Wednesday, 13 May 2020 16:46

96827024_249634579780864_5735918511591522304_n.jpg

 

မန္တလေးတိုင်းအတွင်း ဧရာ၀တီမြစ်နှင့် ဒုဌ၀တီမြစ်တို့တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနစ်အတွက် ငွေကျပ် ၅.၃ ဘီလီယံ လျာထားချက်ရှိပြီး ကျေးရွာပေါင်း၂၁ ရွာ၌ ဆောင် ရွက်သွားမည်ဖြစ်ကြောင်းမန္တလေးတိုင်းရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်မြင့်သန်းက ပြောသည်။

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအပြင် မြစ်ကြောင်းရေလမ်းထိန်းသိမ်းရေးလုပ်ငန်း ၄ ခုအတွက် ငွေကျပ်သန်း ၉၀၀ လျာထားချက်ရှိပြီး တိုင်းလွတ်တော်ရေးရာကော်မတီမှ အတည်ပြုပြီးချိန်တွင် လုပ်ငန်းများ စတင်မည်ဟု ဆိုသည်။

“ ဒီနှစ်တိုင်းအစိုးရက ဘဏ္ဍာငွေ အကြမ်းဖျဉ်း ခွဲဝေချထားပေးမှုအရ ကမ်းပြိုကာကွယ်ရေးအတွက် ၅ ဘီလီယံ ချပေးတော့ အရေးကြီးပြီး မဖြစ်မနေလုပ်ရမယ့် နေရာ၂၀ ရွေးလိုက်ရတယ်။ အဓိက ဧရာ၀တီမြစ်ဖြစ်ပြီး ဒုဌ၀တီမြစ်လဲ ပါတယ်။ ကျန်တာက ရွာဘက်တွေမှာ တောင်ကျချောင်းတွေက ကမ်းပါးပြိုတာနဲ့ဆည်ရေကြောင့် ရေကြီးရေလျှံဖြစ်တဲ့နေရာတွေ ပါ၀င်တယ်။ ရေလမ်းထိန်းသိမ်းရေးမှာ သောင်တူးလုပ်ငန်းတွေ ပါတယ်” ဟု ၎င်းက ပြောသည်။

ယခုနှစ်တွင် မြို့နယ်အသီးသီးမှ ကျေးရွာများ၌ ကမ်းပြိုကာကွယ်ရေး လုပ်ဆောင်ပေးရန် တင်ပြလာသည့် ကျေးရွာပေါင်း ၅၀ ခန့်ရှိအတွက် ၁၆ ဘီလီယံကျော် သုံးစွဲရမည်သော်လည်း တိုင်းအစိုးရမှ လျာထားချမှတ်သည့် ၅ ဘီလီယံကျော်နှင့် ကိုက်ညီအောင် ၂၁ ရွာကို ဦးစားပေးရွေးချယ်ရခြင်းဖြစ်ပြီး လာမည့်နှစ်များတွင် လုပ်ငန်းလုပ်ဆောင်ရန် ထည့်သွင်းပေးသွားမည် ဟုသိရသည်။

Mandalay News

==============================

မႏၲေလးတိုင္းအတြင္း ကမ္းၿပိဳကာကြယ္ေရးအတြက္ က်ပ္ ၅ ဘီလီယံေက်ာ္ လ်ာထား

မႏၲေလးတိုင္းအတြင္း ဧရာ၀တီျမစ္ႏွင့္ ဒုဌ၀တီျမစ္တို႔တြင္ ကမ္းၿပိဳကာကြယ္ေရးလုပ္ငန္းမ်ားလုပ္ေဆာင္ရန္ ၂၀၂၀-၂၀၂၁ ခုႏွစ္ ဘ႑ာနစ္အတြက္ ေငြက်ပ္ ၅.၃ ဘီလီယံ လ်ာထားခ်က္ရွိၿပီး ေက်း႐ြာေပါင္း၂၁ ႐ြာ၌ ေဆာင္ ႐ြက္သြားမည္ျဖစ္ေၾကာင္းမႏၲေလးတိုင္းေရအရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာန တိုင္းဦးစီးမႉး ဦးေက်ာ္ျမင့္သန္းက ေျပာသည္။

ကမ္းၿပိဳကာကြယ္ေရးလုပ္ငန္းမ်ားအျပင္ ျမစ္ေၾကာင္းေရလမ္းထိန္းသိမ္းေရးလုပ္ငန္း ၄ ခုအတြက္ ေငြက်ပ္သန္း ၉၀၀ လ်ာထားခ်က္ရွိၿပီး တိုင္းလြတ္ေတာ္ေရးရာေကာ္မတီမွ အတည္ျပဳၿပီးခ်ိန္တြင္ လုပ္ငန္းမ်ား စတင္မည္ဟု ဆိုသည္။

“ ဒီႏွစ္တိုင္းအစိုးရက ဘ႑ာေငြ အၾကမ္းဖ်ဥ္း ခြဲေဝခ်ထားေပးမႈအရ ကမ္းၿပိဳကာကြယ္ေရးအတြက္ ၅ ဘီလီယံ ခ်ေပးေတာ့ အေရးႀကီးၿပီး မျဖစ္မေနလုပ္ရမယ့္ ေနရာ၂၀ ေ႐ြးလိုက္ရတယ္။ အဓိက ဧရာ၀တီျမစ္ျဖစ္ၿပီး ဒုဌ၀တီျမစ္လဲ ပါတယ္။ က်န္တာက ႐ြာဘက္ေတြမွာ ေတာင္က်ေခ်ာင္းေတြက ကမ္းပါးၿပိဳတာနဲ႔ဆည္ေရေၾကာင့္ ေရႀကီးေရလွ်ံျဖစ္တဲ့ေနရာေတြ ပါ၀င္တယ္။ ေရလမ္းထိန္းသိမ္းေရးမွာ ေသာင္တူးလုပ္ငန္းေတြ ပါတယ္” ဟု ၎က ေျပာသည္။

ယခုႏွစ္တြင္ ၿမိဳ႕နယ္အသီးသီးမွ ေက်း႐ြာမ်ား၌ ကမ္းၿပိဳကာကြယ္ေရး လုပ္ေဆာင္ေပးရန္ တင္ျပလာသည့္ ေက်း႐ြာေပါင္း ၅၀ ခန္႔ရွိအတြက္ ၁၆ ဘီလီယံေက်ာ္ သုံးစြဲရမည္ေသာ္လည္း တိုင္းအစိုးရမွ လ်ာထားခ်မွတ္သည့္ ၅ ဘီလီယံေက်ာ္ႏွင့္ ကိုက္ညီေအာင္ ၂၁ ႐ြာကို ဦးစားေပးေ႐ြးခ်ယ္ရျခင္းျဖစ္ၿပီး လာမည့္ႏွစ္မ်ားတြင္ လုပ္ငန္းလုပ္ေဆာင္ရန္ ထည့္သြင္းေပးသြားမည္ ဟုသိရသည္။

Mandalay News


Read 23 times Last modified on Wednesday, 13 May 2020 16:50
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.