Saturday, 12 September 2020 13:24
phone-802125_960_720.jpg
By Thant ''
တစ်ခါတလေ Smartphone တွေမှာ ပါဝင်တဲ့ Sensor တွေက ကင်မရာတစ်လုံးမှာပါဝင်တဲ့ Sensor တွေထက် သေးငယ်တာကြောင့် ညဘက်မှာ ဓာတ်ပုံကောင်းကောင်း တစ်ပုံ ရဖို့အတွက် အလင်းကောင်းကောင်း မရတာမျိုး၊ Phone မှာရှိတဲ့ အလင်းကလည်း ပုံကောင်းထွက်ဖို့ မလုံလောက်တာမျိုးတွေက ဖြစ်တတ်ပါတယ်။
အဲ့ဒါကြောင့် ညဘက်မှာ ဓာတ်ပုံကောင်းကောင်းတစ်ပုံရဖို့ ကင်မရာ အကြီးကြီးတွေ Lighting တွေမလိုပါဘူး။ ကိုယ့်မှာရှိတဲ့ ဖုန်းနဲ့ပဲ ဓာတ်ပုံကောင်းတွေရဖို့ ဘာတွေက အဓိကကျလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
(၁) အလင်းရောင် (Exposure)
ညအချိန်မှာ ပုံကောင်းတစ်ပုံ ရဖို့ဆိုရင် အလင်းရောင်ကိုချိန်ပေးရပါတယ်။ ဖုန်းရဲ့ Camera မှာပါတဲ့ Exposure ကိုထိန်းညှိပေးရုံနဲ့ ဓာတ်ပုံကောင်းတစ်ပုံ ရနိုင်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ Android ဖုန်းတွေမှာ Exposure အလိုလျောက် ထိန်းညှိပေးတဲ့ စနစ်ကို ထည့်သွင်းပေးလာကြပေမယ့် IOS ဖုန်းတွေမှာတော့ ပါဝင်ထားတာ မရှိသေးပါဘူး။
(၂) Nightmode
အခုနောက်ပိုင်း ဖုန်းတွေမှာတော့ ညအချိန်ရောက်တဲ့အခါ Camera မှာ ကြည်လင်ပြတ်သားစွာ မြင်နိုင်ဖို့အတွက် Nightmode ကို ထည့်သွင်းပေးထားကြပါတယ်။ အကယ်၍ ကိုယ်ကExposure ကိုထိန်းညှိရတာ အဆင်မပြေတဲ့ အခါ အလိုလျောက်ပါပြီးသား ဖြစ်တဲ့ Nightmode ကိုအသုံးပြုပြီး ပုံကောင်းတစ်ပုံကို ရိုက်လို့ရပါတယ်။
(၃) Tripod ( ဖုန်းတင်ထောက်တံ )
ညဘက်မှာ Nightmode ကိုသုံးပြီး ဓာတ်ပုံရိုက်တဲ့အခါ ပုံမှန်ရိုက်နေကြ မဟုတ်တာကြောင့် Phone ကိုငြိမ်အောင်ထားပြီမှ ရိုက်မယ်ဆိုရင် ပုံကောင်းရနိုင်ပါတယ်။ အဲ့ဒါကြောင့် ဖုန်းကို Tripods မှာထောင်ပြီး ရိုက်ကြည့်ပါ ပုံမှန်ရိုက်နေကြပုံစံထပ် အဆင်ပြေတာက်ို တွေ့ရပါလိမ့်မယ်။
(၄) ရိုက်ထားတဲ့ပုံတွေ အတွက် Editing App များ
ဖုန်းနဲ့ရိုက်ထားတဲ့ Raw Photo တွေကို အကောင်းဆုံး ဖြစ်စေဖို့အတွက်တော့ Editing App တွေကို အသုံးပြုရပါမယ်။ အလင်းအမှောင် အတွက် အကောင်းဆုံး App တစ်ခုဖြစ်တဲ့ Adobe Lightroom App ကိုအသုံးပြုပါ။ တခြား Exposure တွေအတွက်တော့ Snapseed App ကိုအသုံးပြုဖို့ကို တိုက်တွန်းလိုက်ပါတယ်။
================================
By Thant ''
(၁) အလင်းရောင် (Exposure)
(၂) Nightmode
Read 60 times
Rate :
(0 votes)
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.