Monday, 07 September 2020 13:56

caption_1.jpg

By Thant''
ရွှေကျောင်းဟု လူသိများသော ရွှေနန်းတော်ကျောင်းသည် ယခုအခါ နှစ်ပေါင်း (၁၃၀) ကျော် သက်တမ်းရှိပြီး မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်အတွင်းရှိ မန္တလေးတောင်ခြေတွင် တည်ရှိသည်။

ကုန်းဘောင်ခေတ်ကာလ (၁၉) ရာစုလောက်ကတည်းက တည်ရှိခဲ့ပြီး မြန်မာအနုပညာ ဗိသုကာလက်ရာစံပြု ကျောင်းကြီးတစ်ကျောင်း ဖြစ်ပေသည်။ သမိုင်းဝင် ရွှေကျောင်းကြီးကို ကျွန်းတိုင်လုံးပေါင်း (၁၅၀) နှင့် ထောက်ကန်၍ တည်ဆောက်ထားခြင်း ဖြစ်သည်။

999-Than-NyuntLathe-Machine-Workshops_0207.png

(၁၉)ရာစု ကုန်းဘောင်ခေတ်ရှိ မြန်မာမှုဗိသုကာ လက်ရာများကို အသုံးပြု၍ တည်ဆောက်ထားခဲ့ ခြင်းဖြစ်သည်။ ရွှေကျောင်းရှိရာ နေရာသည် ယခင်က မင်းတုန်းမင်း စံမြန်းရာ နန်းဆောင်တစ်ဆောင်ရှိခဲ့သော နေရာတစ်ခုဖြစ်သည်။ မင်းတုန်းမင်း နတ်ရွာစံပြီးနောက် သီပေါမင်းမှ ၎င်းနန်းဆောင်ကို ဖြိုဖျက်၍ ဘုန်းကြီးကျောင်းအဖြစ် ပြောင်းလဲဆောက်လုပ် လှူဒါန်းခဲ့သည်။

ယင်းကျောင်းတော်ကို (၁၉) ရာစု ကုန်းဘောင်ခေတ်ရှိ မြန်မာမှုဗိသုကာ လက်ရာများကို အသုံးပြု၍ တည်ဆောက်ထားခဲ့ ခြင်းဖြစ်သည်။ နန်းတော်မှ ပြောင်းလဲလာခဲ့သည် ကျောင်းဖြစ်၍ ရွှေနန်းတော်ကျောင်းဟု အမည်ပေးခဲ့သော်လည်း ကျောင်းတော်အတွင်း အပြင်တစ်ခုလုံးကို ရွှေပိန်းချထားသည့်အတွက် ရွှေကျောင်း ဟု လူသိများလာခဲ့ခြင်းဖြစ်သည်။

(၂၀၁၃) ခုနှစ် ဇူလိုင်လအတွင်းမှ စတင်၍ အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာ့အဆောက်အအုံ ထိန်းသိမ်းရေးဆိုင်ရာ ရန်ပုံငွေအဖွဲ့ ( World Monument Fund ) မှ ပညာရှင်များ စုပေါင်း၍ အမေရိကန်ဒေါ်လာ (၅) သိန်း (၅) ထောင် အကုန်အကျခံကာ ပြန်လည် ပြုပြင်ခဲ့ကြသည်။

A1Bakery--Cake-Makers_0019.png

World Monument Fund မှ နောက်ထပ်ရန်ပုံငွေ ရရှိမည်ဆိုပါက ရွှေနန်းတော်ကျောင်းတဝိုက် သာယာလှပစေရေးအတွက် မြေယာရှုခင်း ပြုလုပ်ခြင်း အပါအဝင် ကျောင်းအဆောက်အအုံ၌ ပျက်စီးနေသည့် သစ်သားထည်များအား ပြုပြင်မွမ်းမံခြင်းများကို ပြုလုပ်မည်ဟူ၍ မန္တလေးတိုင်း ရှေးဟောင်းသုတေသန ဦးစီးဌာန ညွန်ကြားရေးမှူး ဦးဇော်ဦးဟန်မှ (၂၀၁၄) ခုနှစ်တွင် ပြောကြားခဲ့သည်။

(၂၀၁၉) ခုနှစ်မှ စတင်ကာ ရွှေကျောင်းတော်ကို ရှေးမူမပျက် ထိန်းသိမ်းရန် World Monument Fund ၏ အကူအညီဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်တွင်ရှိသော ရှေးဟောင်းသုတေသနဆိုင်ရာ အမျိုးသားပြတိုက် ဦးစီးဌာနတို့ ပူးပေါင်းကာ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရွှေကျောင်းတော်သို့ သွားရောက် လေ့လာမည်ဆိုပါက နိုင်ငံခြားသား ခရီးသွားများအနေဖြင့် ဝင်ကြေး အမေရိကန်ဒေါ်လာ (၁၀) ပေးရမည် ဖြစ်ပြီး မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ကြေးပေးရန် မလိုအပ်ပေ။ 

7-StarCar-Door--Liner-Sales-Services_0151.png
=================================
By Thant''
ေ႐ႊေက်ာင္းဟု လူသိမ်ားေသာ ေ႐ႊနန္းေတာ္ေက်ာင္းသည္ ယခုအခါ ႏွစ္ေပါင္း (၁၃၀) ေက်ာ္ သက္တမ္းရွိၿပီး မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာဇံၿမိဳ႕နယ္အတြင္းရွိ မႏၲေလးေတာင္ေျခတြင္ တည္ရွိသည္။

