Print this page
Tuesday, 12 May 2020 13:19

.PNG

 

မန္တလေးမြို့တွင် ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က မိုးသက်လေပြင်းများ ကျရောက်ပြီး မိုးသီးများ ကြွေကျခြင်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသက်လေပြင်း ကျရောက်ခြင်းကြောင့် အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်မှာ လဲပြို ပျက်ဆီးသွားခဲ့သည်။

မန္တလေးမြို့အတွင်း အချို့နေရာများတွင်လည်း သစ်ပင်များ ကိုင်းကျိုးကျခြင်း၊ ဓာတ်တိုင်များလဲပြိုခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၁၁ ရက်နေ့ကလည်း မိုးသက်လေပြင်း ကျရောက်ပြီး ချမ်းအေးသာစံ အရှေ့ရပ်ကွက်တွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကာ ပြည်ကြီးတံခွန်မြို့နယ်တွင်လည်း အဆောက်အဦး အမိုးလန်ခြင်း၊ ဓာတ်တိုင်များ လဲကျခြင်းများ ဖြစ်ပွားခဲ့သည်။

MOI

==============================

ယေန႔တြင္လည္း မႏၲေလးတြင္ မိုးသက္ေလျပင္း က်ေရာက္ၿပီး မိုးသီးမ်ားပါ ေႂကြက်

မႏၲေလးၿမိဳ႕တြင္ ယေန႔မြန္းလြဲ ၂ နာရီ ၁၅ မိနစ္ခန႔္က မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး မိုးသီးမ်ား ေႂကြက်ျခင္း ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

အဆိုပါ မိုးသက္ေလျပင္း က်ေရာက္ျခင္းေၾကာင့္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန႐ုံးေရွ႕ရွိ ေျမစိုက္နံရံကပ္ဘုတ္မွာ လဲၿပိဳ ပ်က္ဆီးသြားခဲ့သည္။

မႏၲေလးၿမိဳ႕အတြင္း အခ်ိဳ႕ေနရာမ်ားတြင္လည္း သစ္ပင္မ်ား ကိုင္းက်ိဳးက်ျခင္း၊ ဓာတ္တိုင္မ်ားလဲၿပိဳျခင္းမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေမလ ၁၁ ရက္ေန႔ကလည္း မိုးသက္ေလျပင္း က်ေရာက္ၿပီး ခ်မ္းေအးသာစံ အေရွ႕ရပ္ကြက္တြင္ သစ္ပင္လဲက်၍ လမ္းပိတ္ဆို႔မႈမ်ား ျဖစ္ပြားခဲ့ကာ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္လည္း အေဆာက္အဦး အမိုးလန္ျခင္း၊ ဓာတ္တိုင္မ်ား လဲက်ျခင္းမ်ား ျဖစ္ပြားခဲ့သည္။

MOI


Read 386 times
Rate :
(1 Vote)

Related items