Thursday, 25 June 2020 13:23
mandalay_kyone.jpg
မန္တလေးတိုင်းကို မြန်မာမင်းများ လက်ထက်က တမ္ပဒီပတိုင်းဟု ခေါ်ခဲ့ကြသည်။ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်တို့ ထွန်းပေါက်ဖွားရာဒေသဟု ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ဤတိုင်းဒေသအတွင်းရှိ အမရပူရတောင်ပိုင်း တောင်သမန်၊ ရွှေစာရံ၊ ပုပ္ပါး စသည့် ဒေသတစ်ဝိုက်တွင် ကျောက်ခေတ်ကာလမှစ၍ မြန်မာ့ယဉ်ကျေးမှု အခြေခံ အညာသားယဉ်ကျေးမှုတစ်ရပ် ထူတောင်ခဲ့ခြင်း (ထိုဒေသများတွင် ကျောက်ခေတ်ဦးပိုင်း လူသားများ အသုံးပြုခဲ့သည့် အသုံးအဆောင်များ၊ ကျောက်လက်နက်များ တစ်ပုံတစ်ပင်တွေ့ရှိခဲ့ရ။ ထိုအသုံးပြုခဲ့သော ခေတ်ကာလကို “အညာသားယဉ်ကျေးမှု”(Anyarthian Culture)ဟု ခေါ်တွင်ခဲ့ကြသည်)၊ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿ နိုးမြို့ဟောင်းနှင့် ခေတ်ပြိုင် မိုင်းမော၊ ဝတီး စသည့် ပျူရှေးဟောင်းမြို့များ တည်ရှိခြင်း၊ တကောင်း(ဘီစီ-၂)၊ ပုဂံ(အေဒီ- ၈၄၉)၊ အမရပူရ(အေဒီ- ၁၁၄၄)၊ ပင်းယ(အေဒီ-၁၃၁၂)၊ အင်းဝ(အေဒီ-၁၃၆၄)၊ ညောင်ရမ်း(အေဒီ-၁၅၉၇)၊ ရတနာပုံ(အေဒီ-၁၈၅၉) စသော မြန်မာမင်းနေပြည်တော်များ စတင်တည်ထောင်ခဲ့ခြင်း၊ (အေဒီ-၁၀၄၄) ပုဂံအနော်ရထာမင်းလက်ထက်တွင် ပထမမြန်မာနိုင်ငံတော် ထူထောင်ခဲ့ခြင်း၊ လယ်ကွင်း(၁၁)ခရိုင် (နောင်(၉)ခရိုင်)တွင် လယ်ယာစိုက်ပျိုးမှု ထွန်းကားခဲ့ခြင်း၊ (အေဒီ-၁၁၁၂)မှ စ၍ မြန်မာစာအရေးအသား ပေါ်ပေါက်ခဲ့ခြင်း၊ ပင်းမြို့(၄၃)မြို့ ထူထောင်၍ ကာကွယ်ရေး တည်ဆောက်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါသည်။
တည်နေရာ
======
မြောက်လတ္တီတွဒ်-၁၉ ံ ၂၀' နှင့် ၂၃ ံ ၄၅' ကြား
အရှေ့လောင်ဂျီတွဒ်- ၉၄ ံ ၄၅' နှင့် ၉၇ ံ ကြား
အကျယ်အဝန်း
========
စတုရန်းမိုင် -၁၁၉၂၅.၉၆
ဧရိယာဧက- ၇၆၃၂၆၁၂
နယ်နိမိတ်
========
အရှေ့ဘက် - ရှမ်းပြည်နယ်
အနောက်ဘက် - စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး
တောင်ဘက် - နေပြည်တော်
မြောက်ဘက် - စစ်ကိုင်းတိုင်းဒေသကြီး
မြေမျက်နှာသွင်ပြင်
=========
တောင်တန်းနှင့် မြေပြန့်လွင်ပြင်
ရာသီဥတု
======
ပူပြင်းခြောက်သွေ့သော ရာသီဥတု
နှစ်စဉ်ပျမ်းမျှ မိုးရေချိန်လက်မ - ၃၂. ၅၇
အများဆုံးမိုးရေချိန်လက်မ - ၃၆.၁၈' (မိုးကုတ်)
အနည်းဆုံးမိုးရေချိန်လက်မ -၂.၁၇' (မလှိုင်)
နှစ်စဉ်ပျမ်းမျှ မိုးရွာရက် - ၅၁ ရက်
အမြင့်ဆုံးအပူချိန်ဒီဂရီ - ၄၃.၇ ဒီဂရီစင်တီဂရိတ် (၂၀၁၄)ခုနှစ်
အနိမ့်ဆုံးအပူချိန်ဒီဂရီ - ၁၄ ဒီဂရီစင်တီဂရိတ် (၂၀၁၄)ခုနှစ်
အုပ်ချုပ်ရေး
=======
မန္တလေးတိုင်းဒေသကြီးဖွဲ့စည်းမှု
=================
မန္တလေးတိုင်းဒေသကြီးတွင် ခရိုင်(၇)ခု၊ မြို့နယ်(၂၈)ခု၊ မြို့(၂၈)ခု၊ ရပ်ကွက်(၂၇၆)၊ ကျေးရွာအုပ်စု(၁၄၁၆)၊ ကျေးရွာ(၄၈၀၀)တို့ဖြင့် ဖွဲ့စည်းထားပါသည်။ အိမ်‌ခြေပေါင်း (၁၁၀၅၁၃၀)နှင့် အိမ်ထောင်စုပေါင်း (၁၁၇၆၁၅၅)ရှိပါသည်။
လူဦးရေ
=====
မြို့နေလူဦးရေမှာ (၁၇၃၈၀၉၄)ဦးဖြစ်ပြီး ကျေးလက်နေ လူဦးရေမှာ (၄၀၁၈၈၁၆)ဦး ဖြစ်ပါသည်။
လူမျိုးစု
====
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတို့ နေထိုင်ပြီး တိုင်းရင်းသား (၅၆၈၅၂၇၃)ဦးနှင့် နိုင်ငံခြားသား (၇၁၆၃၇)ဦး နေထိုင်သည်။
ကိုးကွယ်သည့်ဘာသာ
============
ဗုဒ္ဓဘာသာ ကိုးကွယ်သူ (၅၅၃၈၉၆၅)ဦး၊ ခရစ်ယာန် (၄၁၁၉၈)ဦး၊ ဟိန္ဒူ (၁၇၄၂၅)ဦး၊ အစ္စလာမ် (၁၄၈၂၄၃) နှင့် အခြား (၁၁၀၇၉)ဦး ရှိပါသည်။
ရဲတပ်ဖွဲ့
======
တိုင်း (၁)၊ ခရိုင်(၇)၊ မြို့နယ် (၂၈)၊ မြို့မရဲစခန်း (၂၈)၊ နယ်မြေရဲစခန်း (၄၁) နှင့် ရဲကင်းစခန်း (၂၈)ခုတို့ဖြင့် ဖွဲ့စည်းထားပါသည်။
