Print this page
Saturday, 15 February 2020 14:45

Ku Tho Taw Pagoda Sandar Muni Pagoda Mandalay

ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးသည် မန္တလေးတောင်ခြေက "မဟာလောကမာရဇိန်"လို့ ဘွဲ့တပ်ထားတဲ့ မင်းတုန်းမင်းတရားကြီးရဲ့ ကုသိုလ်တော်ဘုရားကြီးထဲမှာ ရှိပါတယ်။

ကုသိုလ်တော်ဘုရားဟာ သက်တမ်းနှစ်ပေါင်း (၁၅၀) ကျော်ရှိနေပြီဖြစ်ပြီး မင်းတုန်းမင်းကြီးလှူခဲ့တဲ့ ကုသိုလ်တွေထဲမှာ အမွန်မြတ်ဆုံးကုသိုလ်တစ်ခုဖြစ်ကာ တန်ဖိုးကြီးရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား စတဲ့ရတနာများစွာ တပ်ဆင်လှူဒါန်းထားတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။

ဘုရားအတွင်းမှာ ခရေပင်တွေကိုလည်း စိုက်ပျိုးထားခဲ့ပြီး ယနေ့ရှိနေတဲ့ခရေပင်တွေကတော့ နှစ်(၁၅၀) က ခရေပင်တွေမဟုတ်တော့ဘဲ အဲဒီမျိုးဆက်ခရေပင်တွေပဲဖြစ်ပါတယ်။

ထိုစေတီတော်မြတ်ကြီးကို မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် ကဆုန်လဆန်း ၁၄ ရက်တွင် စတင်တည်ထားခဲ့ပြီး စေတီတော်မြတ်ကြီး၏ ဘေးဘက်တွင် ကမ္ဘာအကြီးဆုံးစာအုပ်ကြီးဟု တင်စားထားသည့် ပိဋကတ်သုံးပုံ ပါဠိတော်ကျောက်စာပေါင်း ရ၂၉ ချပ် ရှိပါတယ်။

ထိုကျောက်စာများကို မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ်တွင် စတင်ထွင်းထုခဲ့ရာ ၁၂၃ဝ ပြည့်နှစ်မှာ ပြီးစီးခဲ့ပြီး မာတိကာအလိုက် ပိဋကတ်သုံးပုံ ကျောက်စာများမှာ သုတ္တန်(၃)ကျမ်း ကျောက်စာအချပ်(၄၁ဝ)၊ ဝိနည်း(၅)ကျမ်း ကျောက်စာ (၁၁၁)ချပ်၊ အဘိဓမ္မာ(၇)ကျမ်း ကျောက်စာ(၂ဝ၈)ချပ်၊ သမိုင်းကျောက်စာ(၁)ချပ်အဖြစ် ရေးထိုးကမ္ပည်းတင်ထားပါတယ်။

ကျောက်စာ(၁)ချပ်လျှင် ဓမ္မစေတီ(၁)ဆူနှုန်းဖြင့် တည်ထားခြင်းဖြစ်ရာ အလွန်သပ္ပာယ်လွန်းလှပါတယ်။

ယခုအခါ ကုသိုလ်တော်ဘုရားရှေ့ မန္တလေးနှစ်(၁၅ဝ)ပြည့် မင်းတုန်းမင်းရုပ်တုအနီးတွင် သဘာဝစကျင်ကျောက်တုံးပေါ်တွင် (unesco memory of the world) မှတ်တမ်းစာပါကျောက်စာနှင့်အတူ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၊ ကုသိုလ်တော်ဘုရားကျောက်စာများ၊ နိုင်ငံတကာစာရင်းဝင်သော ၂ဝ၁၃ ခုနှစ်တွင် "ကမ္ဘာ့မှတ်တမ်းအမွေအနှစ်" စာတမ်းပါသည့် ကျောက်စာပါကျောက်တုံးကြီးကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ပါတယ်။

အဆိုပါ ကျောက်စာပါကျောက်တုံးကြီးမှာ ပုံစံတူကျောက်စာ မြန်မာလိုတစ်ချပ်၊ အင်္ဂလိပ်လို တစ်ချပ်ရှိပါတယ်။

