Friday, 04 September 2020 14:34
six-board-bibimbap-2713539__340.jpg
By Thant''
 
ကိုးရီးယားအစားစာတွေက ပြုလုပ်ရတာ ခက်ခဲတယ်၊ အိမ်မှာလုပ်စားဖို့ မလွယ်ဘူးလို့ ထင်နေတဲ့ သူတွေအတွက် အိမ်မှာနေရင်း ကိုးရီးယားထမင်းသုပ်ကို ပြုလုပ်နိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းကို ပြောပြပေးလိုက်ပါတယ်။ 
ပါဝင်ပစ္စည်းများ 
 
  • ဆန် - (၂)လုံးခွဲ
  • နှမ်းစေ့ - အနည်းငယ် 
  • ငံပြာရည် - စားပွဲတင်ဇွန်းတစ်ဇွန်း 
  • ရှာလကာရည် - စားပွဲတင်ဇွန်းတစ်ဇွန်း  
  • သကြား - စားပွဲတင်ဇွန်းတစ်ဇွန်း  
  • ငရုပ်သီး အနှစ် - အနည်းငယ် ( မိမိလိုအပ်သလောက်) 
  • နှမ်းဆီ - စားပွဲတင်ဇွန်း နှစ်ဇွန်း 
  • ဝက်ပေါင်ခြောက် (သို့) ကြိုက်နှစ်သက်သော အသား 
  • မုန်လာဥနီ - နှစ်လုံး (သို့) တစ်လုံး 
  • ဂျင်း - အနည်းငယ် (တစ်စိတ်စာ) 
  • ရှီတာကီမှို - အနည်းငယ် ( ရှီတာကီမှို အစား မိမိကြိုက်နှစ်သက်တဲ့ မှိုအမျိုးအစားကိုလည်း အသုံးပြုနိုင်ပါတယ်) 
  • ကြက်သွန်မြိတ် - အနည်းငယ် ( မိမိနှစ်သက်သလောက်) 
  • ကြက်ဥပြုတ် - တစ်လုံး 
  • ရေညှိ - တစ်ချပ် 
  • ပဲပင်ပေါက် - အနည်းငယ် 
 Shwe-Nan-TheingiTraditional-Medical-Halls_0267.png
 
ပထမဦးစွာ ဆန် (၂)လုံးခွဲကို ထမင်းပေါင်းအိုးနဲ့ ထည့်ပေါင်းပါ။ ထမင်းပေါင်းတဲ့အခါ ရေမများစေရန် ဂရုစိုက်ပါ။ ကိုးရီးယား ထမင်းသုပ်က များသောအားဖြင့် ရှမ်းဆန်ကို အသုံးပြုပြီး ချက်ကြပေမယ့် အိမ်မှာရှိတဲ့ ဆန်ကို ကျက်အောင်ချက်ပြီးတော့ သုပ်မယ်ဆိုရင်လည်း ရပါတယ်။ 
 
ထမင်းချက်နေတုန်းမှာ မိမိထည့်မယ့် ဝက်ပေါင်ခြောက် (သို့) ကြိုက်နှစ်သက်တဲ့ အသားတစ်ခုခုကို ငံပြာရည်နဲ့ နယ်ပြီး သိပ်ထားပါ။ ထမင်းမကျက်ခင်မှာပဲ မှို၊ ကြက်ဥပြုတ်၊ မှို၊ မုန်လာဥနီ၊ ရေညှိချပ်တို့ကို ပါးပါး လှီးပြီး အသင့်ပြင်ထားပါ။ 
 
ထမင်းကျက်တဲ့ အချိန်ရောက်ရင် မီးဖိုပေါ်ကို ဒယ်အိုးတင်ပြီး ဆီထည့်ပါ။ ဆီပူလာတဲ့အခါ နှပ်ထားတဲ့ အသားကို ကျက်တဲ့အထိ ကြော်ပေးပါ။ ပြီးရင် အသားကို ပန်းကန်တစ်ခုထဲ တည့်ပြီး အသားကြော်လို့ ကျန်တဲ့ဆီ အနည်းငယ်နဲ့ပဲ ကြိုပြီးလှီးထားတဲ့ မှိုကို ကျော်ပါမယ်။ 
 
မှိုကိုကြော်တဲ့အခါ အသားကြော်သလို အရမ်း ကျက်သွားတဲ့ အထိ ကြော်စရာမလိုဘဲ မှိုအရောင်ပြောင်းရုံသာ ကြော်ပေးရင်ရပါတယ်။ မှိုကိုကြော်ပြီးတဲ့အခါ မီးပိတ်ပြီး ကျန်တဲ့ မီးအရှိန်ကို အသုံးပြုပြီး ကျန်တဲ့ အသီးအရွက်တွေကို ဒယ်အိုးထဲမှာ ထည့်မွှေပါ။ 
 
