာရုံကို နိုးကြားဖြစ်ပေါ်စေတာကြောင့် လူကြိုက်များကြတာ ဖြစ်တယ်လို့ သုတေသီတွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

Source : Pyi Myanmar


Read 208 times Last modified on Thursday, 25 July 2019 17:29
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.