သို့အတွက် မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာ ကျောက်စာမှတ်တမ်းနှစ်ချပ် ကုသိုလ်တော်ဘုရားရှေ့တွင် မြင်တွေ့နေရပြီး နိုင်ငံတကာခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ထွက်လျက် ရှိပါတယ်။

ကုသိုလ်တော်ဘုရားရောက် နိုင်ငံတကာခရီးသွားများသည် ထူးခြားစွာ ကြာပန်းကပ်လှူသည့်အလေ့အထကို စိတ်ဝင်စားသလို ကျောက်စာများအားလည်း အမှတ်တရ မှတ်တမ်းယူလေ့ရှိကြောင်း သိရပါတယ်။

ယနေချိန်မျာတော့ ၎င်းကျောက်စာတော်တွေဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေပြီဖြစ်ပါတယ်။


Nilar Myot Win (Mandalay Directory)

Ref: Wifipedia


Read 655 times Last modified on Wednesday, 25 March 2020 14:26
Rate :
(7 votes)

Related items

  • မန္တလေးမြို့တွင် Peugeot SUV ကားများကို စမ်းသပ်မောင်းနှင်ပြီး ထူးခြားတဲ့ အကျိုးခံစားခွင့်တွေ ရယူနိုင်မယ့် အစီအစဥ်

    mobile_file_2020-08-21_10-06-55_1.jpg

    မန္တလေးမြို့မှာရှိတဲ့ Peugeot Mandalay Showroom မှာ Peugeot SUV ကားများကို ဩဂုတ်လ (၁၇) ရက်နေ့မှ (၂၃) ရက်နေ့ထိ စမ်းသပ်မောင်းနှင် နိုင်မယ့် အစီအစဉ်တစ်ခု ရှိပါတယ်။

  • တစ်နိုင်ငံလုံးတွင် (၆) ဘာသာဂုဏ်ထူးရှင်အများဆုံးနှင့် အောင်ချက်အကောင်းဆုံး ရရှိခဲ့သည့် မန္တလေး

    img.jpg

     

    By Joey
    ပြည်နယ်နှင့် တိုင်း‌‌ဒေသကြီးအလိုက် တက္ကသိုလ်ဝင်စာမေးပွဲ ရလဒ်များကို ပညာရေးဝန်ကြီးဌာနမှ ဩဂုတ်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းတွင် မန္တလေးတိုင်း‌‌ဒေသကြီးသည် အောင်ချက်အကောင်းဆုံး တိုင်းဒေသကြီးအဖြစ် ရပ်တည်နေသည်။

  • လူသိနည်းသေးတဲ့ မန္တလေးမြို့က ရှေးဟောင်းနေရာ(၉)ခု

    mandalay_kyone_1.jpg

    မန္တ​လေး​ကိုရောက်တဲ့ဖြစ်တဲ့အခါ လူသိများထင်ရှားပြီးသား​နေရာ​တွေထက် ​ရှေး​ဟောင်းတန်ဖိုးလည်းရှိ၊ လူလည်းသိပ်မသိတဲ့ ​​နေရာ​တွေဘက်ကိုသွားဖို့ တိုက်တွန်းချင်ပါတယ်။ ဒါ့​ကြောင့် ​အောက်မှာ ​ပြောပြ​ပေးထားတဲ့ နေရာ​လေး​တွေဆီ အ​ရောက်သွားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။


    သန်း​ခေါင်ယံသိမ် (​ခေါ်) သာရမဥ္ဇူသိမ်

    ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်က ပြည်​ကျောင်းတိုက်အတွင်းမှာတည်ရှိတဲ့ သိမ်​​တော်ကြီးပါ။ ​ရှေးယခင်က ရှင်အရဟံမ​ထေရ်မြတ် သိမ်သမုတ်​တော်မူခဲ့တဲ့ သိမ်​လေးသိမ်ထဲမှာ ဒီသန်း​ခေါင်ယံသိမ်ဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ယခုလက်ရှိ မြင်​တွေ့​နေရတဲ့ သိမ်​တော်ကို​တော့ မင်းတုန်းမင်းရဲ့ ​မြောက်နန်းမိဖုရား သီရိရတနာ​ဒေဝီက ပြန်လည် ပြုပြင်တည်​ဆောက်ခဲ့တယ်လို့ သိရပါတယ်။ သက္ကရာဇ် ၁၂၁၈ ခု၊ ခရစ်နှစ် ၁၈၅၆ ခုနှစ်မှာ​တော့ ဘုရင်နဲ့မိဖုရားတို့ဟာ ဒီသိမ်ကို ​ရေစက်ချလှူဒါန်းပြီး သာရမဥ္ဇူသိမ်လို့ အမည်​ပေး ခေါ်တွင်ခဲ့ပါတယ်။