Shwe-Ohn-PinLongyis_0568.png
 
အားလုံးကျော်ပြီးတဲ့ အချိန်မှ ချက်ထားတဲ့ ထမင်းထဲက မိမိစားလိုသလောက်ကို ပန်းကန်ဇောက်အနက် တစ်ချပ်ထဲကို ထည့်ပါ။ ပြီးရင် ကြော်ထားတဲ့ အသီးအရွက်နဲ့ အသားတို့ကို အပေါ်ကနေ အုပ်ပြီး တင်လိုက်ပါ။ 
 
နောက်ဆုံး အနေနဲ့ ကိုရီးယားထမင်းသုပ်မှာ အရေးကြီးတဲ့ အနှစ်ကို ပြုလုပ်ပါမယ်။ 
 
အရင်ဆုံး ငရုပ်သီး အနှစ်အတွက် နှမ်းဆီအနည်းငယ်၊  ငံပြာရည် အနည်းငယ်ကို လိုအပ်သလောက် ထည့်ပြီး ရောနယ်ပေးမယ်ဆိုရင် ကိုရီးယားရိုးရာ အစားစာတစ်ခုဖြစ်တဲ့ ကိုရီးယားထမင်းသုတ်ရဲ့ အဓိက ငရုပ်သီးအနှစ်ကို ရပါပြီ။ ပြုလုပ်ထားတဲ့ အနှစ်ကို အသင့်ပြင်ထားတဲ့ ပန်းကန်ပေါ်မှာဆမ်းပြီး နယ်လိုက်ပါ။ 
 
အကုန်လုံးပြီးသွားပြီ ဆိုရင်တော့ အရသာရှိပြီး စားလို့ကောင်းမယ့် ကိုရီးယားထမင်းသုတ်ကို စားသုံးနိုင်ပါပြီ။ 
 
အကယ်၍ ကိုယ်ကိုတိုင် လုပ်မစားချင်ဘူးဆိုရင်တော့ အောက်ပါလင့်တွင် မန္တလေးမြို့ တွင်မှာရှိတဲ့ ကိုးရီးယား အစားအစာ အရောင်းဆိုင် (၁၆) ဆိုင်ကို ကြည့်ရှုနိုင်ပါတယ်။ 
 
Nagani-NickelChemicals_0362.png
 
======================
By Thant''
 
ကိုးရီးယားအစားစာေတြက ျပဳလုပ္ရတာ ခက္ခဲတယ္၊ အိမ္မွာလုပ္စားဖို႔ မလြယ္ဘူးလို႔ ထင္ေနတဲ့ သူေတြအတြက္ အိမ္မွာေနရင္း ကိုးရီးယားထမင္းသုပ္ကို ျပဳလုပ္ႏိုင္မယ့္ အလြယ္ကူဆုံး နည္းလမ္းကို ေျပာျပေပးလိုက္ပါတယ္။ 
 
ပါဝင္ပစၥည္းမ်ား 
 
  • ဆန္ - (၂)လုံးခြဲ
  • ႏွမ္းေစ့ - အနည္းငယ္ 
  • ငံျပာရည္ - စားပြဲတင္ဇြန္းတစ္ဇြန္း 
  • ရွာလကာရည္ - စားပြဲတင္ဇြန္းတစ္ဇြန္း  
  • သၾကား - စားပြဲတင္ဇြန္းတစ္ဇြန္း  
  • င႐ုပ္သီး အႏွစ္ - အနည္းငယ္ ( မိမိလိုအပ္သေလာက္) 
  • ႏွမ္းဆီ - စားပြဲတင္ဇြန္း ႏွစ္ဇြန္း 
  • ဝက္ေပါင္ေျခာက္ (သို႔) ႀကိဳက္ႏွစ္သက္ေသာ အသား 
  • မုန္လာဥနီ - ႏွစ္လုံး (သို႔) တစ္လုံး 
  • ဂ်င္း - အနည္းငယ္ (တစ္စိတ္စာ) 
  • ရွီတာကီမႈိ - အနည္းငယ္ ( ရွီတာကီမႈိ အစား မိမိႀကိဳက္ႏွစ္သက္တဲ့ မႈိအမ်ိဳးအစားကိုလည္း အသုံးျပဳႏိုင္ပါတယ္) 
  • ၾကက္သြန္ၿမိတ္ - အနည္းငယ္ ( မိမိႏွစ္သက္သေလာက္) 
  • ၾကက္ဥျပဳတ္ - တစ္လုံး 
  • ေရညႇိ - တစ္ခ်ပ္ 
  • ပဲပင္ေပါက္ - အနည္းငယ္ 
 Shwe-Nan-TheingiTraditional-Medical-Halls_0267.png
 
ပထမဦးစြာ ဆန္ (၂)လုံးခြဲကို ထမင္းေပါင္းအိုးနဲ႔ ထည့္ေပါင္းပါ။ ထမင္းေပါင္းတဲ့အခါ ေရမမ်ားေစရန္ ဂ႐ုစိုက္ပါ။ ကိုးရီးယား ထမင္းသုပ္က မ်ားေသာအားျဖင့္ ရွမ္းဆန္ကို အသုံးျပဳၿပီး ခ်က္ၾကေပမယ့္ အိမ္မွာရွိတဲ့ ဆန္ကို က်က္ေအာင္ခ်က္ၿပီးေတာ့ သုပ္မယ္ဆိုရင္လည္း ရပါတယ္။ 
 
