Wednesday, 27 April 2016 11:25

4 we love st in

We Love Streets

ဒီလရဲ့ We Love Street ကဏ္ဍမှာ ဈေးဝယ်လို့ ကောင်းတဲ့ လမ်းတွေအကြောင်း သွားကြည့်ရအောင်။ မန္တလေးမြို့သည် ကျယ်ဝန်းသော မြို့တစ်မြို့ ဖြစ်ပြီး ၊ ရုတ်တရက် ကြည့်လိုက်လျှင် လမ်းတိုင်းပုံစံတူ ဟုထင်ရသည်။ သို့သော် အချို့လမ်းများကို လေ့လာကြည့်လျှင် လမ်းအစမှနေ အဆုံးအထိ မတူညီသော ပတ်ဝန်းကျင် ၊ အမျိုးမျိုးသော ဆိုင်ခန်းအဆောက်အဦးများဖြင့် စိတ်ဝင်စားဖွယ် တည်ရှိနေသည်ကို တွေ့မြင်ရပေမည်။ အောက်တွင် အဆိုပါ စိတ်ဝင်စားဖွယ် လမ်းများအနက် 26th လမ်း ၊ 78th လမ်း နှင့် 73rd လမ်းတို့အပေါ် ဖြတ်လျှောက်ကြည့်ရအောင်……………….

78 လမ်း

78 လမ်းတစ်လျှောက် လက်ညှိးထိုး မလွဲ စီးပွားရေးလုပ်ငန်းမျိုးစုံ ဆိုင်ကြီးဆိုင်ငယ် အသွယ်သွယ်အား တွေ့မြင်ရပေလိမ့်မည်။ လမ်းတစ်လျှောက်ရှိ ဆိုင်များတွင် မိမိ အလိုရှိရာ ပစ္စည်းများကို ရှာမတွေ့လျှင်တောင် 78 လမ်းပေါ်ရှိ စူပါ မားကတ်များပေါ်တွင် အလွယ်တကူ ၀င်ရောက် ၀ယ်ယူနိုင်သည်မှာလည်း 78 လမ်း၏ အားသာချက်တစ်ချက်ဖြစ်ပါသည်။

၁၉၉၃ ခုနှစ်ကတည်းက သားရေနှင့် ကတ္တီပါ ဖိနပ် မျိုးစုံကို ပြုလုပ်ရောင်းချပေးနေသော ဆိုင်ဖြစ်သည့် ဆင်ကိုးကောင် ဖိနပ်ဆိုင်မှာလည်း 78 လမ်းပေါ်မှာရှိပြီး ၊ ဆိုင်ခွဲများ တိုးချဲ့နေပြီး တိုးနယား နှင့် ရွှေကတ္တီပါ နာမည်များနှင့် ရောင်းချပေးလျက်ရှိပါသည်။

Shopping mall နှင့် စတိုးဆိုင်များချည်းလားဆိုတော့လည်း မဟုတ်သေးပါဘူး။ လက်မှု အနုပညာ ပစ္စည်းများကို ဖွင့်လှစ်ရောင်းချပေးနေသော မိုးသောက်ပန်း လက်မှုအနုပညာ အရောင်းဆိုင်ကလည်း အဆိုပါ 78 လမ်းပေါ်မှာ ပါပဲ။ မိုးသောက်ပန်း လက်မှုအနုပညာတွင် အဓိက လုပ်ငန်းမှာ ရွှေချည်ထိုး လုပ်ငန်းဖြစ်ပြီး ၊ ယွန်းထည် ပစ္စည်းမျိုးစုံကိုလည်း ၀ယ်ယူရရှိနိုင်ပါသည်။

မော လာလျှင်တော့ ဒိုင်းမွန်းပလာဇာ ပေါ်သို့သာ သွားရောက်အမောဖြေပါဟု ဆိုချင်ပါသည်။ အဆိုပါ ၇ ထပ်ရှိသော ပလာဇာကြီးတွင် အ၀တ်အစားမျိုးစုံ ၊ အီလက်ထရောနစ် ပစ္စည်းမျိုးစုံ ဆိုင်များ၊ ရုပ်ရှင်ရုံနှင့် ကလေးကစားကွင်းများ၊ ရုပ်ရှင်ရုံများ စသည်တို့အပါအ၀င် အိမ်ထောင်စု တစ်ခုလုံးနှင့် ဆိုင်သော ပစ္စည်းမျိုးစုံရရှိနိုင်သည့် နေရာတစ်ခုဖြစ်ပါသည်။

