Rate this item
(3 votes)

      မြန်မာ့ရိုးရာထမင်းဆိုင်ဖြစ်ပြီး Yangon Food Villa ရဲ့ ဆိုင်ခွဲတစ်ခု ဖြစ်ပါတယ်။   မြန်မာထမင်းဟင်းကို ရိုးရာဟင်းနဲ့မှ စားချင်သူတွေအတွက် ဟင်းအမျိုးသုံးဆယ်လောက် ရရှိနိုင်ပြီး ကြက်ကာလသားချက်၊ကြက်ဂွေး  တောက်၊ ၀က်သားနီချက်၊ ၀က်ပုန်းရည်၊ ၀က်သားလက်ဖက်ဟင်း၊ ၀က်သားဒညင်းသီးချက်တွေအပြင် ရှယ် ငါးပိထောင်းတွေပါ ရနိုင်ပါသေးတယ်။   နံနက် ၁၀ နာရီကနေ ည ၈နာရီအထိ ကြက်၊ ၀က်၊ ငါး၊ ဆိတ်၊ ဘဲသား၊ အမဲ၊ ဘဲဥ၊ ငါးဖယ်ဟင်းတွေကို ရနိုင်ပြီး ကြက်သားဟင်းအမယ် ငါးမျိုး၊ ၀က် ငါးမျိုး၊ ငါးခေါင်းရခိုင်ချက်အပါအ၀င် ခုနှစ်မျိုး၊ အမဲ သုံးမျိုး၊ ဆိတ်သားနီချက်၊ ဆိတ်ဦးနှောက်အပါအ၀င်…

Rate this item
(2 votes)

နန့်ခမ်းသျှမ်း (Shan Noodle Shop )     မဟာမြတ်မုနိဘုရား၏ မြောက်ဖက်မုခ်ဘေးကပ်ရက်တွင် ရှိပြီး ရှမ်းအစားစာတွေဖြစ်တဲ့ ရှမ်းခေါက်ဆွဲ၊ ဆန်ပြား၊ ဆီချက်၊ ဆန်စီးတို့ ရရှိနိုင်ပြီး ကြက်ပေါင်း၊ ကြက်ရိုးသုပ်၊ ကြက်တောင်ပံသုပ်၊ ကြက်သားသုပ် တို့လည်း ရရှိနိုင်ပါတယ်။ ကျပ် ၈၀၀မှ ၁၅၀၀ အတွင်းသာ ကျသင့်မှာဖြစ်ပြီး အသီးဖျော်ရည်တွေကို ကျပ် ၆၀၀ ခန့်နဲ့ သောက်သုံးနိုင်ပါတယ်။ အအေး၊ပုလင်း၊ အချိုရည်တွေ ဖြစ်တဲ့ ကျွဲရိုင်း၊ ကိုကာကိုလာ၊ Sprite၊ Sunkit တို့ပါ ရရှိနိုင်ပြီး ကြံရည်၊ ဇီးကြံရည်၊ သံပုရာ၊ စတော်ဘယ်ရီ၊ ကမ္ဗလာဖျော်ရည်၊ ထောပတ်သီး၊ ကျောက်ကျော ဖျော်ရည်တွေပါ ရရှိနိုင်ပါတယ်။…

Rate this item
(2 votes)

စားသောက်ဆိုင်ငယ်လေးတစ်ဆိုင် ဖြစ်ပြီး  ဆေးကျောင်းအနီးမှာရှိလို့ ရောင်းကောင်းပါတယ်လို့ဆိုလာသူကတော့ အေးမေတ္တာနံကင် ထမင်းကြော်ဆိုင်ပဲဖြစ် ပါတယ်။ အနီးအနားမှာ ပြိုင်ဘက်စားသောက်ဆိုင်တွေမရှိတဲ့အတွက် အထိုက်အလျှောက်  ရောင်းကောင်းတယ်လို့ ဆိုပါတယ်။ အဓိကလမ်းမတစ်ခုဖြစ်တဲ့ ၇၃ လမ်းပေါ်က မင်္ဂလာဈေးနဲ့လည်း နီးပါတယ်။ ဒါ့အပြင် အစား အသောက်ကလည်း အရသာရှိပြီး ဈေးနှုန်းကလည်း သင့်တင့်မျှတတဲ့ အတွက် လာရောက်စားသုံးသူများတာ မဆန်းလှပါဘူး။ဆိုင်ဖုန်းနံပါတ်တွေကတော့ ၀၉-၉၁၀၅၇၄၀၄ နဲ့ ၀၉-၂၅၆၀၂၆၅၄၅ တို့ဖြစ်ကြပါတယ်။ ၇၄လမ်း၊ ၃၀x ၃၁လမ်းကြား မန္တလေးမြို့

