Saturday, 21 March 2020 14:44

ShweNanTawKyi

ေ႐ႊေက်ာင္းဟု လူသိမ်ားေသာ ေ႐ႊနန္းေတာ္ေက်ာင္းသည္ မႏၲေလးတိုင္းေဒသႀကီး ေအာင္ေျမသာဇံၿမိဳ႕နယ္ ေဒါနဘြားရပ္ကြက္တြင္ တည္ရွိၿပီး ႏွစ္ေပါင္း (၁၃၀) ေက်ာ္ သက္တမ္းရွိၿပီျဖစ္ပါတယ္။

ေ႐ႊနန္းေတာ္ႀကီးမွာ အမိုးသုံးဆင့္၊ လယ္ေပၚႏွစ္ထပ္၊ စျမင္ပါေသာ ေဇတဝန္ေဆာင္ျဖစ္ၿပီး ကုန္းေဘာင္ေခတ္(၁၉) ရာစုတြင္ ျမန္မာ့အႏုပညာ ဗိသုကာလက္ရာစံျပဳ ေက်ာင္းႀကီးလည္းျဖစ္ပါတယ္။

Read More>>> ျမန္မာႏိုင္ငံအထက္ပိုင္းမွာ အထင္ရွားဆုံးနဲ႔ အႀကီးက်ယ္ဆုံးျဖစ္တဲ့ မႏၱေလးၿမိဳ႕မွ ေက်ာက္ေတာ္ႀကီးဘုရား

ေ႐ႊနန္းေတာ္ေက်ာင္း၏ သမိုင္းေၾကာင္း

ျမနန္းစံေက်ာ္ေ႐ႊနန္းေတာ္ရွိ မွန္နန္းေဆာင္၏ ေျမာက္ဘက္တြင္ မင္းတုန္းမင္းစံျမန္းရာ နန္းေဆာင္တစ္ေဆာင္ရွိခဲ့ၿပီး ၁၈၇၈ ခုႏွစ္၊ ေအာက္တိုဘာ ၁ ရက္ေန႔တြင္ မင္းတုန္းမင္း နတ္႐ြာစံၿပီး သားေတာ္ သီေပါမင္းက ဖခင္ မင္းတုန္းမင္း နတ္႐ြာစံခဲ့ေသာ နန္းေဆာင္ႏွင့္ စႏုေဆာင္ကို ေအာက္တိုဘာ ၁၃ ရက္ေန႔တြင္ ျဖဳတ္သိမ္းခဲ့ပါတယ္။

၁၈၈၃ ခုႏွစ္၊ ေအာက္တိုဘာ ၃၁ ရက္ေန႔တြင္ ယခုေ႐ႊေက်ာင္းရွိရာေနရာကို ဘုန္းႀကီးေက်ာင္းအျဖစ္ ေျပာင္းလဲေဆာက္လုပ္လွဴဒါန္းခဲ့ပါတယ္။

၁၉ ရာစုက ကုန္းေဘာင္ေခတ္ရွိ ျမန္မာမႈဗိသုကာလက္ရာမ်ားကို အစြမ္းကုန္အသုံးျပဳထားၿပီး ထိုေခတ္က ေငြဒဂၤါး တစ္သိန္းႏွစ္ေသာင္းက်ပ္ ကုန္က်ခဲ့ပါတယ္။ နန္းေတာ္မွ ေျပာင္းလဲလာခဲ့သည့္ ေက်ာင္းျဖစ္၍ ေ႐ႊနန္းေတာ္ေက်ာင္းဟု အမည္ေပးခဲ့ေသာ္လည္း ေက်ာင္းေတာ္ အတြင္း၊ အျပင္တစ္ခုလုံးကို ေ႐ႊပိန္းခ်ထားသည့္အတြက္ ေ႐ႊေက်ာင္းဟု လူသိမ်ားလာခဲ့ပါတယ္။

Read More>>> မႏၲ​ေလးၿမိဳ႕က သက္တမ္းအရင့္ဆုံးႏွင့္ အႀကီးမားဆုံး​ ေဈးခ်ိဳေတာ္

ေ႐ႊနန္းေတာ္ေက်ာင္းႀကီး၏ ဗိသုကာလက္ရာမ်ား

ေက်ာင္းႀကီးတစ္ေဆာင္လုံးတြင္ အေရွ႕အေနာက္တိုင္ (၁၅)လုံးတန္းႏွင့္ ေတာင္ေျမာင္(၁၀) လုံးတန္းရွိျခင္းေၾကာင့္ တိုင္ေပါင္း(၁၅၀)တိုင္၊ နယား႐ုပ္ေထာက္တိုင္ေပါင္း(၅၄)တိုင္ႏွင့္ သရက္ကင္း အုတ္ေလွကားငါးစင္းျဖင့္ တည္ေဆာက္ထားပါတယ္။