73 လမ်း

မန္တလေးတွင် တစ်ယောက်ယောက်က ပစ္စည်းတစ်ခုခုကို ဘယ်မှာ ၀ယ်ယူရရှိနိုင်သလဲလို့ မေးလိုက်သည်နှင့် အမေးခံရသူတိုင်း ၇၃ လမ်းကိုသာ ပြေးမြင်မိတတ်ကြသည်။ မန္တလေးမြို့ရိုး တောင်ဘက်မှ စတင်လာသော ၇၃ လမ်းတွင် အ၀တ်အစားဆိုင်များ ၊ စာရေးကိရိယာဆိုင်များ ၊ မော်တော်ဆိုင်ကယ်ဆိုင်များ ၊ ကျောက်မျက်ရတနာနှင့် အမှတ်တရ လက်ဆောင် ပစ္စည်းဆိုင်များ ဖြင့် ပြည့်လျက်ရှိသည်။

26 လမ်း

မန္တလေးမြို့၏ နာမည်ကြီး ဈေးချိုတော်သည်လည်း ၂၆ လမ်းတွင် ပေါ်တွင် တည်ရှိပြီး ၊ မန္တလေးမြို့ရိုးအထိပါ တစ်ဆက်တည်း ရောက်ရှိနိုင်သော လမ်းတစ်လမ်းဖြစ်သည်။ အဆိုပါ ဈေးချိုတော်ကြီးတွင် လည်း အ၀တ်အစားမျိုးစုံ ၊ အလှကုန် ပစ္စည်းမျိုးစုံ စီးပွားရေးလုပ်ငန်းများ စုံလင်လှသော လမ်းတစ်လမ်းဖြစ်သည်။ အီလက်ထရောနစ်ပစ္စည်းများ ၊ တူရိယာ ပစ္စည်းများအပြင် လက်ဖက်ခြောက်အဆုံး ပစ္စည်းအမျိုးအစားစုံလင်စွာ ရရှိနိုင်သော လမ်းတစ်ခု ဖြစ်သည်။ နာမည်ကြီး ကြံတိုင်းအောင် လွယ်အိတ် နှင့် ချည်ထည် လုပ်ငန်းကိုလည်း ၂၆ လမ်းတစ်လျှောက်တွင် တွေ့နိုင်ပါသည်။ ကြံတိုင်းအောင် လုပ်ငန်းမှာ ယခင်က လွယ်အိတ်ခုပ်ငန်းကိုသာ အဓိက လုပ်ကိုင်ခဲ့ပြီး၊ ယခု အခါ ချည်ထည် လုပ်ငန်းပါတိုးချဲ့လုပ်ကိုင်လာခြင်းဖြစ်သည်။ နိုင်ငံခြားစတိုင် အ၀တ်အထည် ပုံစံများကို မြန်မာမှုနှင့် တွဲဖက်၍ လွယ်အိတ်နှင့် အ၀တ်အထည်များကို ဒီဇိုင်းပုံစံစုံစွာဖြင့် မြန်မာတစ်နိုင်ငံလုံးသို့ ပြုလုပ်ရောင်းချပေးလျက်ရှိသည်။ လက်ဖက်ခြောက်လုပ်ငန်းအနေဖြင့် ရွှေပြည်ဝင်း လက်ဖက်ခြောက်လုပ်ငန်းရှိပြီး ၊ ၁၉၈၂ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး ၊ ရေနွေးကြမ်းအတွက်လက်ဖက်ခြောက်အပြင် ၊ လက်ဖက်ရည်ဆိုင်များအတွက် အချို ၊ အဖန် ၊လက်ဖက်ခြောက်များအထိ ရောင်းချပေးလျက်ရှိသည်။


Read 1165 times Last modified on Wednesday, 10 August 2016 09:06
Rate :
(4 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.