Rate this item
(2 votes)

စိုးစံကဖေး( Soe San Cafe)       ဘုရားကြီးမြောက်ဖက်မုခ်မှာပဲ စိုးစံဆိုတဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင် ရှိပါသေးတယ်။ ဒီဆိုင်ဖွင့်တာ ဆယ်နှစ်နီးပါးရှိပြီလို့ ဆိုင်ပိုင်ရှင်က ပြောရင်း စိုးစံဆိုတဲ့နာမည်ကို ကြိုက်လို့ ဒီနာမည်ပေးဖြစ်တာပါ လို့ ပြောပါတယ်။   “တစ်ခါတလေ လူပါးတယ်။ နေ့ခင်းထက် ည ပိုစည်တယ်။ညဖက်ဆို  ဘောလုံးပွဲတွေ ပြပေးတယ် ။ စလောင်းလည်း တပ်ထားတယ်” လို့ ဆိုရင်း လက်ဖက်ရည်၊ ကော်ဖီ၊ နွားနို့၊ ဘလက်ခ်ကော်ဖီအပြင် တွဲဖက် စားသုံးလို့ရတဲ့ မုန့်အမယ်မျိုးစုံရရှိပါတယ်။ မနက်စာထမင်းကြော်အပြင် မုန့်ဟင်းခါး၊ မုန့်တီ၊ လက်ဖက်သုပ်၊ ဂျင်းသုပ်၊ ခရမ်းချဉ်သီးသုပ်တွေအပြင် ကြက်သားပေါက်စီ၊ ၀က်သားပေါက်စီ၊ ပဲ၊အုန်း၊…

Rate this item
(1 Vote)

သျှမ်းလက်ရာစားသောက်ဆိုင် ( Shan Let Yar Restaurant )   မန္တလေးမြို့ရဲ့ စည်ကားသောလမ်းဆုံလမ်းခွမှ အရသာကောင်း၊ လက်ရာကောင်း ကို နှစ်သက်ပြီး စားသုံးလိုသူများအတွက် လမ်းညွှန်လိုပါပါတယ်။ ဆိုင်ရဲ့နာမည်ကျော် မာလာဟင်း၊ မာလာပေါင်း၊ အကင်မျိုးစုံ နဲ့ ဟင်းမျိုးစုံ ရနိုင်သောဆိုင်ဖြစ်ပြီး ရှမ်းလူမျိုးတို့ကိုယ် တိုင် ပြုလုပ်သော ဟင်းလျာကို တည်ခင်းတာ ဖြစ်ပါ တယ်။ Menu တွင် ကြက်၊ ၀က်၊ ပုစွန်တို့နဲ့ နှစ်သက်ရာ တရုတ်ဟင်းမျိုးစုံကိုလည်း မှာယူနိုင်ကာ ကြက်၊၀က် အခြောက်ကြော် ၊အရွက်သုပ်မျိုးစုံမှာလည်း လူကြိုက်များပါတယ်။   အမည်ပေးပုံထူးခြားတဲ့ ဒေါ်လှကြည်ဟင်းကတော့ အသားကို ငရုတ်ဆီ ထည့်ကြော် ထားတဲ့ ဟင်း…

Rate this item
(1 Vote)

Donut King Coffee, Cake  & Bakery     ဆိုင်ထဲကို ၀င်ဝင်ချင်း သတိထားမိလိုက်တာက ဆိုင်နံရံမှာ Donut မုန့်တွေကို သစ်သားနဲ့ အလှဆင်ထားတာပဲ ဖြစ်ပါတယ်။ ဆိုင်ရဲ့ အခင်းအကျင်းကတော့ ရန်ကုန်က Donut ဆိုင် ပုံစံမျိုး ဖြစ်ပြီး မှန်ကောင်တာထဲမှာ Donut ရောင်စုံမုန့်မျိုးစုံကို စားချင့်စဖွယ်ခင်း ကျင်းပြသ ထားပါတယ်။   စားပွဲနဲ့ကုလားထိုင်တွေကို သပ်သပ်ရပ်ရပ် ခင်းကျင်းထားပြီး မန္တလေးမြို့က Donut ကို မြည်း စမ်းချင်တယ် ဆိုရင်တော့ Donut King ကို အရောက်သွားမှ ဖြစ်ပါလိမ့်မယ်။ ဆိုင်တည်နေရာ ၈၄လမ်း၊ ၃၂x၃၃လမ်းကြား ၊ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။