ေ႐ႊေက်ာင္းတစ္ခုလုံး၏ အတြင္း အျပင္ေနရာလပ္မက်န္ ဗိသုကာပညာရပ္မ်ားကို အခမ္းနားဆုံး အသုံးျပဳထားၿပီး ျခဴပန္း၊ ျခဴႏြယ္၊ အေျပာက္အမြမ္း၊ ႐ုပ္လုံး႐ုပ္ႂကြ၊ နံရံကပ္႐ုပ္ႂကြ၊ ဇာတ္ႀကီးဆယ္ဘြဲ႕ထြင္း႐ုပ္ႂကြမ်ားကို ကိန္းႀကီးခမ္းႀကီးစြာ ေတြ႕ႏိုင္ပါတယ္။ ေက်ာင္းထဲရွိ ကြန္းစင္တိုင္ေျခတြင္ ဇာတ္ႀကီးဆယ္ဘြဲ႕႐ုပ္ႂကြမ်ားကို တိုင္ေျခတစ္ခုစီမွာ ဇာတ္တစ္ခုစီ ထြင္းထားပါတယ္။

ေဝႆႏၲရာဇာတ္ေတာ္၏ ႐ုပ္လုံး႐ုပ္ႂကြတြင္ ေအာက္ပါအတိုင္း အေသးစိတ္ ထြင္းထုထားသည္ကို ေတြ႕ႏိုင္ပါတယ္။

- ပုဏၰားတို႔က ေဝႆႏၲရာမင္းႀကီးထံမွာ မဂၤလာဆင္ျဖဴ အလွဴခံဟန္၊ (အလယ္တိုင္ရဲ႕ ပထမအတန္း ညာဘက္ပုံ)၊

- ေဝႆႏၲရာမင္းႀကီးက ပုဏၰားေတြကို မဂၤလာဆင္ျဖဴေတာ္ အလွဴေပးလိုက္လို႔ ပုဏၰားေတြေပ်ာ္ၿပီး ဆင္စီးသြားဟန္၊ (အလယ္တိုင္ရဲ႕ ပထမအတန္း ညာဘက္ ဒုတိယေျမာက္ပုံ)၊

- မဂၤလာဆင္ျဖဴလွဴလိုက္လို႔ တိုင္းသူျပည္သားေတြ မေက်မနပ္ျဖစ္တဲ့အတြက္ မင္းႀကီးက မိဖုရားနဲ႔ သားသမီးမ်ားကို ျမင္းရထားေပၚတင္ၿပီး ေတာသို႔ထြက္ဟန္၊ (အလယ္တိုင္ရဲ႕ ပထမအတန္း ဘယ္ဘယ္ပုံ)၊

- ေတာထဲမွာ အစာရွာထြက္တဲ့ မိဖုရားကို နတ္သားသုံးပါးက ျခေသၤ့၊ က်ား၊ က်ားသစ္အသြင္ ဖန္တီးၿပီး အိမ္အျပန္ေနာက္က်ေအာင္ ဟန္႔တားဟန္၊ (ဒုတိယအတန္း ညာဘက္ကပုံ)၊

- သားနဲ႔ သမီးကို အခိုင္းအေစအျဖစ္ အလွဴလာခံတဲ့ ပုဏၰားကို ေၾကကြဲစြာ လွဴဒါန္းလိုက္ဟန္၊ (ဒုတိယအတန္း ဘယ္ဘက္ကပုံ) စသည့္ ဘုရားေလာင္းတို႔ က်င့္ႀကံရေသာ စြန္႔ျခင္းငါးပါးထဲမွ သား၊ သမီးရတနာကို စြန္႔ျခင္း ပါရီမီျဖည့္က်င့္ပုံမ်ား ထြင္းထုထားသည္ကို ေတြ႕ႏိုင္ပါတယ္။

