Rate this item
(2 votes)

Hot Pot (Mandalay Eats) Hot Pot might be a good choice for the dinner if the evening has a low temperature like this cold and windy November. Swimmering vegetables ( leafy greens, hearty greens, root greens, mushrooms, tofu, tomatoes, corn, winter melon and kebocha squash) , meat ( beef, lamb,…

Rate this item
(2 votes)

YKKO   မန္တလေးမြို့မှာလည်း ရန်ကုန်မြို့မှ နာမည်ကျော် YKKO ကြေးအိုးဆိုင်ကို ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဆိုင်ခွဲ လေးဆိုင်အနက်မှ လမ်း ၃ဝ ပေါ်က ဆိုင်ကတော့ နှစ်ထပ်နဲ့ ခြံဝင်းကျယ်ထဲမှာ ရှိပါတယ်။ YKKO ဆိုင်ရဲ့အဓိကအစားအစာကတော့ ကြေးအိုးဖြစ်ပြီး အမျိုးအစားသုံးမျိုး ရှိပါတယ်။ ရိုးရိုးကြေးအိုးနဲ့ ကြေးအိုး ဆီချက်၊ Home Made ကြေးအိုးတို့ ရနိုင်ပြီး ကြက်၊ဝက်၊ဝက်နံရိုး၊ ငါးဖယ်လုံး၊ ပုဇွန်၊ ပင်လယ်စာ စတာတွေနဲ့ရရှိနိုင်ပါတယ်။ ဒါ့အပြင် ကြာဇံ၊ ဂျုံ၊ ညှပ်၊ အရော၊ ဖက်ထုပ် အစရှိတာတွေ သုံးဆောင်နိုင်ပါတယ်။ ရန်ကုန်ဆိုင်တွေနဲ့ အရသာ ကွာခြားမှု မရှိဘဲ သုံးဆောင်နိုင်တာကတော့ မန္တလေးYKKO မှာ ဖြစ်ပါတယ်။…

Rate this item
(4 votes)

မမိုး အသုပ်ဆိုင် ရန်ကုန်ခေါက်ဆွဲသုပ်အား နှစ်သက်စွဲလမ်းကြသော စားသုံးသူများအား ဆိုင်လေးတစ်ဆိုင်နှင့် မိတ်ဆက်ပေးပါရစေ။ ၇၄ လမ်း ၊ ၃၂ x ၃၃ လမ်းတွင် ဖွင့်လှစ်ထားသော ဆိုင်လေးမှာ ဈေးနှုန်းသင့်တင့်မျှတ၍ လာရောက်စားသုံးသူများနှင့် ပြည့်လျက်ရှိသည်။ ဆိုင်ဖွင့်ချိန်မှာ ညနေ ၃ နာရီမှ ည ၇ နာရီ အထိဖြစ်သည်။ ရန်ကုန်ခေါက်ဆွဲသုပ်အပြင် အာပူလျှာပူ ၊ ကြာဆံသုပ် ၊ သခွားသီးသုပ် ၊ ရခိုင်မုန့်တီသုပ် တို့နှင့်၊ တွဲဖက်သုံးဆောင်နိုင်ရန် ငါးဖယ်ကြော်၊ ပဲပြားနှင့် အခြားအကြော်များအားလည်း မှာယူရရှိနိုင်ပါသည်။ ရန်ကုန်ခေါက်ဆွဲသုပ်တွင် ကျန်းမာရေးညီညွှတ်စေရန် အရောင်မပါသောဆော့ဖြင့်သာ သုပ်သည်။အချို့မှုန့် မသုံး၊ ဂျပန်နိုင်ငံမှ တင်သွင်းသော Katsuo Dashi…

Rate this item
(2 votes)

