Tuesday, 08 September 2020 15:22

9b2c0aee-728b-11ea-ab8f-988daf8efd6f_image_hires_220944.jpg

By Thant''
COVID-19 ရောဂါသည် လေထဲမှတစ်ဆင့် ကူးစက်တတ်သော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး ယင်းအား ထိန်းချုပ်ကာကွယ်ရန် ထုတ်ပြန်ချက်များနှင့် စည်းမျဥ်းစည်းကမ်းများကို တိုးမြှင့်ပြန်ကြားလျက် ရှိပေသည်။

သို့ရာတွင် ပြည်သူများအနေဖြင့် အစိုးရမှ ထုတ်ပြန်ထားသော တစ်နိုင်ငံလုံးဆိုင်ရာ COVID-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး ဥပဒေများကို သိထားရန် လိုအပ်သည်။

ထို့ကြောင့် COVID-19 ကာကွယ်ရေး ဥပဒေများကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါသည်။

ရာဇသတ်ကြီးဥပဒပုဒ်မ (၂၆၉)
ယခုဥပဒေသည်

  • မည်သူမဆို အသက်အန္တရာယ် ဖြစ်စေတတ်သည့် ကူးစက်ရောဂါအား ပြန့်ပွားစေလျှင်သော် လည်းကောင်း၊
  • ပြန့်ပွားအောင် ပြုလုပ်သူကို သိသော်လည်း အကြောင်းမကြားလျှင်သော် လည်းကောင်း၊
  • သင်၏ ပေါ့လျော့မှုကြောင့် ရောဂါ ပြန့်ပွားစေခဲ့လျှင် လည်းကောင်း၊

သင်သည် ထောင်ဒဏ် ခြောက်လအထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ (၂၇၀)
ယခုဥပဒေသည်

  • မည်သူမဆို အသက်အန္တရာယ် ဖြစ်စေတတ်သည့် ကူးစက်ရောဂါအား ပြန့်ပွားစေလျှင်သော် လည်းကောင်း၊
  • ပြန့်ပွားအောင် ပြုလုပ်သူကို သိသော်လည်း အကြောင်းမကြားလျှင်သော် လည်းကောင်း၊
  • သင့်အား ရောဂါပြန့်ပွားစေသူဟု သက်ဆိုင်ရာ ဌာနများမှ သံသယ ရှိလျှင်သော်လည်းကောင်း

သင်သည် ထောင်ဒဏ် (၂)နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်သည်။

Design-Myint-ThanSignboard-Makers_0662.png

သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ( ၂၆)
ယခုဥပဒေသည် မည်သူမဆို ဤဥပဒေအရ တာဝန်ပေးခြင်းခံရသည့် ဌာန၊ အဖွဲ့အစည်း (သို့မဟုတ်) ပုဂ္ဂိုလ်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတစ်ရပ် စီမံဆောင်ရွက်သည်ကို

  • နှောက်ယှက်ခြင်း၊
  • တားဆီးခြင်း၊
  • ဟန့်တားခြင်း၊
  • လက်ရောက်မှု ကျူးလွန်ခြင်း (သို့မဟုတ်) ပြစ်မှုမကင်းသော အနိုင်အထက်ပြုမူခြင်း နှင့်
  • ထိုကဲ့သို့ ပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်

(၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်သည်။

သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ( ၂၇)
မည်သူမဆို အများပြည်သူ အထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့်

  • သဘာဝဘေး အန္တရာယ်နှင့် စပ်လျဉ်း၍ မဟုတ်မမှန်သော သတင်းလွှင့်လျှင် လည်းကောင်း၊
  • ယင်းကဲ့သို့ သတင်းထုတ်လွှင့်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်သော် လည်းကောင်း

ယခု ဥပဒေအရ (၁)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်း ခံရမည် ဖြစ်သည်။

သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ( ၂၈)
ဤဥပဒေသည်

  • တာဝန်ပေးအပ်ခြင်း ခံရသည့် မည်သူမဆို ပေးအပ်သောတာဝန်ကို ထမ်းဆောင်ရန် တမင်ပျက်ကွက်ပါက (၁)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်း ခံရမည် ဖြစ်သည်။

သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ( ၂၉)
ဤဥပဒေအရ

  • အစိုးရမှ ထုတ်ပြန်သော နည်းဥပဒေများ၊ အမိန့်ကြေညာစာနှင့် အမိန့်တို့တွင် ပါဝင်သော တားမြစ်ချက်များအား ဖောက်ဖျက်လျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည် ဖြစ်သည်။

သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ( ၃၀ )
မည်သူမဆို အောက်ဖော်ပြပါ အချက်များကို ပြုလုပ်လျှင် (သို့မဟုတ်) ပျက်ကွက်လျှင် (၁)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်း ခံရမည်။

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု တစ်ရပ်ရပ်ကို ညွှန်ကြားချက်အတိုင်း လိုက်နာရန် တမင်ပျက်ကွက်ခြင်း၊
  • အစိုးရမှ ထောက်ပံ့သည့် စားနှပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေး ပစ္စည်းများအား အသုံးပြုခြင်း၊ ရောင်းဝယ်ခြင်း၊ တားဆီးခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊
  • အစိုးရမှ ပေးသော စားနှပ်ရိက္ခာနှင့် ကယ်ဆယ်ရေး ပစ္စည်းများ၊ ပြန်လည်ထူထောင်ရေး ပစ္စည်းများ၊ ထောက်ပံ့ငွေများကို လိမ်လည် တောင်းယူခြင်း၊

DiamondCar-Radiator-Repair_0180.png

သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ( ၁၅ )
ဤဥပဒေအရ မည်သူမဆို

  • ကျန်းမာရေးဦးစီးဌာန၏ ဆောင်ရွက်ချက် တစ်စုံတစ်ရာကို လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ် ကျပ် (၁,၀၀၀) အထိ ချမှတ်ခြင်း ခံရမည် ဖြစ်သည်။

သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ( ၅ ) အပိုဒ်ခွဲ (ဈ)
ယခုဥပဒေသည် မည်သူမဆို

  • ကူးစက်မြန်ရောဂါ ဖြစ်ပွားကူးစက် ပြန့်နှံ့စေသော (သို့) ဖြစ်ပွားကူးစက် ပျံ့နှံ့စေသည်ဟု သံသယဖြစ်ဖွယ်ရှိသော အစားအသောက်များကို ရောင်းချခြင်း မပြုရန် သော်လည်းကောင်း၊
  • ယင်းအစားအသောက်များကို ထုတ်လုပ်ရောင်းချသော အလုပ်ရုံ၊ စက်ရုံ၊ အလုပ်ဌာန၊ ဈေး သို့မဟုတ် ဆိုင်ကို ပိတ်စေရန်သော်လည်းကောင်း

ညွှန်ကြားထားသည်ကို ပျက်ကွက်ပါက (၁)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည် ဖြစ်သည်။

သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ( ၉ )
အိမ်ထောင်ဦးစီး (သို့မဟုတ်) အိမ်ထောင်စုဝင် တစ်ဦးဦးသည် အောက်ပါကိစ္စ တစ်ရပ်ရပ် ဖြစ်ပွားပါက အနီးစပ်ဆုံး ကျန်းမာရေးဌာန (သို့မဟုတ်) ဆေးရုံသို့ ချက်ချင်းတိုင်ကြားရမည်။ လိုက်နာမှုမရှိပါက ထောင်ဒဏ် (၆) လ အထိဖြစ်စေ၊ ငွေဒဏ် ကျပ် (၁၀,၀၀၀) အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်း ခံရမည် ဖြစ်သည်။

  • ကြွက်ကျခြင်း
  • အဓိက ကူးစက်မြန်ရောဂါ ဖြစ်ပွားခြင်း
  • တိုင်ကြားရမည့် ကူးစက်ရောဂါ ဖြစ်ပွားခြင်း
  • ကူးစက်မြန်ရောဂါကို ဆေးကုသရာ၌ တွေ့ရှိခြင်း

Byamar-MinThingans--Monks-Utensils_0479.png

=======================================
By Thant''
COVID-19 ေရာဂါသည္ ေလထဲမွတစ္ဆင့္ ကူးစက္တတ္ေသာ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါတစ္မ်ိဳးျဖစ္ၿပီး ယင္းအား ထိန္းခ်ဳပ္ကာကြယ္ရန္ ထုတ္ျပန္ခ်က္မ်ားႏွင့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို တိုးျမႇင့္ျပန္ၾကားလ်က္ ရွိေပသည္။

သို႔ရာတြင္ ျပည္သူမ်ားအေနျဖင့္ အစိုးရမွ ထုတ္ျပန္ထားေသာ တစ္ႏိုင္ငံလုံးဆိုင္ရာ COVID-19 ေရာဂါျပန႔္ပြားမႈ ထိန္းခ်ဳပ္ေရး ဥပေဒမ်ားကို သိထားရန္ လိုအပ္သည္။

