Friday, 04 September 2020 17:36

81.jpg

မန္တလေးကျုံးကို မင်းတုန်းမင်း လက်ထက်ကတည်းက တည်ဆောက်ထားခြင်း ဖြစ်ပြီး အမရပူရနန်းတော်နှင့် ပုံစံတူ ပြန်လည် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

မန္တလေးကျုံးကို တည်ဆောက်ခဲ့ခြင်းမှာ မြန်မာနိုင်ငံ​၏ ဒုတိယ အမြင့်ဆုံးတောင်ဖြစ်သော မန္တလေးတောင်သည် ဂေါတမမြတ်စွာဘုရား​၏ ခြေတော်တင်ရာ ဖြစ်ခဲ့သည်ဟု ယုံကြည်ထားခဲ့ခြင်းကြောင့် မြန်မာမင်းတို့စံမြန်းမည့် နန်းတော်ကိုလည်း မန္တလေးတောင်​၏ ခြေတော်ရင်း၌ တည်ဆောက်လျှင် မြတ်သည်ဟူ၍ ယူဆကာ တည်ဆောက်ခဲ့ကြခြင်း ဖြစ်ပါသည်။

Kay-TiSoft-Drinks-Juices--Beverages_0314.png

ထို့နောက် (၁၉၉၀) ခုနှစ် ဝန်းကျင်တွင် မန္တလေးနန်းတော်အား အစိုးရမှ ပြန်လည်မွမ်းမံခဲ့ပြီး ယခင် မင်းများလက်ထက်ကတည်းက ရှိခဲ့သော အနုစိတ်လက်ရာများနှင့် အနီးစပ်ဆုံးတူအောင် ပြန်လည်တည်ဆောက် ပေးထားသောကြောင့် ရှေးမူမပျက် ဗိသုကာလက်ရာများကို ယခုချိန်အထိ လေ့လာနိုင်ဆဲ ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် တည်ရှိသော မန္တလေးကျုံးကို သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်ကယ်ရီတို့နှင့် သွားရောက်လေ့လာနိုင်ပြီး မနက်ပိုင်းသွားပါက နန်းတော်တွင်းကိုပါ လည်ပတ်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

မန္တလေးကျုံး​၏ အနီးတစ်ဝိုက်တွင် စားသောက်ဆိုင်၊ ကော်ဖီဆိုင် အစရှိသည်တို့ အစုံအလင် ဖွင့်လှစ်ထားသည်ကိုလည်း တွေ့မြင်နိုင်ပြီး ကျုံးပတ်လည်တွင် ညအချိန်အခါ နန်းတော်ကို ကောင်းစွာတွေ့မြင်နိုင်စေရန် မီးဆိုင်းများလည်း တပ်ဆင်ပေးထားပါသည်။

KyawElectrical-Goods-Repairing_0398.png

မန္တလေးတောင်ခြေတွင် တည်ဆောက်ထားခြင်း ဖြစ်သည့်အတွက် နန်းတော် အဝင်ဝမှ ကြည့်လျှင် မန္တလေးတောင်ပေါ်တွင် တည်ထားသော စေတီတော်အချို့ကို သပ္ပါယ်စွာ မြင်နိုင်မည် ဖြစ်ပါသည်။

မန္တလေးကျုံး နှင့် နန်းတော်သည် မန္တလေးမြို့၏ ပြယုဒ်တစ်ခု ဖြစ်ရုံသာမက ကမ္ဘာလှည့်ခရီးသွားများ၏ အထူးစိတ်ဝင်စားခြင်းကိုခံရပြီး မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာ နေရာတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် မန္တလေးရောက်လျှင် မသွားမဖြစ် သွားလည်သင့်သော နေရာများတွင် မန္တလေးကျုံးနှင့် နန်းတော်သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း မှတ်ချက်ပြုလိုက်ရပါတော့သည်။

Chit-San-Eain-Real-Estate-Agents_0273.png

===================================
မႏၲေလးက်ဳံးကို မင္းတုန္းမင္း လက္ထက္ကတည္းက တည္ေဆာက္ထားျခင္း ျဖစ္ၿပီး အမရပူရနန္းေတာ္ႏွင့္ ပုံစံတူ ျပန္လည္ တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။

