Wednesday, 30 December 2015 10:25

sedona in

Sedona Hotel

Sedona Hotel သည် မန္တလေးမြို့၏ ဂုဏ်ဆောင် နန်းမြို့ရိုးနှင့် ကျူံးအား မျက်နှာမူ၍ ဆောက်လုပ် ဖွင့်လှစ်ထားသော ဟိုတယ် တစ်ခု ဖြစ်သော ကြောင့် မျက်နှာစာ ရှူ့ခင်းများမှာ အထူးပြောရန်မလိုပေ။ သန့်ရှင်း သပ်ရပ်သော ရေကူးကန် ၊ Gym ၊ Massage စသည့် Facilities အပြည့်အစုံ ပါရှိမှုသည် ဆီဒိုးနား ဟိုတယ် ၏ ဆွဲဆောင်မှု တစ်ခုပင်ဖြစ်သည်။ ဆီဒိုးနား ဟိုတယ်၏ ထူးခြားချက်မှာ ငွေပေးချေ ရာတွင် credit card အသုံးပြု၍ ပေးချေနိုင်သော စနစ် ပင်ဖြစ်သည်။

လေအေးပေးစက် တပ်ဆင်ထားသော အခန်းများမှာ သန့်ရှင်း ကျယ်ဝန်း၍ှSatellite တပ်ဆင်ပေးထားသည်။ Buffet breakfast ၊ buffet dinner သုံးဆောင်နိုင်သည့် အပြင် French red Wine လည်း မှာယူသုံးဆောင်နိုင်သည်။ Bar area တွင် ကျောက်မျတ် ဖြင့် ပြုလုပ်ထားသော (အမှတ်တရ) ပစ္စည်းများလည်း ၀ယ်ယူနို်င်သည်။

Club Lounge ၏ Happy hour တွင် Alcohol ရောင်းချခြင်း မပြုပေ။ ညပိုင်းတွင် ကပွဲ များနှင့် မြန်မာ့ရိုးရာ ရုပ်သေးပွဲများကို ကြည့်ရှူ့နိုင်သည်။

အခန်းအမျိုးအစားပေါ်လိုက်၍ USD 135 ~ 287 အထိ ကျသင့်နိုင်ပါသည်။

Sedona Hotel – ၂၆ လမ်း- ၆၆ လမ်း (၀၂ ၃၆၄၈၈)


Read 2174 times
Rate :
(3 votes)

5 comments

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.