မြန်မာရိုးရာမုန့်အများစုသည် ဆန်ကြမ်းဖြင့်ပြုလုပ်လေ့ရှိပြီး အများအားဖြင့် အချိုကို ထန်းလျက်နှင့်သာ အသုံးပြုကြသည်။ မြန်မာမုန့်များမှာ ကောက်ညှင်းကျည်တောက်၊ ကြိတ်မုန့် ၊ ငှက်ပျောထုပ် ၊ စိန်ဖေကြီး ၊ ဆပ်သွားဖူးမုန့် ၊ ထန်းသီးမုန့်၊ ပြန်ပေါင်းထုပ်၊ ဘိန်းမုန့်၊ မုန့်ကျွဲသည်း၊ မုန့်စိမ်းပေါင်း၊ မုန့်ဆမ်း၊ မုန့်ပဲဆုပ်၊ မုန့်ပျားသလက်၊ မုန့်လုံးကြီးဆီစိမ်၊ မုန့်လက်ဆောင်း၊ မုန့်လင်မယား၊ မုန့်လိပ်ပြာ၊ မုန့်ဦးနှောက်၊ သာကူမျှင် စသည်တို့မှာ လူကြိုက်များသော မြန်မာ့ စားဖွယ်ရာများဖြစ်သည်။ ထန်းသီးမုန့်တွင် ရေစကြိုထန်းသီးမုန့်မှာ နာမည်ကြီးသည်။ ရေစကြိုထန်းသီးမုန့်၏ အရောင်မှာ တခြားဒေသများမှ ထွက်ရှိသော ထန်းသီးမုန့်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေခြင်းမဟုတ်ဘဲ အနည်းငယ်မျှ အဝါရောင်သန်း၏။ ရိုးရိုးနှင့်ရှယ်ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ ရှယ်ထန်းသီးမုန့်တွင် ကျောက်ကျောခြောက်များနှင့် အုန်းသီးကြော်များ…

Rate this item
(3 votes)

ဒေါ်ရင်ရင် (၂ ) - မြန်မာ ထမင်းဆိုင် ဒေါ်ရင်ရင်(၂)သည် မြန်မာထမင်းဟင်း နှစ်သက်သူတို့ အဖို့ သွားရောက်သုံးဆောင်သင့်သော ထမင်းဆိုင် တစ်ဆိုင်ဖြစ်ပါသည်။ နေ့စဉ် နံနက် ၇ နာရီမှ ည ၉နာရီ အထိ ဖွင့်လှစ်ရောင်းချလျက်ရှိပြီး၊ ဆိုင်၏ အပြင်အဆင်မှာ သန့်ရှင်းသပ်ရပ်၍ ဝန်ဆောင်မှုပိုင်းတွင် ချို့ယွင်းမှုမရှိရလေအောင် အလေးပေးထားသည်ကိုတွေ့ရသည်။ အဓိက ရောင်းချသော အစားအစာမှာ မြန်မာ ထမင်းဟင်းဖြစ်၍၊ ထမင်းတစ်ပွဲလျှင် 2200 ကျပ် ဖြစ်ပါသည်။ အဓိက ဟင်း လျာတစ်မျိုး ( ကြက်၊ ဝက် စသည်) ၊ အရံဟင်း လေးမျိုး ၊ အရည်သောက်နှစ်မျိုး ၊ ငါးပိရည်/…

Rate this item
(3 votes)

  ဂျပန်ရိုးရာ ဆူရှီကောင်းကောင်း သုံးဆောင်လိုသူများအတွက် လမ်းညွှန်ပေးပါရစေ။ ဗထူးကွင်းအနောက်ဘက်တိုက်တန်း (၇၁-လမ်း၊ ၂၉-လမ်းထောင့်၊) မှာ ဖွင့်လှစ်ထားတဲ့ ဂျပန်ရိုးရာ ဆူရှီ ဆိုင်ပါ။ နေ့စဉ် နံနက် 103း0 မှ ည 93း0 အချိန်အထိ ဖွင့်လှစ် ရောင်းချပေးလျက်ရှိပြီး လစဉ် 25ရက်နေ့တစ်ရက်ကိုတော့ ပိတ်ရက်အဖြစ် သတ်မှတ်ထားတာကို သတိပြုပါ။ အဓိက အစားအစာမှာ Sushi ဖြစ်ပြီး Sake အပါအဝင် တခြားသော ဂျပန်ရိုးးရာ သောက်စရာများအားလည်းတွဲဖက် ရောင်းချတာကို သိရပါတယ်။ Sushibar Nabe ( Hot Pot ) အား Beacon(အမဲသား) ၊ mushroom (မှို) ၊…