Sunday, 29 March 2020 13:52

Zay-Cho-Market-Mandalay-Myanmar_1.jpg

 

( Unicode )

မႏၲေလးၿမိဳ႕တြင္ အစားအေသာက္ႏွင့္ ေဆးဝါးဆိုင္မ်ားမွလြဲ၍ ေဈးအားလုံးကို မတ္လ ၂၈ ရက္ ညေနပိုင္းမွ စတင္၍ ပိတ္သိမ္းထားၿပီ ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီက ထုတ္ျပန္ထားသည္။

မႏၲေလးတြင္ စုစုေပါင္း ေဈးႀကီး ( ၄၀ ) ရွိၿပီး ယခုကဲ့သို႔ ေဈးမ်ားပိတ္ထားေသာေၾကာင့္ ပစၥည္းလက္က်န္ က်န္ရွိေနသူမ်ားအေနျဖင့္ မိမိေနအိမ္တြင္ ကုန္ပစၥည္းမ်ား သယ္ယူေရာင္းခ်ရန္ ခြင့္ျပဳေပးထားေၾကာင္း သိရသည္။

ထို႔ျပင္ အေရးေပၚအေျခအေနႀကဳံလာပါကလည္း ျပည္သူမ်ား အဆင္ေျပေစရန္အတြက္ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီက ဆန္ကုန္သည္ႀကီးမ်ားအသင္းႏွင့္ ပူးေပါင္းကာ ရပ္ကြက္မ်ားတြင္ ဆန္ေရာင္းခ်ေပးျခင္းမ်ား ေဆာင္႐ြက္ေပးသြားမည္ ျဖစ္သည္။

ေဆးပစၥည္းမ်ား ေဈးႏႈန္းတည္ၿငိမ္ေရးႏွင့္ မျပတ္လပ္ေရး၊ အထူးသျဖင့္ အရည္ေသြးျမင့္ Mask မ်ားကို ၄၀၀ က်ပ္ႏႈန္းနဲ႔ အလြယ္တကူ ဝယ္ယူႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေနသကဲ့သို႔ အေျခခံစားေသာက္ကုန္မ်ား ေဈးႏႈန္းတည္ၿငိမ္ေရးနဲ႔ စားေသာက္ကုန္မ်ား မျပတ္လပ္ေရးအတြက္လည္း တိုင္းေဒသႀကီး အစိုးရအဖြဲ႕က စီစဥ္ေဆာင္႐ြက္လ်က္ ရွိသည္။

ယခုကဲ့သို႔ ေဈးမ်ား ပိတ္သိမ္းျခင္းသည္ ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ပ်က္ေနသည္ကို အေျခခံ၍ ဆုံးျဖတ္ျခင္း မဟုတ္ပဲ အျခားႏိုင္ငံမ်ား၏ လတ္တေလာႀကဳံေတြ႕ေနရသည့္ အေနအထားႏွင့္ ေနာက္က်ခဲ့သည့္ အေရးယူေဆာင္႐ြက္ခ်က္မ်ားအေပၚ ေလ့လာသုံးသပ္ၿပီး ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

MCDC

 

( Zawgyi )

မန္တလေးမြို့တွင် အစားအသောက်နှင့် ဆေးဝါးဆိုင်များမှလွဲ၍ ဈေးအားလုံးကို မတ်လ ၂၈ ရက် ညနေပိုင်းမှ စတင်၍ ပိတ်သိမ်းထားပြီ ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။

မန္တလေးတွင် စုစုပေါင်း ဈေးကြီး ( ၄၀ ) ရှိပြီး ယခုကဲ့သို့ ဈေးများပိတ်ထားသောကြောင့် ပစ္စည်းလက်ကျန် ကျန်ရှိနေသူများအနေဖြင့် မိမိနေအိမ်တွင် ကုန်ပစ္စည်းများ သယ်ယူရောင်းချရန် ခွင့်ပြုပေးထားကြောင်း သိရသည်။

ထို့ပြင် အရေးပေါ်အခြေအနေကြုံလာပါကလည်း ပြည်သူများ အဆင်ပြေစေရန်အတွက် မြို့တော်စည်ပင်သာယာရေး ကော်မတီက ဆန်ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းကာ ရပ်ကွက်များတွင် ဆန်ရောင်းချပေးခြင်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ဆေးပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေးနှင့် မပြတ်လပ်ရေး၊ အထူးသဖြင့် အရည်သွေးမြင့် Mask များကို ၄၀၀ ကျပ်နှုန်းနဲ့ အလွယ်တကူ ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်ရေးနဲ့ စားသောက်ကုန်များ မပြတ်လပ်ရေးအတွက်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်လျက် ရှိသည်။

ယခုကဲ့သို့ ဈေးများ ပိတ်သိမ်းခြင်းသည် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပျက်နေသည်ကို အခြေခံ၍ ဆုံးဖြတ်ခြင်း မဟုတ်ပဲ အခြားနိုင်ငံများ၏ လတ်တလောကြုံတွေ့နေရသည့် အနေအထားနှင့် နောက်ကျခဲ့သည့် အရေးယူဆောင်ရွက်ချက်များအပေါ် လေ့လာသုံးသပ်ပြီး ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

MCDC


Read 233 times Last modified on Sunday, 29 March 2020 13:59
Rate :
(14 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.