မီးသတ်အင်အား
============
သန္ဓေ (၁၀၁၉)ဦး၊ အရန် (၃၅၃၄၀)ဦး ရှိပါသည်။
ရွေးချယ်ခံရသော လွှတ်တော်ကိုယ်စားလှယ်များ
==========================
အမျိုးသားလွှတ်တော် (၁၂)ဦး၊ ပြည်သူ့လွှတ်တော် (၂၈)ဦး၊ တိုင်းဒေသကြီးလွှတ်တော် အမှတ်-၁ (၂၈)ဦး/အမှတ်-၂ (၂၈)ဦး၊ ရှမ်းတိုင်းရင်းသားကိုယ်စားလှယ် (၁)ဦး
နိုင်ငံရေးပါတီများ၏ အင်္ဂါစဉ်စာရင်း
==================
( ၁ ) ပြည်သူ့ဒီမိုကရေစီပါတီ
( ၂ ) ဝံသာနုဒီမိုကရက်တစ်ပါတီ
( ၃ ) တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ
( ၄ ) ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ
( ၅ ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
( ၆ ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
( ၇ ) ဒီမိုကရက်တစ်ပါတီ (မြန်မာ)
( ၈ ) အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
( ၉ ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
(၁၀) ”၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ
(၁၁) အမျိုးသားဒီမိုကရေစီပါတီသစ်
(၁၂) ဖက်ဒရယ်ပြည်ထောင်စုပါတီ
(၁၃) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
(၁၄) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
(၁၅) မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပျော်ဘွယ်မြို့နယ်)
(၁၆) အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ (မိတ္ထီလာမြို့နယ်)
(၁၇) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (မိတ္ထီလာကျောက်ဆည်မြို့နယ်)
(၁၈) တအောင်း(ပလောင်) အမျိုးသားပါတီ (မိုးကုတ်မြို့နယ်)
(၁၉) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (မိုးကုတ်မြို့နယ်)
(၂၀) လီဆူးအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေး)(မိုးကုတ်မြို့နယ်)
လူဦးရေ တိုးနှုန်းနှင့် ကျား/မ အချိုး
==================
မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ် လူဦးရေတိုးနှုန်းမှာ (၁.၁၄%)ဖြစ်ပြီး၊ ကျား/မ အချိုးမှာ (၁း၁.၁၂) ဖြစ်ပါသည်။
စီးပွားရေး
=======
စီးပွားရေးဆိုင်ရာ အချက်အလက်များ
====================
စိုက်ပျိုးရေး
========
လယ်မြေ (၈၇၀၀၀၀)ဧက၊ ယာမြေ (၂၁၃၈၇၉၅ )ဧက၊ ကိုင်းကျွန်းမြေ (၁၆၂၇၅၃)ဧက၊ ဥယျာဉ်မြေ (၃၇၆၆၂)ဧက၊ တောင်ယာမြေ (၇၂၆)ဧက၊ စုစုပေါင်းအသားတင် စိုက်ပျိုးမြေ ဧရိယာပေါင်း (၃၂၀၉၉၃၆)ဧက ရှိပါသည်။ စိုက်ပျိုးနိုင်ခြင်း မပြုနိုင်သော ဧရိယာပေါင်း (၁၈၁၇၅၈၇) ရှိပါသည်။ လှပ်မြေ (၁၅၉၄၈၉)၊ စားကျက်မြေ (၇၇၂၅)၊ စက်မှုလုပ်ငန်းသုံးမြေ (၅၇၉၈၄)၊ မြို့ရွာနှင့် အခြားမြေ (၁၈၂၆၈၂)၊ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောမြေ (၁၅၇၃၃၅၃)၊ တောရိုင်းမြေ (၅၆၆၆၈၂)၊ မြေရိုင်း (၅၇၁၇၄)ရှိပါသည်။
ပန်းတိုင်သီးနှံ (၁၀)မျိုးမှာ စပါး၊ ချည်မျှင်ရှည်ဝါ၊ ကြံ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း၊ မြေပဲ၊ နေကြာ၊ အစေ့ထုတ်ပြောင်းတို့ ဖြစ်ပါသည်။
မွေးမြူရေး
========
ကျွဲ (၇၄၀၉၇)၊ နွား (၂၄၇၃၈၉၈)၊ ဝက် (၁၀၁၀၇၆၁)၊ ကြက် (၂၉၂၁၅၇၀၁)၊ ဘဲ (၇၁၈၉၅၉)၊ သိုး (၃၇၁၄၄၄)၊ ဆိတ် (၁၆၉၀၉၀၅)၊ ငုံး (၁၀၇၉၈၀၈)၊ ကြက်ဆင်/ဘဲငန်းမန်ဒါလီ (၆၇၉၂၁) မွေးမြူ ထားပါသည်။
ငါးမွေးမြူရေးတွင် ငါးမွေးသူဦးရေ (၁၁၇၁)ဦး ရှိပြီး (၇၈၇၃.၂၂၃)ဧက မွေးမြူထားပါသည်။
ဆက်သွယ်ရေး
========
ရထားဆက်သွယ်ရေးတွင် ဘူတာရုံပေါင်း (၁၃၅)၊ သံလမ်းမိုင် (၇၇၈)မိုင်၊ ခရီးမိုင် (၅၆၄.၄၁၄)မိုင်၊ တံတားကြီး (၂၁၀)စင်း နှင့် တံတားငယ် (၁၆၈၀)စင်း ရှိပါသည်။