Read More>>> မႏၲေလး၏ ေခတ္အမွီဆုံးႏွင့္ အလွပဆုံး မန္းသီတာဥယ်ာဥ္

ျပဳျပင္ထိန္းသိမ္းျခင္း

သက္တမ္း ၁၃၀ ေက်ာ္ၿပီျဖစ္ေသာ မႏၲေလးေတာင္ေျခရွိ သမိုင္းဝင္ေ႐ႊေက်ာင္းႀကီးကို တိုင္လုံးေပါင္း ၁၅၀ ႏွင့္ ေထာက္ကန္ထားျခင္းျဖစ္ၿပီး ၂၀၁၃ ခုႏွစ္ ဇူလိုင္လအတြင္းမွ စတင္၍ အေမရိကန္ႏိုင္ငံအေျခစိုက္ ကမာၻ႔ အေဆာက္အအုံ ထိန္းသိမ္းေရးဆိုင္ရာ ရန္ပုံေငြအဖြဲ႕ (World Monument Fund)မွ အေမရိကန္ ေဒၚလာ ၅ သိန္း ၅ ေထာင္ အကုန္အက်ခံ၍ ပညာရွင္မ်ားျဖင့္ စစ္ေဆးေဆာင္႐ြက္ခဲ့ပါတယ္။

အဆိုပါ ပညာရွင္မ်ား ျပဳလုပ္ခဲ့သည့္လုပ္ငန္းမ်ားမွာ ေ႐ႊနန္းေတာ္ေက်ာင္းႀကီးႏွင့္ပတ္သက္၍ လက္ရွိအေျခအေနကို သိရွိေစရန္ Laser Scanning ႐ိုက္ကူးျခင္း၊ ဆင္ယင္ထားသည့္ အမြမ္းအေျပာက္ ပန္းပု႐ုပ္လုံး႐ုပ္ႂကြမ်ားကို အေသးစိတ္ လက္ျဖင့္ပုံဆြဲ မွတ္တမ္းတင္ျခင္း၊ ေက်ာင္းတိုင္မ်ားအတြင္း မိုးေရစိမ့္ဝင္ျခင္းႏွင့္ ျခစားျခင္းမ်ားေၾကာင့္ ပ်က္စီးမႈအေျခအေနကို စမ္းသပ္ ေလ့လာျခင္း၊ အေဆာက္အအုံအတြင္း မိုးယိုျခင္းေၾကာင့္ ျဖစ္ေပၚလာလ်က္ရွိသည့္ ေဆြးေျမ့ပ်က္စီးေနသည့္ အပိုင္းမ်ားအား ထိန္းသိမ္းေဆာင္႐ြက္ေရးအတြက္ ေလ့လာသုေတသနျပဳျခင္း၊ ေ႐ႊေက်ာင္းဝန္းက်င္ ေရစီးေရလာေကာင္းမြန္ေစေရး၊ မီးေဘးအႏၲရာယ္ ကာကြယ္ေရးဆိုင္ရာ ပညာေပးေဆာင္႐ြက္ျခင္းမ်ားရွိပါတယ္။

World Monument Fund အေနျဖင့္ ေနာက္ထပ္ရန္ပုံေငြရရွိပါကာ ေ႐ႊနန္းေတာ္ေက်ာင္းတဝိုက္ သာယာလွပေစေရးအတြက္ ေျမယာရႈခင္း(Landscapping) ျပဳလုပ္ျခင္း၊ ေက်ာင္းအေဆာက္အအုံ၌ ပ်က္စီးေနသည့္ သစ္သားထည္မ်ားကို ျပဳျပင္မြမ္းမံျခင္းမ်ား ျပဳလုပ္မည္ျဖစ္ပါတယ္။

Read More>>> မႏၲေလးတိုင္းနယ္နိမိတ္အတြင္းက ၿမိဳ႕နယ္ႀကီး ( ၇ ) ခု အေၾကာင္း အျပည္႔အစံု

Ref: wikipedia

### Zawgyi Code

မြန်မာ့ဗိသုကာလက်ရာများကို အပြည့်အဝခံစားရမယ့် မန္တလေးတောင်ခြေက သမိုင်းဝင်ရွှေနန်းတော်ကျောင်း

ရွှေကျောင်းဟု လူသိများသော ရွှေနန်းတော်ကျောင်းသည် မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် ဒေါနဘွားရပ်ကွက်တွင် တည်ရှိပြီး နှစ်ပေါင်း (၁၃၀) ကျော် သက်တမ်းရှိပြီဖြစ်ပါတယ်။

ရွှေနန်းတော်ကြီးမှာ အမိုးသုံးဆင့်၊ လယ်ပေါ်နှစ်ထပ်၊ စမြင်ပါသော ဇေတဝန်ဆောင်ဖြစ်ပြီး ကုန်းဘောင်ခေတ်(၁၉) ရာစုတွင် မြန်မာ့အနုပညာ ဗိသုကာလက်ရာစံပြု ကျောင်းကြီးလည်းဖြစ်ပါတယ်။

