Saturday, 23 July 2016 11:02

Untitled 1

We Love Street (၁၉ လမ်း နှင့် ၈၂ လမ်း × ၈၃ လမ်းကြား)

ဒီတစ်ခါ ၁၉ လမ်း နှင့် ၈၂ လမ်း × ၈၃ လမ်းကြား တစ်လျှောက် ကို ခဏ သွားကြည့်ရအောင်။ လမ်းတိုတို လေးမှာ ဘာတွေများ ရှိနိုင်မလဲ လို့ တွေးမိတယ် ဆိုရင်တော့……………………………

ညောင်ပင်ဈေးကြီးရှိတယ်။ ခုနောက်ပိုင်း မှာ ဈေးကွက် ချဲ့ထွင် နေရာယူလာတဲ့ Co Co စတိုးရှိတယ်။ နောက် မန္တလေး မြို့ရဲ့ နာမည်ကြီး မင်းသီဟ လက်ဖက်ရည်ဆိုင်ရှိတယ်။ မင်းသီဟ လက်ဖက်ရည်ဆိုင်ဟာ ဈေးသူ၊ဈေးသားတွေ ၊ရုံးဝန်ထမ်းတွေ အများစု လာရောက် စားသောက် လေ့ရှိတဲ့ ဆိုင်တစ်ဆိုင် ဖြစ်သည်နှင့် အညီ ယင်း ရှိရာ ၁၉ လမ်းတစ်လျှောက်ဟာလည်း စည်ကားသက်ဝင်လျက် ရှိနေတယ်။

ဈေး နဲ့ ဘဏ် ဆိုတာ ခွဲ ထားလို့ ရတဲ့ အရာမျိုး မဟုတ်လေတော့ ၊ မြန်မာ့ ရှေ့ဆောင်ဘဏ် နဲ့ ညောင်ပင်ဈေး ဘဏ်ခွဲ တို့ကိုလည်း လမ်းတစ်လျှောက် ဖွင့်လှစ်ထားတာကို တွေ့မြင်နိုင်ပါတယ်။

လမ်းရဲ့ တစ်ဖက်ခြမ်းမှာ Mini Doctor လို့ နာမည် ပေးထားတဲ့ ကလေး မူကြို တစ်ခု ရှိတယ်။ ကလေး မူကြိုနဲ့ မလှမ်းမကမ်းမှာ Baby Boom (ကလေး စတိုး) နဲ့ U.S (ကလေး စတိုး) ဆိုပြီး ကလေးသုံး ပစ္စည်းတွေချည်းပဲ သီးသန့် ရောင်းချနေတဲ့ ကလေး ပစ္စည်း အရောင်းဆိုင်များမှာ ကလေးများအတွက် လိုအပ်သော ကစားစရာများ မှသည် အဝတ်အထည်များ အထိ ဝယ်ယူနိုင်ပါတယ်။ ကလေးများအတွက်သာမက ၊ ပိုးထည် ချည်ထည် နှစ်သက်သူများ အဖို့ ပိုးထည်/ချည်ထည် သီးသန့်ရောင်းချသော ယွန်းပိုးအိမ် လည်း ရှိပါတယ်။ Shwe Mam Store မှာလည်း လူကြီးဝတ်များ ဝယ်ယူနိုင်ပါတယ်။

မင်္ဂလာခန်းမ အနေနဲ့ သမတ ရှိပြီး ၊ မနီးမဝေး၌ ဖောင်လီ ဓါတ်ပုံတိုက်ကို တွေ့ နိုင်ပါတယ်။

နာမည်ကြီး စာရေးကိရိယာများ ရောင်းချသော Dozo ဆိုင်လည်း ရှိသေး၍ ၊ ကပ်လျက်တွင် ငုဝါ ကားလက်မှတ် အရောင်းဌာနအား တွေ့မြင်နိုင်သည်။ နောက်ထပ် နာမည်ကြီး UPG အိမ်သုတ်ဆး အားလည်း မင်းသီဟ လက်ဖက်ရည် ဆိုင်အနီးတွင် သွားရောက်ဝယ်ယူနိုင်ပါတယ်။

စိန်ရွှေ ရတနာဆိုင် နှင့် အပေါင်ဆိုင် တွဲဖွင့် ထားသော ထိုက်စံ ၊ မွန်ထရီ ရေခဲမုန့်တိုက် ၊ ကုမုဒြာ (အပ်ချူပ် ပစ္စည်း အမျိုးမျိုး ရောင်းဝယ်ရေး) ၊ မန်းရတနာ (မိတ္တူ) ၊ ပစ်တိုင်းထောင် (ဆိုင်ကယ်ရေဆေး ဆီလိုက်) နှင့် YE (ဆိုင်ကယ် အပိုပစ္စည်းဆိုင်) တို့အားလည်း အဆိုပါ လမ်းတစ်လျှောက် ဖွင့်လှစ်ထားရာ အရေးကြုံပါက ဝင်ရောက် နိုင်ပါရန် သတင်းကောင်း ပါးလိုက်ရပါတယ်။


Read 1029 times Last modified on Tuesday, 09 August 2016 08:54
Rate :
(2 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.