ရေကြောင်းလမ်းတွင် ဆိပ်ကမ်း (၉)ခု၊ ရေမိုင်ပေါင်း (၄၂၅)မိုင် ရှိပါသည်။ လေကြောင်းလမ်းတွင် လေယာဉ်ကွင်း (၄)ခု ရှိပါသည်။
စိုက်ပျိုးရေ ရရှိရေး
==========
ရေလှောင်တမံ - ၄၆ ခု
ရေထိန်းတမံ - ၂ ခု
ဆည် - ၉၃ ခု
ကန် - ၁၀၇၆ ကန်
တာ - ၂ ခု
စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ
==============
ရေနံထုတ်လုပ်မှုတွင် လုပ်ကွက် ၂ ကွက်၊ ‌ရေနံတွင်း ၁၅၈ တွင်းရှိ ပြီး ထွက်ရှိသည့် ပမာဏမှာ (၂၀၁၄-၁၅)၂၇၀၀၀၀ ဂါလံ ဖြစ်သည်။
စက်သုံးဆီအရောင်းဆိုင်ပေါင်း (၅၇၇) ရှိပြီး ပင်မဓာတ်အားခွဲရုံ (၆) ရုံ၊ ထရန်စဖော်မာ (၅၇၇၁)လုံး၊ မီးသုံးစွဲသူဦးရေ (၇၀၃၆၀၈)ဦးရှိသည်။
ကျေးရွာမီးလင်းရေးတွင် အသေးစားရေအားလျှပ်စစ် (၈၉) ရွာ၊ ဇီဝဓာတ်ငွေ့သုံး (၇) ရွာ၊ ဓာတ်အားစနစ် (၂၀၈၈) ရွာ၊ နေစွမ်းအင်စနစ် (၇၂၂) ရွာ၊ ဒီဇယ်စက် (၈၂၃) ရွာ ရှိပါသည်။
ခရီးသွားလာရေးကဏ္ဍ
============
ဟိုတယ် - ၁၇၄ လုံး
မိုတယ် - ၁ လုံး
အင်း - ၆ လုံး
တည်းခိုခန်း - ၃၇ ခု
ရေယာဉ် - ၄၃ စင်း
မော်တော်ယာဉ် - ၈၄ စင်း
လူမှုရေး
=====
လူမှုရေးဆိုင်ရာ အချက်အလက်များ
===================
တက္ကသိုလ် - ၁၈
ကောလိပ် - ၂
သိပ္ပံ‌ကျောင်း - ၂
အထက - ၂၄၂
အလက - ၃၀၁
အမက - ၂၄၉၄
အထက(ခွဲ) - ၁၈၃
အလက(ခွဲ) - ၃၆၁
အမက(ခွဲ) - ၇၆
မူလွန် - ၅၂၉
ဆရာ : ကျောင်းသား (အထက်တန်း) ၁ : ၂၅
ဆရာ : ကျောင်းသား (အလယ်တန်း) ၁ : ၃၀
ဆရာ : ကျောင်းသား (မူလတန်း) ၁ : ၂၀
ဘုန်းတော်ကြီးပညာသင်ကျောင်း - ၃၂၅
ပုဂ္ဂလိကကျောင်း - ၁၄၉
ဆေးရုံ (ဗဟိုအဆင့်အပါအဝင်) - ၁၀၈
ဒသေန်တရဌာန - ၈
ဒေသန္တရဌာနခွဲ - ၉
ကျောင်းကျန်းမာရေးဌာန - ၇
မိခင်နှင့်ကလေး ကျန်းမာရေးဌာန - ၂၅
ကျေးလက်ကျန်းမာရေးဌာန/ - ၁၂၀/၃၉
တိုက်နယ်ကျန်းမားရေးဌာန
ကျေးလက်ကျန်းမာရေးဌာနခွဲ - ၇၅၁
တိုင်းရင်းဆေးကုဌာန - ၂၅
အနာကြီး၊ ငှက်ဖျား၊ ကာလသား - ၃၀
တိုက်ဖျက်ရေးဌာန
==========
တီဘီရောဂါတိုက်ဖျက်ရေးဌာန - ၉
ပုဂ္ဂလိကဆေးရုံ - ၄၂
ပုဂ္ဂလိကဆေးခန်း - ၉၁
GP ဆေးခန်း - ၁၃၃၄
ကျန်းမာရေးစောင့်ရှောက်မှု
===============
ဆရာဝန်နှင့် လူဦးရေအချိုး ၁ : ၁၅၁၉
သူနာပြုနှင့် လူဦးရေးအချိုး ၁ : ၄၆၈၀
ကုတင်နှင့်လူဦးရေအချိုး ၁ : ၈၂၄၀
လူမှုရေးအသင်းအဖွဲ့များ
==============
(၆/၈၈) ဥပဒေအရ သက်တမ်းရှိ မှတ်ပုံတင်အသင်း - ၂၁ သင်း
(၃၁/၂၀၁၄)ဥပဒေအရ သက်တမ်းရှိ မှတ်ပုံတင်အသင်း - ၅၉၃ သင်း
မိခင်နှင့်ကလေးစောင့်ရှောက်ရေး - ၂၅၄၃၁၀၁ ဦး
အမျိုးသမီးရေးရာ - ၉၃၆၃၀၀ ဦး
ကြက်ခြေနီ - ၁၃၄၈၄ ဦး
INGO - ၄၁ သင်း
သာသနာရေး
========
တန်ခိုးကြီးဘုရားစေတီပေါင်း - ၂၁၁ ဆူ
ဘုန်းကြီးကျောင်း - ၉၉၂၉ ကျောင်း
ရဟန်း - ၅၂၆၅၂ ပါး
သာမဏေ - ၄၆၈၅၄ ပါး
သီလရှင်ကျောင်း - ၄၇၄ ကျောင်း
သီလရှင် - ၈၅၅၉ ပါး
ဘာသာရေး
=======
ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း (ချာ့ချ်) - ၁၅၁ ကျောင်း
အစ္စလာမ်ဝတ်ပြုကျောင်း (ဗလီ) - ၁၉၆ ကျောင်း
ဟိန္ဒူဘုရားရှစ်ခိုးကျောင်း - ၁၀၉ ကျောင်း
တရုတ်ဘုရားကျောင်း - ၃၅ ‌ကျောင်း
ပုံနှိပ်လုပ်ငန်းနှင့်မီဒီယာလုပ်ငန်းများ
===================
ပုံနှိပ်စက် လုပ်ငန်း - ၃၀၇ ခု
ကွန်ပျူတာ - ၆၃၀ ခု
မိတ်ထူ - ၅၆၂ ခု
တေးသံသွင်းလုပ်ငန်း - ၉ ခု
ဗွီဒီယို လုပ်ငန်း - ၁၉၁၇ ခု
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး
====================
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အချက်အလက်များ
=============================
ကျေးလက်လမ်းများ
==========
ကတ္တရာလမ်း - ၈၉/၂.၃ မိုင်