ထို႔ေၾကာင့္ COVID-19 ကာကြယ္ေရး ဥပေဒမ်ားကို ေအာက္ပါအတိုင္း ေဖာ္ျပေပးလိုက္ပါသည္။

ရာဇသတ္ႀကီးဥပဒပုဒ္မ (၂၆၉)
ယခုဥပေဒသည္

  • မည္သူမဆို အသက္အႏၲရာယ္ ျဖစ္ေစတတ္သည့္ ကူးစက္ေရာဂါအား ျပန႔္ပြားေစလွ်င္ေသာ္ လည္းေကာင္း၊
  • ျပန႔္ပြားေအာင္ ျပဳလုပ္သူကို သိေသာ္လည္း အေၾကာင္းမၾကားလွ်င္ေသာ္ လည္းေကာင္း၊
  • သင္၏ ေပါ့ေလ်ာ့မႈေၾကာင့္ ေရာဂါ ျပန႔္ပြားေစခဲ့လွ်င္ လည္းေကာင္း၊

သင္သည္ ေထာင္ဒဏ္ ေျခာက္လအထိ ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ခံရႏိုင္သည္။

ရာဇသတ္ႀကီးဥပေဒပုဒ္မ (၂၇၀)
ယခုဥပေဒသည္

  • မည္သူမဆို အသက္အႏၲရာယ္ ျဖစ္ေစတတ္သည့္ ကူးစက္ေရာဂါအား ျပန႔္ပြားေစလွ်င္ေသာ္ လည္းေကာင္း၊
  • ျပန႔္ပြားေအာင္ ျပဳလုပ္သူကို သိေသာ္လည္း အေၾကာင္းမၾကားလွ်င္ေသာ္ လည္းေကာင္း၊
  • သင့္အား ေရာဂါျပန႔္ပြားေစသူဟု သက္ဆိုင္ရာ ဌာနမ်ားမွ သံသယ ရွိလွ်င္ေသာ္လည္းေကာင္း

သင္သည္ ေထာင္ဒဏ္ (၂)ႏွစ္အထိျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ခံရမည္ ျဖစ္သည္။

Design-Myint-ThanSignboard-Makers_0662.png

သဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ( ၂၆)
ယခုဥပေဒသည္ မည္သူမဆို ဤဥပေဒအရ တာဝန္ေပးျခင္းခံရသည့္ ဌာန၊ အဖြဲ႕အစည္း (သို႔မဟုတ္) ပုဂၢိဳလ္အား သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈတစ္ရပ္ စီမံေဆာင္႐ြက္သည္ကို

  • ေႏွာက္ယွက္ျခင္း၊
  • တားဆီးျခင္း၊
  • ဟန႔္တားျခင္း၊
  • လက္ေရာက္မႈ က်ဴးလြန္ျခင္း (သို႔မဟုတ္) ျပစ္မႈမကင္းေသာ အႏိုင္အထက္ျပဳမူျခင္း ႏွင့္
  • ထိုကဲ့သို႔ ျပဳေၾကာင္း ျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္

(၂)ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ခံရမည္ ျဖစ္သည္။

သဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ( ၂၇)
မည္သူမဆို အမ်ားျပည္သူ အထိတ္တလန႔္ ျဖစ္ေစရန္ ရည္႐ြယ္ခ်က္ျဖင့္

  • သဘာဝေဘး အႏၲရာယ္ႏွင့္ စပ္လ်ဥ္း၍ မဟုတ္မမွန္ေသာ သတင္းလႊင့္လွ်င္ လည္းေကာင္း၊
  • ယင္းကဲ့သို႔ သတင္းထုတ္လႊင့္ေၾကာင္း ျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္ေသာ္ လည္းေကာင္း

ယခု ဥပေဒအရ (၁)ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ျခင္း ခံရမည္ ျဖစ္သည္။

သဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ( ၂၈)
ဤဥပေဒသည္

  • တာဝန္ေပးအပ္ျခင္း ခံရသည့္ မည္သူမဆို ေပးအပ္ေသာတာဝန္ကို ထမ္းေဆာင္ရန္ တမင္ပ်က္ကြက္ပါက (၁)ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ျခင္း ခံရမည္ ျဖစ္သည္။

သဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ( ၂၉)
ဤဥပေဒအရ

  • အစိုးရမွ ထုတ္ျပန္ေသာ နည္းဥပေဒမ်ား၊ အမိန႔္ေၾကညာစာႏွင့္ အမိန႔္တို႔တြင္ ပါဝင္ေသာ တားျမစ္ခ်က္မ်ားအား ေဖာက္ဖ်က္လွ်င္ တစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ျခင္းခံရမည္ ျဖစ္သည္။

သဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ( ၃၀ )
မည္သူမဆို ေအာက္ေဖာ္ျပပါ အခ်က္မ်ားကို ျပဳလုပ္လွ်င္ (သို႔မဟုတ္) ပ်က္ကြက္လွ်င္ (၁)ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ျခင္း ခံရမည္။

  • သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ တစ္ရပ္ရပ္ကို ၫႊန္ၾကားခ်က္အတိုင္း လိုက္နာရန္ တမင္ပ်က္ကြက္ျခင္း၊
  • အစိုးရမွ ေထာက္ပံ့သည့္ စားႏွပ္ရိကၡာႏွင့္ ကယ္ဆယ္ေရးပစၥည္းမ်ား၊ ျပန္လည္ထူေထာင္ေရး ပစၥည္းမ်ားအား အသုံးျပဳျခင္း၊ ေရာင္းဝယ္ျခင္း၊ တားဆီးျခင္း သို႔မဟုတ္ ဖ်က္ဆီးျခင္း၊
  • အစိုးရမွ ေပးေသာ စားႏွပ္ရိကၡာႏွင့္ ကယ္ဆယ္ေရး ပစၥည္းမ်ား၊ ျပန္လည္ထူေထာင္ေရး ပစၥည္းမ်ား၊ ေထာက္ပံ့ေငြမ်ားကို လိမ္လည္ ေတာင္းယူျခင္း၊

DiamondCar-Radiator-Repair_0180_1.png

သဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ( ၁၅ )
ဤဥပေဒအရ မည္သူမဆို

  • က်န္းမာေရးဦးစီးဌာန၏ ေဆာင္႐ြက္ခ်က္ တစ္စုံတစ္ရာကို လိုက္နာရန္ ပ်က္ကြက္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ထိုသူကို ေငြဒဏ္ က်ပ္ (၁,၀၀၀) အထိ ခ်မွတ္ျခင္း ခံရမည္ ျဖစ္သည္။

သဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ( ၅ ) အပိုဒ္ခြဲ (ဈ)
ယခုဥပေဒသည္ မည္သူမဆို

  • ကူးစက္ျမန္ေရာဂါ ျဖစ္ပြားကူးစက္ ျပန႔္ႏွံ႔ေစေသာ (သို႔) ျဖစ္ပြားကူးစက္ ပ်ံ႕ႏွံ႔ေစသည္ဟု သံသယျဖစ္ဖြယ္ရွိေသာ အစားအေသာက္မ်ားကို ေရာင္းခ်ျခင္း မျပဳရန္ ေသာ္လည္းေကာင္း၊
  • ယင္းအစားအေသာက္မ်ားကို ထုတ္လုပ္ေရာင္းခ်ေသာ အလုပ္႐ုံ၊ စက္႐ုံ၊ အလုပ္ဌာန၊ ေဈး သို႔မဟုတ္ ဆိုင္ကို ပိတ္ေစရန္ေသာ္လည္းေကာင္း

ၫႊန္ၾကားထားသည္ကို ပ်က္ကြက္ပါက (၁)ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ျခင္းခံရမည္ ျဖစ္သည္။

သဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ( ၉ )
အိမ္ေထာင္ဦးစီး (သို႔မဟုတ္) အိမ္ေထာင္စုဝင္ တစ္ဦးဦးသည္ ေအာက္ပါကိစၥ တစ္ရပ္ရပ္ ျဖစ္ပြားပါက အနီးစပ္ဆုံး က်န္းမာေရးဌာန (သို႔မဟုတ္) ေဆး႐ုံသို႔ ခ်က္ခ်င္းတိုင္ၾကားရမည္။ လိုက္နာမႈမရွိပါက ေထာင္ဒဏ္ (၆) လ အထိျဖစ္ေစ၊ ေငြဒဏ္ က်ပ္ (၁၀,၀၀၀) အထိျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ျခင္း ခံရမည္ ျဖစ္သည္။

  • ႂကြက္က်ျခင္း
  • အဓိက ကူးစက္ျမန္ေရာဂါ ျဖစ္ပြားျခင္း
  • တိုင္ၾကားရမည့္ ကူးစက္ေရာဂါ ျဖစ္ပြားျခင္း
  • ကူးစက္ျမန္ေရာဂါကို ေဆးကုသရာ၌ ေတြ႕ရွိျခင္း 

Byamar-MinThingans--Monks-Utensils_0479.png

 


Read 56 times Last modified on Tuesday, 08 September 2020 23:14
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.