ထမင္းခ်က္ေနတုန္းမွာ မိမိထည့္မယ့္ ဝက္ေပါင္ေျခာက္ (သို႔) ႀကိဳက္ႏွစ္သက္တဲ့ အသားတစ္ခုခုကို ငံျပာရည္နဲ႔ နယ္ၿပီး သိပ္ထားပါ။ ထမင္းမက်က္ခင္မွာပဲ မႈိ၊ ၾကက္ဥျပဳတ္၊ မႈိ၊ မုန္လာဥနီ၊ ေရညႇိခ်ပ္တို႔ကို ပါးပါး လွီးၿပီး အသင့္ျပင္ထားပါ။ 
 
ထမင္းက်က္တဲ့ အခ်ိန္ေရာက္ရင္ မီးဖိုေပၚကို ဒယ္အိုးတင္ၿပီး ဆီထည့္ပါ။ ဆီပူလာတဲ့အခါ ႏွပ္ထားတဲ့ အသားကို က်က္တဲ့အထိ ေၾကာ္ေပးပါ။ ၿပီးရင္ အသားကို ပန္းကန္တစ္ခုထဲ တည့္ၿပီး အသားေၾကာ္လို႔ က်န္တဲ့ဆီ အနည္းငယ္နဲ႔ပဲ ႀကိဳၿပီးလွီးထားတဲ့ မႈိကို ေက်ာ္ပါမယ္။ 
 
မႈိကိုေၾကာ္တဲ့အခါ အသားေၾကာ္သလို အရမ္း က်က္သြားတဲ့ အထိ ေၾကာ္စရာမလိုဘဲ မႈိအေရာင္ေျပာင္း႐ုံသာ ေၾကာ္ေပးရင္ရပါတယ္။ မႈိကိုေၾကာ္ၿပီးတဲ့အခါ မီးပိတ္ၿပီး က်န္တဲ့ မီးအရွိန္ကို အသုံးျပဳၿပီး က်န္တဲ့ အသီးအ႐ြက္ေတြကို ဒယ္အိုးထဲမွာ ထည့္ေမႊပါ။ 
 
Shwe-Ohn-PinLongyis_0568.png
 
အားလုံးေက်ာ္ၿပီးတဲ့ အခ်ိန္မွ ခ်က္ထားတဲ့ ထမင္းထဲက မိမိစားလိုသေလာက္ကို ပန္းကန္ေဇာက္အနက္ တစ္ခ်ပ္ထဲကို ထည့္ပါ။ ၿပီးရင္ ေၾကာ္ထားတဲ့ အသီးအ႐ြက္နဲ႔ အသားတို႔ကို အေပၚကေန အုပ္ၿပီး တင္လိုက္ပါ။ 
 
ေနာက္ဆုံး အေနနဲ႔ ကိုရီးယားထမင္းသုပ္မွာ အေရးႀကီးတဲ့ အႏွစ္ကို ျပဳလုပ္ပါမယ္။ 
 
အရင္ဆုံး င႐ုပ္သီး အႏွစ္အတြက္ ႏွမ္းဆီအနည္းငယ္၊  ငံျပာရည္ အနည္းငယ္ကို လိုအပ္သေလာက္ ထည့္ၿပီး ေရာနယ္ေပးမယ္ဆိုရင္ ကိုရီးယား႐ိုးရာ အစားစာတစ္ခုျဖစ္တဲ့ ကိုရီးယားထမင္းသုတ္ရဲ႕ အဓိက င႐ုပ္သီးအႏွစ္ကို ရပါၿပီ။ ျပဳလုပ္ထားတဲ့ အႏွစ္ကို အသင့္ျပင္ထားတဲ့ ပန္းကန္ေပၚမွာဆမ္းၿပီး နယ္လိုက္ပါ။ 
 
အကုန္လုံးၿပီးသြားၿပီ ဆိုရင္ေတာ့ အရသာရွိၿပီး စားလို႔ေကာင္းမယ့္ ကိုရီးယားထမင္းသုတ္ကို စားသုံးႏိုင္ပါၿပီ။ 
 
အကယ္၍ ကိုယ္ကိုတိုင္ လုပ္မစားခ်င္ဘူးဆိုရင္ေတာ့ ေအာက္ပါလင့္တြင္ မႏၲေလးၿမိဳ႕ တြင္မွာရွိတဲ့ ကိုးရီးယား အစားအစာ အေရာင္းဆိုင္ (၁၆) ဆိုင္ကို ၾကည့္ရႈႏိုင္ပါတယ္။ 
 
Nagani-NickelChemicals_0362.png
 

Read 88 times Last modified on Sunday, 06 September 2020 01:22
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.