ကျောက်လမ်း - ၃၆၃/၇.၉ မိုင်
ကွန်ကရစ်လမ်း - ဝ/၅ မိုင်
မြေလမ်း - ၄၀၇/၅.၅ မိုင်
စုစုပေါင်း - ၈၅၄/၄.၃ မိုင်
ကျေးလက်တံတားများ
============
ကွန်ကရစ် - ၁၉
သစ်သား - ၄၄
ရေပြွန် - ၃၅၇
ရေကျော် - ၃၃
စုစုပေါင်း - ၄၅၃ စင်း
ကျေးလက်ရေရရှိရေး
===========
တွင်းတိမ် - ၁၂၁
တွင်းနက် - ၈၇၄
လက်တူးတွင်း - ၄၀
ရေကန် - ၃၁၀
စိမ့်စမ်း - ၇၈
အခြား - ၄၂၁
စုစုပေါင်း - ၁၈၈၄ တွင်း
ကျေးလက်ကျန်းမာ
===========
ယင်လုံအိမ်သာ - ၂၆၈ လုံး
ကျေးလက်မီးလင်းရေး
=================
ဆိုလာ - ၃၂၉၁၀ အိမ်
လျှပ်စစ် - ၈၀ ရွာ
ကျေးလက်အိမ်ရာ- ၆၅ အိမ်
ယဉ်ကျေးမှုနယ်မြေများ
==================
ပြင်ဦးလွင်ခရိုင် - တကောင်း(ဘီစီ-၂)
ကျောက်ဆည်ခရိုင် - အင်းဝ (အေဒီ-၁၃၆၄)
ညောင်ဦးခရိုင် - ပုဂံ (အေဒီ-၈၄၉)
ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံ တည်ရှိရာဇုန် (၇) ဇုန်
===========================
အတုမရှိကျောင်း၊ ရွှေနန်းတော်ကျောင်း( အောင်မြေသာစံမြို့နယ် )
စန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရား၊
မဟာဝေယံဘုံသာဗားဂရာကျောင်း ( အမရပူရမြို့နယ်)
အင်းဝမြို့ဟောင်းဒေသ၊ ပင်းယမြို့ဟောင်း - (တံတားဦးမြို့နယ်)
မြင်စိုင်းမြို့ဟောင်း - (ကျောက်ဆည်မြို့နယ်)
ပလိပ်ဒေသ( စဉ့်ကိုင်မြို့နယ်)
ပင်လယ် (မိုင်းမော) မြို့ဟောင်း( မြစ်သားမြို့နယ်)
ဝတီးမြို့ဟောင်း ( နွားထိုးကြီးမြို့နယ်)
( www.mandalayregion.gov.mm မှ ထုတ်နှုတ်ဖော်ပြသည်)
==============================
မန္တလေးတိုင်း၏ သမိုင်းအကျဉ်းနှင့် နယ်မြေဒေသဆိုင်ရာ အချက်အလက်များ
တည်နေရာ
======
အကျယ်အဝန်း
========
စတုရန်းမိုင် -၁၁၉၂၅.၉၆
ဧရိယာဧက- ၇၆၃၂၆၁၂
နယ်နိမိတ်
========
တောင်ဘက် - နေပြည်တော်
မြေမျက်နှာသွင်ပြင်
=========
ရာသီဥတု
======
အုပ်ချုပ်ရေး
=======
=================
လူဦးရေ
=====
လူမျိုးစု
====
ကိုးကွယ်သည့်ဘာသာ
============
ရဲတပ်ဖွဲ့
======
မီးသတ်အင်အား
============
==========================
==================
==================
စီးပွားရေး
=======
====================
စိုက်ပျိုးရေး
========
မွေးမြူရေး
========
ဆက်သွယ်ရေး
========
စိုက်ပျိုးရေ ရရှိရေး
==========
ရေလှောင်တမံ - ၄၆ ခု
ရေထိန်းတမံ - ၂ ခု
ဆည် - ၉၃ ခု
ကန် - ၁၀၇၆ ကန်
တာ - ၂ ခု
==============
ခရီးသွားလာရေးကဏ္ဍ
============
ဟိုတယ် - ၁၇၄ လုံး
မိုတယ် - ၁ လုံး
အင်း - ၆ လုံး
တည်းခိုခန်း - ၃၇ ခု
ရေယာဉ် - ၄၃ စင်း
မော်တော်ယာဉ် - ၈၄ စင်း
လူမှုရေး
=====
===================
တက္ကသိုလ် - ၁၈
ကောလိပ် - ၂
သိပ္ပံ‌ကျောင်း - ၂
အထက - ၂၄၂
အလက - ၃၀၁
အမက - ၂၄၉၄
အထက(ခွဲ) - ၁၈၃
အလက(ခွဲ) - ၃၆၁
အမက(ခွဲ) - ၇၆
မူလွန် - ၅၂၉
ပုဂ္ဂလိကကျောင်း - ၁၄၉
ဒသေန်တရဌာန - ၈
ဒေသန္တရဌာနခွဲ - ၉
တိုက်ဖျက်ရေးဌာန
==========
ပုဂ္ဂလိကဆေးရုံ - ၄၂
ပုဂ္ဂလိကဆေးခန်း - ၉၁
GP ဆေးခန်း - ၁၃၃၄
===============
==============
ကြက်ခြေနီ - ၁၃၄၈၄ ဦး
INGO - ၄၁ သင်း
သာသနာရေး
========
ရဟန်း - ၅၂၆၅၂ ပါး
သာမဏေ - ၄၆၈၅၄ ပါး
သီလရှင် - ၈၅၅၉ ပါး
ဘာသာရေး
=======
ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း (ချာ့ခ်ျ) - ၁၅၁ ကျောင်း
===================
ကွန်ပျူတာ - ၆၃၀ ခု
မိတ်ထူ - ၅၆၂ ခု
====================
=============================
ကျေးလက်လမ်းများ
==========
ကတ္တရာလမ်း - ၈၉/၂.၃ မိုင်
ကွန်ကရစ်လမ်း - ဝ/၅ မိုင်
မြေလမ်း - ၄၀၇/၅.၅ မိုင်
ကျေးလက်တံတားများ
============