ရွှေနန်းတော်ကျောင်း၏ သမိုင်းကြောင်း

မြနန်းစံကျော်ရွှေနန်းတော်ရှိ မှန်နန်းဆောင်၏ မြောက်ဘက်တွင် မင်းတုန်းမင်းစံမြန်းရာ နန်းဆောင်တစ်ဆောင်ရှိခဲ့ပြီး ၁၈၇၈ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် မင်းတုန်းမင်း နတ်ရွာစံပြီး သားတော် သီပေါမင်းက ဖခင် မင်းတုန်းမင်း နတ်ရွာစံခဲ့သော နန်းဆောင်နှင့် စနုဆောင်ကို အောက်တိုဘာ ၁၃ ရက်နေ့တွင် ဖြုတ်သိမ်းခဲ့ပါတယ်။

၁၈၈၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့တွင် ယခုရွှေကျောင်းရှိရာနေရာကို ဘုန်းကြီးကျောင်းအဖြစ် ပြောင်းလဲဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

၁၉ ရာစုက ကုန်းဘောင်ခေတ်ရှိ မြန်မာမှုဗိသုကာလက်ရာများကို အစွမ်းကုန်အသုံးပြုထားပြီး ထိုခေတ်က ငွေဒင်္ဂါး တစ်သိန်းနှစ်သောင်းကျပ် ကုန်ကျခဲ့ပါတယ်။ နန်းတော်မှ ပြောင်းလဲလာခဲ့သည့် ကျောင်းဖြစ်၍ ရွှေနန်းတော်ကျောင်းဟု အမည်ပေးခဲ့သော်လည်း ကျောင်းတော် အတွင်း၊ အပြင်တစ်ခုလုံးကို ရွှေပိန်းချထားသည့်အတွက် ရွှေကျောင်းဟု လူသိများလာခဲ့ပါတယ်။

ရွှေနန်းတော်ကျောင်းကြီး၏ ဗိသုကာလက်ရာများ

ကျောင်းကြီးတစ်ဆောင်လုံးတွင် အရှေ့အနောက်တိုင် (၁၅)လုံးတန်းနှင့် တောင်မြောင်(၁၀) လုံးတန်းရှိခြင်းကြောင့် တိုင်ပေါင်း(၁၅၀)တိုင်၊ နယားရုပ်ထောက်တိုင်ပေါင်း(၅၄)တိုင်နှင့် သရက်ကင်း အုတ်လှေကားငါးစင်းဖြင့် တည်ဆောက်ထားပါတယ်။

ရွှေကျောင်းတစ်ခုလုံး၏ အတွင်း အပြင်နေရာလပ်မကျန် ဗိသုကာပညာရပ်များကို အခမ်းနားဆုံး အသုံးပြုထားပြီး ခြူပန်း၊ ခြူနွယ်၊ အပြောက်အမွမ်း၊ ရုပ်လုံးရုပ်ကြွ၊ နံရံကပ်ရုပ်ကြွ၊ ဇာတ်ကြီးဆယ်ဘွဲ့ထွင်းရုပ်ကြွများကို ကိန်းကြီးခမ်းကြီးစွာ တွေ့နိုင်ပါတယ်။ ကျောင်းထဲရှိ ကွန်းစင်တိုင်ခြေတွင် ဇာတ်ကြီးဆယ်ဘွဲ့ရုပ်ကြွများကို တိုင်ခြေတစ်ခုစီမှာ ဇာတ်တစ်ခုစီ ထွင်းထားပါတယ်။

ဝေဿန္တရာဇာတ်တော်၏ ရုပ်လုံးရုပ်ကြွတွင် အောက်ပါအတိုင်း အသေးစိတ် ထွင်းထုထားသည်ကို တွေ့နိုင်ပါတယ်။

- ပုဏ္ဏားတို့က ဝေဿန္တရာမင်းကြီးထံမှာ မင်္ဂလာဆင်ဖြူ အလှူခံဟန်၊ (အလယ်တိုင်ရဲ့ ပထမအတန်း ညာဘက်ပုံ)၊

- ဝေဿန္တရာမင်းကြီးက ပုဏ္ဏားတွေကို မင်္ဂလာဆင်ဖြူတော် အလှူပေးလိုက်လို့ ပုဏ္ဏားတွေပျော်ပြီး ဆင်စီးသွားဟန်၊ (အလယ်တိုင်ရဲ့ ပထမအတန်း ညာဘက် ဒုတိယမြောက်ပုံ)၊

