မန္တလေးလမ်းညွှန်မှာ သင့်စီးပွားရေးလုပ်ငန်း အချက်အလက်တွေကို အခမဲ့ ထည့်သွင်းလို့ ရတယ်ဆိုတာ သိပါသလား??
တတိယအကြိမ် Nobeo Cafe Seminar နဲ့ Business Networking ကို Mandalay Pullman Hotel မှာ နိုဝင်ဘာလ ၅ ရက်နေ့ နေ့လည် ၁ နာရီမှ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ချက်သမ္မတနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များကို မြန်မာနိုင်ငံဆိုင်ရာ ချက်သံအမတ် ဦးဆောင်၍ မေလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။
Hotel 76 ရဲ့ ၁၀ ထပ်ပေါ်က Sky Bar ကတော့ ၂၄ နာရီ ဖွင့်လှစ်ပြီး အးအေးဆေးဆေး၊သက်တောင့်သက် သာ စကားပြောလိုသူတွေအတွက် အဆင်ပြေပါတယ်။ ပြင်ပက အစားအသောက်နဲ့ ဈေးနှုန်းအများကြီး မကွာခြားဘဲ မှာယူသုံးဆောင်နိုင်ပြီး ဘီယာနဲ့ အချို့ အဖျော်ယမကာတွေပါ ရရှိနိုင်သလို နာမည်ကြီးအရက်အမျိုးအစားတွေကို အနည်းငယ် မှာယူရင်လည်း ရရှိနိုင်ပါ သေးတယ်။ ဟိုတယ်ရဲ့ ၀င်ဝင်ချင်းအပေါက်ကနေ ဓာတ်လှေကားနဲ့ ဆယ်လွှာကို တက်လာရုံပါပဲ။ အပေါ်ဆုံးထပ်ကနေ မန္တလေးမြို့ရဲ့Sunset နဲ့ ညရှုခင်းကို ခံစားရင်း အစားအသောက်တွေ မှာယူနိုင်ပါတယ်။ Sky Bar (Hotel 76) Corner of 33rd St…
စားသောက်ဆိုင်ငယ်လေးတစ်ဆိုင် ဖြစ်ပြီး ဆေးကျောင်းအနီးမှာရှိလို့ ရောင်းကောင်းပါတယ်လို့ဆိုလာသူကတော့ အေးမေတ္တာနံကင် ထမင်းကြော်ဆိုင်ပဲဖြစ် ပါတယ်။ အနီးအနားမှာ ပြိုင်ဘက်စားသောက်ဆိုင်တွေမရှိတဲ့အတွက် အထိုက်အလျှောက် ရောင်းကောင်းတယ်လို့ ဆိုပါတယ်။ အဓိကလမ်းမတစ်ခုဖြစ်တဲ့ ၇၃ လမ်းပေါ်က မင်္ဂလာဈေးနဲ့လည်း နီးပါတယ်။ ဒါ့အပြင် အစား အသောက်ကလည်း အရသာရှိပြီး ဈေးနှုန်းကလည်း သင့်တင့်မျှတတဲ့ အတွက် လာရောက်စားသုံးသူများတာ မဆန်းလှပါဘူး။ဆိုင်ဖုန်းနံပါတ်တွေကတော့ ၀၉-၉၁၀၅၇၄၀၄ နဲ့ ၀၉-၂၅၆၀၂၆၅၄၅ တို့ဖြစ်ကြပါတယ်။ ၇၄လမ်း၊ ၃၀x ၃၁လမ်းကြား မန္တလေးမြို့
မြန်မာ့ရိုးရာထမင်းဆိုင်ဖြစ်ပြီး Yangon Food Villa ရဲ့ ဆိုင်ခွဲတစ်ခု ဖြစ်ပါတယ်။ မြန်မာထမင်းဟင်းကို ရိုးရာဟင်းနဲ့မှ စားချင်သူတွေအတွက် ဟင်းအမျိုးသုံးဆယ်လောက် ရရှိနိုင်ပြီး ကြက်ကာလသားချက်၊ကြက်ဂွေး တောက်၊ ၀က်သားနီချက်၊ ၀က်ပုန်းရည်၊ ၀က်သားလက်ဖက်ဟင်း၊ ၀က်သားဒညင်းသီးချက်တွေအပြင် ရှယ် ငါးပိထောင်းတွေပါ ရနိုင်ပါသေးတယ်။ နံနက် ၁၀ နာရီကနေ ည ၈နာရီအထိ ကြက်၊ ၀က်၊ ငါး၊ ဆိတ်၊ ဘဲသား၊ အမဲ၊ ဘဲဥ၊ ငါးဖယ်ဟင်းတွေကို ရနိုင်ပြီး ကြက်သားဟင်းအမယ် ငါးမျိုး၊ ၀က် ငါးမျိုး၊ ငါးခေါင်းရခိုင်ချက်အပါအ၀င် ခုနှစ်မျိုး၊ အမဲ သုံးမျိုး၊ ဆိတ်သားနီချက်၊ ဆိတ်ဦးနှောက်အပါအ၀င်…