ကွန်ကရစ် - ၁၉
သစ်သား - ၄၄
ရေပြွန် - ၃၅၇
ရေကျော် - ၃၃
စုစုပေါင်း - ၄၅၃ စင်း
ကျေးလက်ရေရရှိရေး
===========
တွင်းတိမ် - ၁၂၁
တွင်းနက် - ၈၇၄
လက်တူးတွင်း - ၄၀
ရေကန် - ၃၁၀
စိမ့်စမ်း - ၇၈
အခြား - ၄၂၁
စုစုပေါင်း - ၁၈၈၄ တွင်း
ကျေးလက်ကျန်းမာ
===========
ယင်လုံအိမ်သာ - ၂၆၈ လုံး
ကျေးလက်မီးလင်းရေး
=================
ဆိုလာ - ၃၂၉၁၀ အိမ်
လျှပ်စစ် - ၈၀ ရွာ
ကျေးလက်အိမ်ရာ- ၆၅ အိမ်
==================
===========================
Read 561 times
Rate :
(1 Vote)
Related items
  • မန္တလေးမြို့တွင် Peugeot SUV ကားများကို စမ်းသပ်မောင်းနှင်ပြီး ထူးခြားတဲ့ အကျိုးခံစားခွင့်တွေ ရယူနိုင်မယ့် အစီအစဥ်
    mobile_file_2020-08-21_10-06-55_1.jpg
    မန္တလေးမြို့မှာရှိတဲ့ Peugeot Mandalay Showroom မှာ Peugeot SUV ကားများကို ဩဂုတ်လ (၁၇) ရက်နေ့မှ (၂၃) ရက်နေ့ထိ စမ်းသပ်မောင်းနှင် နိုင်မယ့် အစီအစဉ်တစ်ခု ရှိပါတယ်။
  • လူသိနည်းသေးတဲ့ မန္တလေးမြို့က ရှေးဟောင်းနေရာ(၉)ခု
    mandalay_kyone_1.jpg
    မန္တ​လေး​ကိုရောက်တဲ့ဖြစ်တဲ့အခါ လူသိများထင်ရှားပြီးသား​နေရာ​တွေထက် ​ရှေး​ဟောင်းတန်ဖိုးလည်းရှိ၊ လူလည်းသိပ်မသိတဲ့ ​​နေရာ​တွေဘက်ကိုသွားဖို့ တိုက်တွန်းချင်ပါတယ်။ ဒါ့​ကြောင့် ​အောက်မှာ ​ပြောပြ​ပေးထားတဲ့ နေရာ​လေး​တွေဆီ အ​ရောက်သွားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
    သန်း​ခေါင်ယံသိမ် (​ခေါ်) သာရမဥ္ဇူသိမ်
    ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်က ပြည်​ကျောင်းတိုက်အတွင်းမှာတည်ရှိတဲ့ သိမ်​​တော်ကြီးပါ။ ​ရှေးယခင်က ရှင်အရဟံမ​ထေရ်မြတ် သိမ်သမုတ်​တော်မူခဲ့တဲ့ သိမ်​လေးသိမ်ထဲမှာ ဒီသန်း​ခေါင်ယံသိမ်ဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ယခုလက်ရှိ မြင်​တွေ့​နေရတဲ့ သိမ်​တော်ကို​တော့ မင်းတုန်းမင်းရဲ့ ​မြောက်နန်းမိဖုရား သီရိရတနာ​ဒေဝီက ပြန်လည် ပြုပြင်တည်​ဆောက်ခဲ့တယ်လို့ သိရပါတယ်။ သက္ကရာဇ် ၁၂၁၈ ခု၊ ခရစ်နှစ် ၁၈၅၆ ခုနှစ်မှာ​တော့ ဘုရင်နဲ့မိဖုရားတို့ဟာ ဒီသိမ်ကို ​ရေစက်ချလှူဒါန်းပြီး သာရမဥ္ဇူသိမ်လို့ အမည်​ပေး ခေါ်တွင်ခဲ့ပါတယ်။
    Diamond-River-Co-LtdCosmetics_0486.png
    သိမ်​တော်တည်​ဆောက်ထားပုံကိုကြည့်မယ်ဆိုရင် ပုဂံက အာနန္ဒာဘုရားပုံစံနဲ့​ တော်​တော်​လေးဆင်​သလို သိမ်​တော်ဆီသွားတဲ့​ လျှောက်လမ်းရှည်​လေးကလည်း ​ဆွဲ​ဆောင်မှုရှိလှပါတယ်။ သိမ်ပတ်လည်မှာ မနုသီဟရုပ်​တွေနဲ့ မိဖုရား​ရေးထိုးခဲ့တဲ့ ​ကျောက်စာတိုက်တခုကို​ တွေ့မြင်ရသလို သိမ်အတွင်းဘက်မှာ​တော့ ရုပ်ပွား​တော်နှစ်ဆူကိုဖူး​တွေ့ရပါတယ်။ သိမ်အ​ဆောက်အဦမှာလည်း အင်္ဂ​​တေ ပန်း​တော့ ရုပ်လုံး​ရုပ်ကြွ​တွေရှိပြီး သိမ်တံခါးက သစ်သားရုပ်ကြွ​​တွေကလည်း အရမ်းလက်ရာမြောက်ပါတယ်။ ကုန်းဘောင်ခေတ်နှောင်း မြန်မာ့မှုလက်ရာအချို့ကို ​လေ့လာ​တွေ့ရှိရမယ့်​နေရာတခုမို့ တံခွန်တိုင်ဘက်​ရောက်ခဲ့မယ်ဆိုရင် ပြည်​ကျောင်းတိုက်အတွင်းက သန်း​ခေါင်ယံသိမ်ဆီ သွား​ရောက်​ဖို့ လက်တို့လိုက်ပါရ​စေ။
    ​တောင်ကြီးတံတား
    ​အမရပူရဘက်​ရောက်ခဲ့မယ်ဆိုရင် ​တောင်သမန်အင်းကို ဖြတ်​ကျော်တည်​ဆောက်ထားတဲ့ ဦးပိန်တံတားကြီးဆီ သွားရောက်လည်ပတ်သူ​တွေက ပိုများကြပါတယ်။ ဒီတစ်ခါမှာ​တော့ ဦးပိန်တံတားနဲ့ အသက်တူပြီး အရွယ်မတူတဲ့ အမရပူရက တောင်ကြီးတံတား​​ရှိတဲ့ ​တောင်ကြီးရပ်ကွက်ဆီရောက်လာခဲ့ပါတယ်။