- မင်္ဂလာဆင်ဖြူလှူလိုက်လို့ တိုင်းသူပြည်သားတွေ မကျေမနပ်ဖြစ်တဲ့အတွက် မင်းကြီးက မိဖုရားနဲ့ သားသမီးများကို မြင်းရထားပေါ်တင်ပြီး တောသို့ထွက်ဟန်၊ (အလယ်တိုင်ရဲ့ ပထမအတန်း ဘယ်ဘယ်ပုံ)၊

- တောထဲမှာ အစာရှာထွက်တဲ့ မိဖုရားကို နတ်သားသုံးပါးက ခြင်္သေ့၊ ကျား၊ ကျားသစ်အသွင် ဖန်တီးပြီး အိမ်အပြန်နောက်ကျအောင် ဟန့်တားဟန်၊ (ဒုတိယအတန်း ညာဘက်ကပုံ)၊

- သားနဲ့ သမီးကို အခိုင်းအစေအဖြစ် အလှူလာခံတဲ့ ပုဏ္ဏားကို ကြေကွဲစွာ လှူဒါန်းလိုက်ဟန်၊ (ဒုတိယအတန်း ဘယ်ဘက်ကပုံ) စသည့် ဘုရားလောင်းတို့ ကျင့်ကြံရသော စွန့်ခြင်းငါးပါးထဲမှ သား၊ သမီးရတနာကို စွန့်ခြင်း ပါရီမီဖြည့်ကျင့်ပုံများ ထွင်းထုထားသည်ကို တွေ့နိုင်ပါတယ်။

ပြုပြင်ထိန်းသိမ်းခြင်း

သက်တမ်း ၁၃၀ ကျော်ပြီဖြစ်သော မန္တလေးတောင်ခြေရှိ သမိုင်းဝင်ရွှေကျောင်းကြီးကို တိုင်လုံးပေါင်း ၁၅၀ နှင့် ထောက်ကန်ထားခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းမှ စတင်၍ အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာ့ အဆောက်အအုံ ထိန်းသိမ်းရေးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (World Monument Fund)မှ အမေရိကန် ဒေါ်လာ ၅ သိန်း ၅ ထောင် အကုန်အကျခံ၍ ပညာရှင်များဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပါတယ်။

အဆိုပါ ပညာရှင်များ ပြုလုပ်ခဲ့သည့်လုပ်ငန်းများမှာ ရွှေနန်းတော်ကျောင်းကြီးနှင့်ပတ်သက်၍ လက်ရှိအခြေအနေကို သိရှိစေရန် Laser Scanning ရိုက်ကူးခြင်း၊ ဆင်ယင်ထားသည့် အမွမ်းအပြောက် ပန်းပုရုပ်လုံးရုပ်ကြွများကို အသေးစိတ် လက်ဖြင့်ပုံဆွဲ မှတ်တမ်းတင်ခြင်း၊ ကျောင်းတိုင်များအတွင်း မိုးရေစိမ့်ဝင်ခြင်းနှင့် ခြစားခြင်းများကြောင့် ပျက်စီးမှုအခြေအနေကို စမ်းသပ် လေ့လာခြင်း၊ အဆောက်အအုံအတွင်း မိုးယိုခြင်းကြောင့် ဖြစ်ပေါ်လာလျက်ရှိသည့် ဆွေးမြေ့ပျက်စီးနေသည့် အပိုင်းများအား ထိန်းသိမ်းဆောင်ရွက်ရေးအတွက် လေ့လာသုတေသနပြုခြင်း၊ ရွှေကျောင်းဝန်းကျင် ရေစီးရေလာကောင်းမွန်စေရေး၊ မီးဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ပညာပေးဆောင်ရွက်ခြင်းများရှိပါတယ်။

World Monument Fund အနေဖြင့် နောက်ထပ်ရန်ပုံငွေရရှိပါကာ ရွှေနန်းတော်ကျောင်းတဝိုက် သာယာလှပစေရေးအတွက် မြေယာရှုခင်း(Landscapping) ပြုလုပ်ခြင်း၊ ကျောင်းအဆောက်အအုံ၌ ပျက်စီးနေသည့် သစ်သားထည်များကို ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်မည်ဖြစ်ပါတယ်။

Ref: wikipedia


Read 211 times
Rate :
(8 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.