Thursday, 09 June 2016 10:24

we love st in 02

We Love Street (ဦးပွား ဂုံးကျော် နှင့် ၇၈ လမ်း)

မန္တလေးမြို့ သူ / သား တွေအဖို့ ဦးပွား ဂုံးကျော် အဆင်းတစ်လျှောက်ဆိုသည်မှာ အလှူ ၊ မင်္ဂလာပွဲများ အတွက် လိုအပ်သော ဆိုင်း ၊ ဘိသိက်များအား ရှာဖွေ ငှားရမ်း စုံစမ်းနိုင်သော နေရာတစ်ခု အဖြစ်သိရှိ မှတ်ယူထားကြသည် မဟုတ်ပါလား။

လမ်းဘေး ဝဲယာ တစ်လျှောက် ရှိ ကြော်ငြာ ဆိုင်းဘုတ်များတွင် နာမည်ရ ဆိုင်းဝိုင်းများအား မျက်စိ တစ်ဆုံး မြင်နိုင်ပါသည်။ မြန်မာပြည် စိန်လင်း (ဆိုင်း) ၊ မန္တလေး ဒိုးလတ် (ဘိသိက်) ၊ မြန်မာပြည် သွေးသစ် (ဆိုင်း) မှသည် အမြောက်အမြား ငှားရမ်း စုံစမ်းနိုင်ပါသည်။ 78 လမ်းမှ လာမည် ဆိုလျှင် ဝင်ဝင်ခြင်းရှိ red power (စက်သုံးဆီ ဆိုင်) ကြီးအား တွေ့မြင်ရမည် ဖြစ်သည်။ ထို ဆီဆိုင်၏ တစ်ဖက်တွင် ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်း (ချမ်း /တောင်)ရှိပြီး ၊ လမ်းတစ်လျှောက်လုံးရှိ စိတ်ဝင်စား စရာ အကောင်းဆုံး တစ်ခု မှာ လူမှု ဝန်ထမ်း ဦးစီးငှာနမှ ဖွင့်လှစ်ထားသည့် ကျောင်းဖြစ်ပြီး ၊ အဆိုပါ ကျောင်းမှာ နားမကြားသော ကလေးများ အတွက် သီးသန့် ဖွင့်လှစ်ထားသော ကျောင်းတစ်ခုဖြစ်ပါသည်။ ကျောင်း၏ ဘေးကပ်လျက်တွင် ဆိုင်ကယ် ရေဆေးဆီလိုက် ဆိုင်လေး တစ်ဆိုင်လည်း ဖွင့်လှစ်ထား၍ သင် အနေနဲ့ ရေဆေး ဆီလိုက် ပြုလုပ်လိုပါက လက်ဟန်ခြေဟန်ဖြင့် ဆက်သွယ်နိုင်ပါသည်။

လူစည်ကားရာ လမ်းတစ်လျှောက်ဖြစ်သဖြင့် အထပ် နှစ်ထပ်ဖြင့် ဖွင့်လှစ်ထားသော Fuji Mark သည်လည်း ဈေးဝယ်သူများဖြင့်  စည်ကားလျက်ရှိသည်။ စားသောက်ဆိုင်များ အနေဖြင့် သပ်ရပ်သော အပြင်အဆင်ရှိပြီး ယိုးဒယား အစားအစာများသာ ရောင်းချသော မဲခေါင် စားသောက်ဆိုင် ၊ အင်ပါယာ II ၊ စည်းစိမ်စံ ၊ ရတနာပုံ နှင့် မြန်မာ ထမင်းဟင်းသီးသန့်သာ ရောင်းချသော ရွှေနန်းတော်ဆိုင်တို့တွင် တစ်ခါတစ်ခေါက် ဝင်ရောက် မြည်းစမ်းကြည့်နိုင်သည်။

တိုင်းရင်းဆေးဝါး လက်လီ လက်ကားရောင်းချသော နာမည်ကြီး သိန်းမင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလည်းရှိ၍ ၊ ဖုန်းနှင့် အီလက်ထရောနစ်ဆိုင်များ ၊ဆေးဆိုင်များ၊ ဆေးခန်းများ ၊ ကုန်မာဆိုင်များ ၊ ပရိဘောဂ ရောင်းချသောဆိုင်များမှသည် အိမ်တွင်းအလှဆင် လုပ်ငန်းများအထိ ထိုလမ်းတစ်လျှောက်တွင် တွေ့နိုင်ပါသည်။

ပညာရေးနှင့် ပတ်သတ်သော သင်တန်းများအနေဖြင့် E.F.M (English Speaking Class) ၊ KUDOS (Bussiness School) များအား ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။


Read 1018 times Last modified on Tuesday, 09 August 2016 12:43
Rate :
(3 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.