    သမိုင်း​ကြောင်းအရ အမရပူမှာ မြို့စာရေးဦးပိန်ဆောက်လုပ်ခဲ့တာ ဦးပိန်တံတား တစ်ခုတည်းမဟုတ်ပဲ တောင်ကြီးတံတား၊ ပန်းပဲတံတား၊ ဗုံအိုးတံတား၊ စကျင်ဝတံတား၊ ကုက္ကိုတံတား များလည်းရှိ​သေးတယ်လို ့သိရပါတယ်။ အခုဖော်ပြပေးမယ့်တံတားကတော့ ​တောင်ကြီးချောင်းကိုဖြတ်ပြီး ​ချောင်းတစ်ဖက်စီက ​တောင်ကြီးရပ်ကွက်နဲ့ ဟင်္သာရပ်ကွက်နှစ်ခုကိုဆက်လို့ရ​အောင် တည်​ဆောက်ထားတဲ့ ​တံတားပါ။ တံတားတဖက်ထိပ်နားမှာ​တော့ ​မြောက်လက်သမား​ကျောင်းတိုက် တည်ရှိပါတယ်။ တံတားပုံစံက ဦးပိန်တံတားနဲ့ဆင်​ပေမယ့် ဦးပိန်​လောက်ခမ်းနားမှုမရှိသလို ကြံခိုင်မူကလည်း ဦးပိန်ကိုမမှီပါဘူး။ ဒီတံတား​နဲ့အပြိုင် ဘေးဘက်မှာ​တော့ အင်္ဂ​တေတံတား​တစ်ခု ဆောက်လုပ်​ပေးထားတာမို့ အဲ့ဒီတံတား​ပေါ်ကပဲ လူ​တွေ၊ ယာဉ်​တွေ ဖြတ်သွားဖြတ်လာလုပ်ကြပါတယ်။ ဒါ​ပေမယ့်​ တောင်ကြီးတံတားကလဲ အမရပူရဲ့ ​ရှေးဟောင်းတံတားတစ်ခုမို့ ​တောင်သမန်ဘက်​ရောက်ခဲ့မယ်ဆို သွားရောက်​လေ့လာဖို့ သတင်းပေးလိုက်ပါတယ်။
    ဆင်ကြို​ရွှေကူ ကပ်​ကျော် ဆု​တောင်းပြည့်ဘုရား
    အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ အမရပူရနန်းမြို့ရိုး​ဟောင်းရဲ့ အ​နောက်​မြောက်​နား​လောက်မှာ တည်ရှိပါတယ်။ ဒီဘုရားကို​တော့ အမရပူရရဲ့ မြို့တည်နန်းတည် ဗဒုံမင်းက ၁၁၄၁ ခုနှစ်မှာ တည်ထားကိုးကွယ်ခဲ့တာလို့ သိရတယ်။ ဘုရားဆီ​ရောက်တာနဲ့ ကန္ဓာကုဋီတိုက်​တော်အတွင်းက ဆင်ကြို​ရွှေကူ ကပ်​ကျော် ဆု​တောင်းပြည့်ဘုရားကို အရင်ဆုံးဝင်​ဖူး​ပြီး ​စေတီ​တော်ကို တစ်ပတ်ပတ်​ပြီးလေ့လာဖြစ်ခဲ့တယ်။ ဘုရားပရဝုဏ်အတွင်းမှာ ဗားမဲ့သိမ်​တော်၊ သိကြားဂူ၊ ကျောက်စာကုန်း​စေတီ၊ သံ​သေကပ်​ကျော်ဘုရားနဲ့ သုဓမ္မဇရပ်တို့ကို​တွေ့မြင်ခဲ့ရပါ​သေးတယ်။ အားလုံးထဲမှာမှ သုဓမ္မာဇရပ်က​ အမရပူရရဲ့ စိတ်ဝင်စားစရာ​အ​ကောင်းဆုံး သမိုင်းဝင် အ​ဆောက်အဦတစ်ခုဖြစ်ပါတယ်။
    MABDrinking-Water-Manu-_-Dist_0028.png
    ဝါခင်းကုန်း မာရ်​အောင်ရတနာ ဓါတုဃ​ရစေတီ
    ​ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်မှာတည်ရှိတဲ့ ​​စေတီ​တော်ကြီးပါ။ ​ဒီစေတီ​တော်တည်​နေရာက ရတနာပုံမြို့တော်တည်စဉ်က မဟာသီရိဟေမဝန်ဥယျာဉ်နေရာ ဖြစ်ခဲ့ပါတယ်။ ​ရှေးအခါတုန်းက​တော့ ဝါခင်းကုန်းရပ် အနီးနားမှာ တည်ရှိ​နေတာမို့ စေတီ​တော်နာမည်ဟာလည်း ဝါခင်းကုန်း​စေတီလို့ အမည်တွင်ခဲ့တာပါ။ မာရ်အောင်ရတနာစေတီတော်ကို ၁၈၇၉ ခုနှစ်မှာ သီ​ပေါဘုရင်နဲ့ မိဖုရားစုဖုရားလတ်တို့က တည်ထားခဲ့တာလို့သိရပါတယ်။​ ​စေတီ​တော်ကြီးထဲမှာ​တော့ ​ရွှေဘို စီရင်စုရွာသာရပ်၊ တလည်းချောင်းအနီး ဥမင်လိုဏ်အတွင်းကရရှိတဲ့ ဓာတ်တော်မွေတော်​တွေရယ်၊ ဗုဒ္ဓဂယာက ရရှိတဲ့ ပဥ္စလောဟာ ရုပ်ပွား​တော်​တွေကို ဌာပနာခဲ့တယ်လို့သိရပါတယ်။
    ဒီ​နေရာမှာ အံ့သြစရာအချက်တစ်ခုက မိဖုရား စုဖုရားလတ်ဟာ ​ရှေးနန်းတွင်းအစဉ်အဆက်သုံးခဲ့တဲ့ "ကာမသျှတ္တရကျမ်း" ကြီးကို မလိုအပ်​တော့ပြီဆိုပြီး ဒီ မာရ်​အောင်ရတနာ​စေတီကြီးထဲမှာ ထည့်သွင်းဌာပနာပစ်လိုက်တာပါပဲ။ စေတီ​တော်ကြီးရဲ့ ပရဝုဏ်အတွင်းဘက်မှာ ပေါ်​တော်မူရုပ်ပွား​တော်​​တွေကိုဖူး​မြင်ရသလို အာရုံခံတန်ဆောင်းတခုအတွင်းမှာ​တော့ ရတနာမုနိ ဓါတ်​ပေါင်းစုမြတ်စွာဘုရားနဲ့ အခြားရုပ်ပွား​တော်အချို့ ကိန်းဝပ်စံပါယ်​နေတာကို ဖူး​တွေ့ရပါ​သေးတယ်။ မာန်​အောင်ရတနာ​စေတီ​တော်ကြီးရဲ့ "ပန်း​မွေ့ရာခင်းပွဲ​တော်" က​တော့ တပိုတွဲ လပြည့်​ကျော် ၂ ရက်​နေ့မှာ ကျင်းပ​နေကျဖြစ်ပြီး ထင်ရှားတဲ့ပွဲ​တော်တစ်ခုလည်းဖြစ်ပါတယ်။
    ဆု​တောင်းပြည့်မြတ်စွာဘုရား