မႏၲေလးက်ဳံးကို တည္ေဆာက္ခဲ့ျခင္းမွာ ျမန္မာႏိုင္ငံ​၏ ဒုတိယ အျမင့္ဆုံးေတာင္ျဖစ္ေသာ မႏၲေလးေတာင္သည္ ေဂါတမျမတ္စြာဘုရား​၏ ေျခေတာ္တင္ရာ ျဖစ္ခဲ့သည္ဟု ယုံၾကည္ထားခဲ့ျခင္းေၾကာင့္ ျမန္မာမင္းတို႔စံျမန္းမည့္ နန္းေတာ္ကိုလည္း မႏၲေလးေတာင္​၏ ေျခေတာ္ရင္း၌ တည္ေဆာက္လွ်င္ ျမတ္သည္ဟူ၍ ယူဆကာ တည္ေဆာက္ခဲ့ၾကျခင္း ျဖစ္ပါသည္။

Kay-TiSoft-Drinks-Juices--Beverages_0314.png

ထို႔ေနာက္ (၁၉၉၀) ခုႏွစ္ ဝန္းက်င္တြင္ မႏၲေလးနန္းေတာ္အား အစိုးရမွ ျပန္လည္မြမ္းမံခဲ့ၿပီး ယခင္ မင္းမ်ားလက္ထက္ကတည္းက ရွိခဲ့ေသာ အႏုစိတ္လက္ရာမ်ားႏွင့္ အနီးစပ္ဆုံးတူေအာင္ ျပန္လည္တည္ေဆာက္ ေပးထားေသာေၾကာင့္ ေရွးမူမပ်က္ ဗိသုကာလက္ရာမ်ားကို ယခုခ်ိန္အထိ ေလ့လာႏိုင္ဆဲ ျဖစ္သည္။

မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ တည္ရွိေသာ မႏၲေလးက်ဳံးကို သုံးဘီးဆိုင္ကယ္၊ ဆိုင္ကယ္ကယ္ရီတို႔ႏွင့္ သြားေရာက္ေလ့လာႏိုင္ၿပီး မနက္ပိုင္းသြားပါက နန္းေတာ္တြင္းကိုပါ လည္ပတ္ၾကည့္ရႈႏိုင္မည္ ျဖစ္ပါသည္။

မႏၲေလးက်ဳံး​၏ အနီးတစ္ဝိုက္တြင္ စားေသာက္ဆိုင္၊ ေကာ္ဖီဆိုင္ အစရွိသည္တို႔ အစုံအလင္ ဖြင့္လွစ္ထားသည္ကိုလည္း ေတြ႕ျမင္ႏိုင္ၿပီး က်ဳံးပတ္လည္တြင္ ညအခ်ိန္အခါ နန္းေတာ္ကို ေကာင္းစြာေတြ႕ျမင္ႏိုင္ေစရန္ မီးဆိုင္းမ်ားလည္း တပ္ဆင္ေပးထားပါသည္။

KyawElectrical-Goods-Repairing_0398.png

မႏၲေလးေတာင္ေျခတြင္ တည္ေဆာက္ထားျခင္း ျဖစ္သည့္အတြက္ နန္းေတာ္ အဝင္ဝမွ ၾကည့္လွ်င္ မႏၲေလးေတာင္ေပၚတြင္ တည္ထားေသာ ေစတီေတာ္အခ်ိဳ႕ကို သပၸါယ္စြာ ျမင္ႏိုင္မည္ ျဖစ္ပါသည္။

မႏၲေလးက်ဳံး ႏွင့္ နန္းေတာ္သည္ မႏၲေလးၿမိဳ႕၏ ျပယုဒ္တစ္ခု ျဖစ္႐ုံသာမက ကမာၻလွည့္ခရီးသြားမ်ား၏ အထူးစိတ္ဝင္စားျခင္းကိုခံရၿပီး ျမန္မာတို႔အတြက္ ဂုဏ္ယူဖြယ္ရာ ေနရာတစ္ခု ျဖစ္ေပသည္။ ထို႔ေၾကာင့္ မႏၲေလးေရာက္လွ်င္ မသြားမျဖစ္ သြားလည္သင့္ေသာ ေနရာမ်ားတြင္ မႏၲေလးက်ဳံးႏွင့္ နန္းေတာ္သည္လည္း တစ္ခုအပါအဝင္ျဖစ္ေၾကာင္း မွတ္ခ်က္ျပဳလိုက္ရပါေတာ့သည္။ 

Chit-San-Eain-Real-Estate-Agents_0273.png

 


Read 153 times Last modified on Sunday, 06 September 2020 01:25
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.