ကုန္းေဘာင္ေခတ္ကာလ (၁၉) ရာစုေလာက္ကတည္းက တည္ရွိခဲ့ၿပီး ျမန္မာအႏုပညာ ဗိသုကာလက္ရာစံျပဳ ေက်ာင္းႀကီးတစ္ေက်ာင္း ျဖစ္ေပသည္။ သမိုင္းဝင္ ေ႐ႊေက်ာင္းႀကီးကို ကြၽန္းတိုင္လုံးေပါင္း (၁၅၀) ႏွင့္ ေထာက္ကန္၍ တည္ေဆာက္ထားျခင္း ျဖစ္သည္။

999-Than-NyuntLathe-Machine-Workshops_0207.png

(၁၉)ရာစု ကုန္းေဘာင္ေခတ္ရွိ ျမန္မာမႈဗိသုကာ လက္ရာမ်ားကို အသုံးျပဳ၍ တည္ေဆာက္ထားခဲ့ ျခင္းျဖစ္သည္။ ေ႐ႊေက်ာင္းရွိရာ ေနရာသည္ ယခင္က မင္းတုန္းမင္း စံျမန္းရာ နန္းေဆာင္တစ္ေဆာင္ရွိခဲ့ေသာ ေနရာတစ္ခုျဖစ္သည္။ မင္းတုန္းမင္း နတ္႐ြာစံၿပီးေနာက္ သီေပါမင္းမွ ၎နန္းေဆာင္ကို ၿဖိဳဖ်က္၍ ဘုန္းႀကီးေက်ာင္းအျဖစ္ ေျပာင္းလဲေဆာက္လုပ္ လႉဒါန္းခဲ့သည္။

ယင္းေက်ာင္းေတာ္ကို (၁၉) ရာစု ကုန္းေဘာင္ေခတ္ရွိ ျမန္မာမႈဗိသုကာ လက္ရာမ်ားကို အသုံးျပဳ၍ တည္ေဆာက္ထားခဲ့ ျခင္းျဖစ္သည္။ နန္းေတာ္မွ ေျပာင္းလဲလာခဲ့သည္ ေက်ာင္းျဖစ္၍ ေ႐ႊနန္းေတာ္ေက်ာင္းဟု အမည္ေပးခဲ့ေသာ္လည္း ေက်ာင္းေတာ္အတြင္း အျပင္တစ္ခုလုံးကို ေ႐ႊပိန္းခ်ထားသည့္အတြက္ ေ႐ႊေက်ာင္း ဟု လူသိမ်ားလာခဲ့ျခင္းျဖစ္သည္။

(၂၀၁၃) ခုႏွစ္ ဇူလိုင္လအတြင္းမွ စတင္၍ အေမရိကန္ႏိုင္ငံအေျခစိုက္ ကမာၻ႔အေဆာက္အအုံ ထိန္းသိမ္းေရးဆိုင္ရာ ရန္ပုံေငြအဖြဲ႕ ( World Monument Fund ) မွ ပညာရွင္မ်ား စုေပါင္း၍ အေမရိကန္ေဒၚလာ (၅) သိန္း (၅) ေထာင္ အကုန္အက်ခံကာ ျပန္လည္ ျပဳျပင္ခဲ့ၾကသည္။

A1Bakery--Cake-Makers_0019.png

World Monument Fund မွ ေနာက္ထပ္ရန္ပုံေငြ ရရွိမည္ဆိုပါက ေ႐ႊနန္းေတာ္ေက်ာင္းတဝိုက္ သာယာလွပေစေရးအတြက္ ေျမယာရႈခင္း ျပဳလုပ္ျခင္း အပါအဝင္ ေက်ာင္းအေဆာက္အအုံ၌ ပ်က္စီးေနသည့္ သစ္သားထည္မ်ားအား ျပဳျပင္မြမ္းမံျခင္းမ်ားကို ျပဳလုပ္မည္ဟူ၍ မႏၲေလးတိုင္း ေရွးေဟာင္းသုေတသန ဦးစီးဌာန ၫြန္ၾကားေရးမႉး ဦးေဇာ္ဦးဟန္မွ (၂၀၁၄) ခုႏွစ္တြင္ ေျပာၾကားခဲ့သည္။

(၂၀၁၉) ခုႏွစ္မွ စတင္ကာ ေ႐ႊေက်ာင္းေတာ္ကို ေရွးမူမပ်က္ ထိန္းသိမ္းရန္ World Monument Fund ၏ အကူအညီျဖင့္ မႏၲေလးတိုင္းေဒသႀကီး အစိုးရ၊ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန လက္ေအာက္တြင္ရွိေသာ ေရွးေဟာင္းသုေတသနဆိုင္ရာ အမ်ိဳးသားျပတိုက္ ဦးစီးဌာနတို႔ ပူးေပါင္းကာ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရသည္။

ေ႐ႊေက်ာင္းေတာ္သို႔ သြားေရာက္ ေလ့လာမည္ဆိုပါက ႏိုင္ငံျခားသား ခရီးသြားမ်ားအေနျဖင့္ ဝင္ေၾကး အေမရိကန္ေဒၚလာ (၁၀) ေပးရမည္ ျဖစ္ၿပီး ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ဝင္ေၾကးေပးရန္ မလိုအပ္ေပ။ 

7-StarCar-Door--Liner-Sales-Services_0151.png

 


Read 75 times Last modified on Monday, 07 September 2020 16:05
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.