    ချမ်းအေးသာဇံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ ၂၆ × ၂၇ လမ်းကြား၊ ၇၆ × ၇၇ လမ်းကြား၊ ငပယဝင်းထဲမှာ​တော့ မင်းတုန်းမင်းကြီးရဲ့ကုသိုလ်​တော် ဆု​တောင်းပြည့်မြတ်စွာဘုရားတည်ရှိပါတယ်။ ဒီရုပ်ပွား​တော်မြတ်ကို သက္ကရာဇ် ၁၂၁၇ ခုနှစ်မှာ မင်းတုန်းမင်းတရားရဲ့အမိန့်​​တော်နဲ့ သား​တော်မလွန်မင်းသားက ပန်းပုဆရာအ​ကျော်အ​မော်​​တွေကို​ခေါ်ပြီး အမရပူရ​နေပြည်​တော်မှာ ၁၈ လကြာ​အောင် ထုလုပ်ခဲ့ရပါတယ်။ ရုပ်ပွား​တော်ကြီးကို ကျွန်းသစ်သားနဲ့ ထုလုပ်ထားတာဖြစ်ပြီး ဉာဏ်​တော်က​တော့ ကိုး​ပေ၊ ကိုးလက်မမြင့်ပါတယ်။ ရုပ်ပွား​တော်ထုလုပ်ပြီးစီးလို့ မန္တလေး ရတနာပုံ​နေပြည်​တော်ကို ပင့်ဆောင်လာရာမှာ ဟေမာဇလရပ်အရောက်​မှာတော့ ရုပ်ပွားတော်ကို ဆက်ပင့်မရတော့တဲ့အတွက် ထိုနေရာမှာပဲ အများပြည်သူ​တွေ ဖူး​မြော်လို့ရ​အောင် မင်းတုန်းမင်းက ပူဇော်ထားရှိစေခဲ့တာလို့ သိရပါတယ်။
    ​ဘုရားရောက်တဲ့အခါ ကန္ဓာကုဋီ အုတ်ပြဿာဒ်​တော်တွင်းမှာ ဆု​တောင်းပြည့်ရုပ်ပွား​တော်ကို ဖူး​တွေ့ရသလို ​ရှေးဘုရားများနဲ့ နှစ်ကျိပ်နှစ်ဆူဘုရား​တွေကို ဖူး​မြင်ခဲ့ရပါ​သေးတယ်။ ဘုရားဝန်းအတွင်းမှာလည်း ဘုရားဒါယိကာ မင်းတုန်းမင်းရုပ်ထု၊ သား​တော်မလွန်မင်းနဲ့မိဖုရားရုပ်ထုတို့ကို မှန်တိုက်​တော်အတွင်းမှာ ပြသထားတာကိုလည်း ​တွေ့မြင်ရပါ​တယ်။
    သား​တော်ရဘုရား
    ကျွန်းလုံးဥ​သျှောင်ရပ်ကွက်၊ မဟာမုနိဘုရားကြီးရဲ့တောင်ဘက် ၈၄ လမ်း၊ ရွှေအိုးတန်းရပ်မှာ​တော့ သားတော်ရဘုရား တည်ရှိပါတယ်။ သား​တော်ရဘုရားကို အမရပူရမြို့တည် ဗဒုံမင်းမိဖုရား သီရိမဟာမင်္ဂလာ​ဒေဝီက တည်ထားခဲ့တာလို့သိရပါတယ်။ တချို့သမိုင်းကွဲ​တွေမှာတော့
    သားတော်ရဘုရားကို သရေခေတ္တရာခေတ်မှာ ဒွတ္တပေါင်မင်းနဲ့ မိဖုရားစောမြဝတီတို့က တည်ထားခဲ့တာလို့သိရပါတယ်။ သမိုင်း​ကြောင်းအရ ဒွတ္တပေါင်မင်းဟာ အခြားမိဖုရား​တွေရဲ့ ဂုံးချောစကားကိုယုံကြည်ပြီး မိဖုရား​စောမြဝတီကို နယ်နှင်ဒဏ်​ပေးခဲ့ပါတယ်။ စောမြဝတီဟာ ဇာတိမိုးမိတ်မြို့ကို ဧရာဝတီမြစ်​ကြောင်းအတိုင်း ပြန်ရာမှာ မန္တလေးတောင်ရဲ့ အနောက်တောင်အရပ်အရောက်မှာ​တော့ သားတော်​လေးတစ်ပါး ဖွားမြင်ခဲ့ပါတယ်။
    သားတော်​မွေးဖွားကြောင်း သတင်းကို မင်းကြီးကြားသိတဲ့အခါ မိဖုရားရှိရာအရပ်ကိုလိုက်လာပြီး မိဖုရားရဲ့ နား​ဋောင်း​​တော်နဲ့ လက်ဝတ်ရာတနာ​တွေကို ဌာပနာကာ ဘုရားတစ်ဆူတည်ခဲ့ပါတယ်။ ဘုရားဘွဲ့​တော်ကိုလည်း သားတော်ရဘုရားလို့ အမည်​ပေးတော်မူခဲ့တယ်။ သား​တော်ရဘုရားမှာ သားဆုပန်ရင် ဆု​တောင်းပြည့်တာမို့ အနယ်နယ်အရပ်ရပ်က ဘုရားဖူး​တွေ လာ​ရောက်အဓိဌာန်ပြု ဆု​တောင်းကြတာလည်းရှိကြပါတယ်။
    မြေစွန်းဝန်ဆု​တောင်းပြည့်မြတ်စွာဘုရား
    ​မြေစွန်းဝန်ဆု​တောင်းပြည့်မြတ်စွာဘုရားက​တော့ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥ​သျှောင်ရပ်ကွက်၊ ၈၄ × ၈၅ လမ်းကြား၊ အကွက် ၄၉၈ မှာတည်ရှိတာပါ။ သမိုင်း​ကြောင်းအရ မြေစွန်းဝန်စေတီ​တော်ကို အမရပူရခေတ်၊ ဘကြီး​တော်စစ်ကိုင်းမင်းလက်ထက်မှာ မြေစွန်းဝန်မင်းက တည်ထားခဲ့တာလို့သိရပါတယ်။ ​မြေစွန်းဝန်စေတီတော်ကြီးရဲ့ ကန္ဓာကုဋီတိုက်​တော်အတွင်းမှာ​တော့ အမရပူရ​ခေတ် စကျင်ရုပ်ပွား​တော်တစ်ဆူကို ဖူး​တွေ့ရပါတယ်။ မြေစွန်းဝန်​စေတီ​တော်ရဲ့ ​ထောင့်​လေး​ထောင့်မှာ​တော့ မနုသီဟခြင်္သေ့ရုပ်​တွေကို ထူးထူးခြားခြား​တွေ့ရပြီး ဘုရားဝန်းထဲမှာလည်း ​ဓါတ်နန်း၊ နတ်နန်းများကို​တွေ့ရပါ​တယ်။ မန္တ​လေးမြို့ထက် သက်တမ်းပိုရှည်တဲ့ အမရပူ​ခေတ် သမိုင်းဝင် ​ရှေးဘုရားတစ်ဆူမို့ မန္တလာ​မြေကို​ရောက်ခဲ့ရင် သွား​ရောက်ဖူး​မြော်ဖို့သတင်း​ပေးလိုက်ပါတယ်။
    အရိပ်မထွက်ဘုရား
