Tuesday, 08 September 2020 15:00
tmi-online-mandarin-chinese-classes-1.jpg
By Thant ''
COVID ကာလအတွင်းမှာ ကျောင်းတွေ ယာယီပိတ်ထားတာကြောင့် ကျောင်းသူ၊ ကျောင်းသားတွေ တော်တော်များများ အိမ်မှာပဲ နေကြရပါတယ်။ အခုလို ကျောင်းတွေ ပြန်မဖွင့်သေးတဲ့ အချိန်မှာ ကိုယ့်အတွက် အကျိုးရှိစေမယ့် အရာတစ်ခုခုကို ပြုလုပ်သင့်ပါတယ်။
သင်ကြားမှု စနစ်တွေ ခေတ်မီတိုးတက် ပြောင်းလဲလာတာနဲ့အမျှ မိမိသင်ယူလိုသမျှကို အင်တာနက်ရှိရုံနဲ့ အလွယ်တကူ သင်ယူနိုင်ပြီ ဖြစ်ပါတယ်။ ဘာသာစကားတစ်ခုခု သင်ယူချင်တဲ့ သူတွေအတွက် တရုတ်စာကို အွန်လိုင်းကတစ်ဆင့် သင်ယူနိုင်မယ့် တရုတ်ဘာသာစကား သင်တန်းကျောင်းတွေကို ပြောပြပေးလိုက်ပါတယ်။
Daw Lin Lin Chinese Class
ဒီသင်တန်းကျောင်းကတော့ ဆရာမလင်းလင်း ကိုယ်တိုင် အွန်လိုင်းစနစ်နဲ့ သင်ကြားပေးနေတာဖြစ်ပြီး တခြားသင်တန်းကျောင်းတွေနဲ့ မတူဘဲ Zoom Application ကိုသာ အဓိက အသုံးပြုပြီး သင်ကြားပေးနေတာ ဖြစ်တာကြောင့် အချိန်ပေးနိုင်ပြီး သင်ကြားနိုင်တဲ့ သူတွေအတွက် သင့်လျော်ပါတယ်။
သင်တန်းကျောင်း - Daw Lin Lin Chinese Class
Phone - 09 730 485 38
Shwe-Ohn-TheeWarehouses-Coconut--Banana_0209.png
LearnMyanmar
LearnMyanmar သင်တန်းကျောင်းကတော့ စတင်ဖွင့်လှစ်တဲ့ အချိန်ကတည်းက တရုတ်စာကို Online စနစ်ကိုသာ အသုံးပြုပြီး သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ဆရာ ကျော်စိုးထက်မှ သင်ကြားပေးနေတာ ဖြစ်ပြီး Speaking ကလွဲလို့ တခြား Grammmar, Reading, Writing နဲ့ Exercises တွေကို PDF File တွေ အသုံးပြု သင်ကြားပေးတာဖြစ်လို့ အချိန်အရမ်းပေးစရာမလိုဘဲ ကျောင်းသားတွေသာမက၊ အလုပ်လုပ်နေတဲ့ သူတွေပါ တက်ရောက််နိုင်ပါတယ်။
သင်တန်းကျောင်း - LearnMyanmar
Phone - 09 765 415 581
CSK Chinese Language Center
ဒီသင်တန်းကျောင်းကလည်း တရုတ်စာကို Speaking ကလွဲလို့ တခြား Grammmar, Reading, Writing နဲ့ Exercises တွေကို PDF နဲ့သင်ကြားနိုင်တဲ့အပြင် စာအုပ်နဲ့ သင်ကြားချင်တယ် ဆိုရင်လည်း နီးစပ်ရာ ကားဂိတ် (သို့) အိမ်သို့အရောက်ပို့ပေးပြီး သင်ကြားပေးတာဖြစ်ပါတယ်။ သင်ကြားမှုစနစ်တွေကလည်း WorkShop ပုံစံ Activities တွေများစွာနဲ့ သင်ကြားပေးတာဖြစ်လို့ သာမန်သင်တန်းတွေထက် ပိုထူးခြားတာကြောင့် လူငယ်တွေ ပိုအကြိုက်တွေ့စေမယ့် သင်တန်းတစ်ခု ဖြစ်ပါတယ်။
သင်တန်းကျောင်း - CSK Chinese Language Center
Phone - 09 531 2114
Joy Chinese Language Center
ဒီသင်တန်းကျောင်းကတော့ ကလေးငယ်လေးတွေ အတွက် သင်ကြားပေးနေတာဖြစ်ပြီး Online စနစ်နဲ့ သင်ကြားရာတွင် Zoom Application ကိုသာ အဓိက အသုံးပြု သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ယောက်ချင်း သင်ကြားချင်တဲ့ ကလေးငယ်တွေကိုလည်း VIP Online Class ဆိုပြီး သီးသန့် တတ်ရောက်နိုင်အောင် စီစဥ်ပေးထားပါတယ်။
သင်တန်းကျောင်း - Joy Chinese Language Center
Phone - 09 972 882 188
Shwe-Pint-KueConfectionery_0862.png
MMK Chinese Language Center
ဒီသင်တန်းကျောင်းက ပုံမှန်အားဖြင့် ကလေးငယ်တွေနဲ့ လူငယ်တွေကို အဓိကထား သင်ကြားပေးတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပြီး Online Learning စတင်တဲ့ အချိန်ကတည်းက အသက် (၁၅) နှစ်နဲ့ အထက်ရှိတဲ့ သူတွေကိုသာ သင်ကြားပေးတော့တာ ဖြစ်ပါတယ်။ MMK သင်တန်းကျောင်းကတော့ မန္တလေးတိုင်း၊ အောင်ဇေယျလမ်းပေါ်မှာ တည်ရှိပါတယ်။ အခုချိန်မှာတော့ အွန်လိုင်းစနစ်ဖြင့်သာ သင်ကြားပေးလျက် ရှိပါတယ်။
သင်တန်းကျောင်း - MMK Chinese Language Center
Phone - 09 20 544 21
JCK Language Center
JCK Language Center ကတော့ တရုတ်စာသာမက၊ ကိုရီးယားဘာသာစကားနဲ့ ဂျပန်ဘာသာတို့ကိုပါ သင်ယူနိုင်တဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ ဘာသာာစကားတိုင်းအတွက် Skill (4) မျိုးကို တစ်မျိုးစီ ခွဲတတ်နိုင်ပြီး Video Lessons တွေနဲ့ သင်ကြားပေးတာကြောင့် အလုပ်လုပ်နေတဲ့ သူတွေအတွက် သင့်လျော်ပါတယ်။
သင်တန်းကျောင်း - JCK Language Center
Phone - 09 770 751 681
New-ParisBakery--Cake-Makers_1155.png
=========================
By Thant ''
Phone - 09 730 485 38
LearnMyanmar
Phone - 09 765 415 581
Phone - 09 531 2114
Phone - 09 972 882 188
Phone - 09 20 544 21
JCK Language Center
Phone - 09 770 751 681 
Read 57 times Last modified on Tuesday, 08 September 2020 23:27
Rate :
(0 votes)
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.