    အရိပ်မထွက်ဘုရားဟာ ​အောင်​မြေသာစံမြို့နယ်၊ ​မြောက်ပြင် အမရဌာနီရပ်ကွက်၊ ၉ လမ်းနဲ့ ၇၈ လမ်း​ထောင့်၊ သရဲ​စျေး​မြောက်ဘက်မှာ တည်ရှိပါတယ်။ ဘုရားရင်ပြင်​​ပေါ်က ​ကျောက်စာအရ သက္ကရာဇ် ၄၂၆ ခုနှစ်မှာ ကျန်စစ်သားမင်းတည်ထားခဲ့တာလို့သိရပါတယ်။ ကျန်စစ်သားမင်းဟာ ဘုရားတည်အပြီးမှာ နောင်ဘဝတွင် လူအဖြစ်ကို ပြန်ရမှ အရိပ်ထွက်ပါ​စေသားလို့ အဓိဌာန်ပြု ဆု​တောင်းခဲ့ပါတယ်။ ဒီဆု​တောင်း​​ကြောင့်ပဲ ​စေတီ​တော်ဟာ အရိပ်မထွက်ခဲ့တာ​မို့ အရိပ်မထွက်ဘုရားလို့ ​​ခေါ်တွင်ခဲ့တာဖြစ်ပါတယ်။
    နောက်ပိုင်း​မှာ​​​တော့ အ​လောင်းစည်သူမင်းရဲ့သား​တော် မင်းရှင်​စော၊ နရပတိစည်သူမင်းတို့က ပြုပြင်ခဲ့သလို အမရပူ​ခေတ်မှာ​တော့ ဗဒုံမင်းရဲ့သား​တော် အိမ်​ရှေ့ဥပရာဇာနဲ့ မင်းတုန်းမင်းလက်ထက်မှာ​တော့ လက်ယာဝင်မှူးသတိုးမင်းကြီး မဟာသမိန်​ဘေဗြတ်ဇ တို့က ပြုပြင်မှု​တွေ လုပ်ခဲ့ကြပါတယ်။
    သမိုင်းကွဲတခုမှာ​တော့ သာသနာနှစ် (၅၀) တ​ကောင်းပြည်ကိုအစိုးရတဲ့ မဟာဥဇနာမင်းလက်ထက်မှာ အာကာဗလစစ်သူကြီးဟာ စစ်တံခွန်လွှင့်ရာ တပ်ဦးမှာပင့်ဆောင်ကိုးကွယ်တဲ့ ဓါတ်​တော်​တွေ အ​ရောင်အဝါကွန့်မြူးခဲ့ပါတယ်။ ဒါ​ကြောင့် စစ်သူကြီးဟာ ဒီအရပ်မှာပဲ ဓါတ်​​တော်တွေကိုဌာပနာပြီး ​​စေတီတဆူတည်ခဲ့တယ်။ ​စေတီတည်ပြီးချိန်မှာ ရန်အ​ပေါင်းတို့သည် အရိပ်မျှပင် မထွက်​စေသတည်းလို့ အဓိဌာန်ပြုဆုတောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ​တော့ အရိပ်မထွက်ဘုရားရယ်လို့ ဘွဲ့​တော်​ခေါ်တွင်ခဲ့ပါတယ်။
    အရိပ်မထွက်ဘုရားကြီးရဲ့ မဟာရံတံတိုင်းအပြင်ဘက်က မုခ်တခုမှာ​တော့ သက္ကရာဇ် ၁၃၁၈ ခုနှစ်မှာ ​ပြုပြင်တည်​ဆောက်မူ​တွေလုပ်ခဲ့ကြပြီး ၁၂၄၇ ခုနှစ်မှာ အရိပ်ထွက်ခဲ့တယ်လို့ ကမ္ဗည်း​ရေးထိုးထားတာကို​ ထူးခြားစွာတွေ့ခဲ့ရပါတယ်။
    မဟာသိမ်ပြဿာဒ်တော်ကြီး
    မဟာသိမ်ပြဿာဒ်​တော်ကြီးက​တော့ အောင်မြေသာစံမြို့နယ်၊ ဥပုတ်တော်ရပ်ကွက် ၁၂ လမ်း၊ ၆၈ နဲ့ ၇၀ လမ်းကြား၊ ရတနာပုံစံကျောင်းတိုက်​တော်ကြီး အတွင်းမှာတည်ရှိပါတယ်။ ဒီသိမ်​တော်ကြီးကို​တော့ သက္ကရာဇ် ၁၂၄၀ ခုနှစ်မှာ မင်းတုန်းမင်းရဲ့တောင်ဆောင်တော် မိဖုရားသီရိအတုလဒေဝီက ရတနာပုံစံကျောင်းဆရာတော်ရဲ့ အရိုးအိုးစေတီကိုငုံပြီး အုတ်ပြဿာဒ်သိမ်တော် ဆောက်လုပ်လှူဒါန်းခဲ့တာပါ။ သိမ်​တော်ကြီးရဲ့ ဖွဲ့စည်းတည်​​ဆောက်ပုံက ပြည်​ကျောင်းတိုက်အတွင်းက သန်း​ခေါင်ယံသိမ်​ရဲ့ တည်​ဆောက်ပုံနဲ့ ​တော်​တော်​လေးဆင်ပါတယ်။ သိမ်​တော်အတွင်းကို ​လေ့လာချင်တယ်ဆိုရင်​တော့ ရတနာပုံစံ​ကျောင်းတိုက်က ဘုန်းဘုန်း​တွေကိုခွင့်​တောင်းပြီး​လေ့လာလို့ရပါတယ်။ က
    မန္တလာ​မြေဆိုတာက မြန်မာ​တွေရဲ့ ​နောက်ဆုံးမင်း​နေပြည်​တော်ဖြစ်ခဲ့တာ​​ကြောင့် ​စေတီပုထိုး ဂူ​ကျောင်းဇရပ်​တွေဆိုတာ မ​ရေမတွက်နိုင်​​လောက်အောင် များမှများပါပဲ။ ဒီအထဲကမှ ​ရှေး​ဟောင်းသမိုင်းဝင်​နေရာအချို့ကို သွား​ရောက်လည်ပတ်​စေနိုင်ဖို့ ရွေးချယ်မျှ​ဝေ​ပေးလိုက်ရပါတယ်​နော်။
    Shwe-KyaeGlass-Plates-_-Mirrors_0166.png
    Source; Travellers_Dream
    သန်း​ခေါင်ယံသိမ် (​ခေါ်) သာရမဉ္ဇူသိမ်
    သား​တော်ရဘုရား
    အရိပ်မထွက်ဘုရား
  • မန္တလေးတိုင်းအတွင်းရှိ တောင်သူများအား တစ်ဧကလျှင် ငါးသောင်းထုတ်ချေးပေး
    mdy_5_0.jpg
    ကိုဗစ်ကာလတွင် တောင်သူများစိုက်ပျိုးရေး၌ အဆင်ပြေစေရန် ကိုဗစ်အထူးချေးငွေ (COVID-19 Special Relief Loan) အစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား တစ်ဧကလျှင် ငါးသောင်းနှုန်းဖြင့် စိုက်ပျိုးဧကပေါ် အခြေခံ၍ ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (မန္တလေး) မှ သိရသည်။
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.