    Diamond-River-Co-LtdCosmetics_0486.png

     

    သိမ်​တော်တည်​ဆောက်ထားပုံကိုကြည့်မယ်ဆိုရင် ပုဂံက အာနန္ဒာဘုရားပုံစံနဲ့​ တော်​တော်​လေးဆင်​သလို သိမ်​တော်ဆီသွားတဲ့​ လျှောက်လမ်းရှည်​လေးကလည်း ​ဆွဲ​ဆောင်မှုရှိလှပါတယ်။ သိမ်ပတ်လည်မှာ မနုသီဟရုပ်​တွေနဲ့ မိဖုရား​ရေးထိုးခဲ့တဲ့ ​ကျောက်စာတိုက်တခုကို​ တွေ့မြင်ရသလို သိမ်အတွင်းဘက်မှာ​တော့ ရုပ်ပွား​တော်နှစ်ဆူကိုဖူး​တွေ့ရပါတယ်။ သိမ်အ​ဆောက်အဦမှာလည်း အင်္ဂ​​တေ ပန်း​တော့ ရုပ်လုံး​ရုပ်ကြွ​တွေရှိပြီး သိမ်တံခါးက သစ်သားရုပ်ကြွ​​တွေကလည်း အရမ်းလက်ရာမြောက်ပါတယ်။ ကုန်းဘောင်ခေတ်နှောင်း မြန်မာ့မှုလက်ရာအချို့ကို ​လေ့လာ​တွေ့ရှိရမယ့်​နေရာတခုမို့ တံခွန်တိုင်ဘက်​ရောက်ခဲ့မယ်ဆိုရင် ပြည်​ကျောင်းတိုက်အတွင်းက သန်း​ခေါင်ယံသိမ်ဆီ သွား​ရောက်​ဖို့ လက်တို့လိုက်ပါရ​စေ။

    ​တောင်ကြီးတံတား

    ​အမရပူရဘက်​ရောက်ခဲ့မယ်ဆိုရင် ​တောင်သမန်အင်းကို ဖြတ်​ကျော်တည်​ဆောက်ထားတဲ့ ဦးပိန်တံတားကြီးဆီ သွားရောက်လည်ပတ်သူ​တွေက ပိုများကြပါတယ်။ ဒီတစ်ခါမှာ​တော့ ဦးပိန်တံတားနဲ့ အသက်တူပြီး အရွယ်မတူတဲ့ အမရပူရက တောင်ကြီးတံတား​​ရှိတဲ့ ​တောင်ကြီးရပ်ကွက်ဆီရောက်လာခဲ့ပါတယ်။
    သမိုင်း​ကြောင်းအရ အမရပူမှာ မြို့စာရေးဦးပိန်ဆောက်လုပ်ခဲ့တာ ဦးပိန်တံတား တစ်ခုတည်းမဟုတ်ပဲ တောင်ကြီးတံတား၊ ပန်းပဲတံတား၊ ဗုံအိုးတံတား၊ စကျင်ဝတံတား၊ ကုက္ကိုတံတား များလည်းရှိ​သေးတယ်လို ့သိရပါတယ်။ အခုဖော်ပြပေးမယ့်တံတားကတော့ ​တောင်ကြီးချောင်းကိုဖြတ်ပြီး ​ချောင်းတစ်ဖက်စီက ​တောင်ကြီးရပ်ကွက်နဲ့ ဟင်္သာရပ်ကွက်နှစ်ခုကိုဆက်လို့ရ​အောင် တည်​ဆောက်ထားတဲ့ ​တံတားပါ။ တံတားတဖက်ထိပ်နားမှာ​တော့ ​မြောက်လက်သမား​ကျောင်းတိုက် တည်ရှိပါတယ်။ တံတားပုံစံက ဦးပိန်တံတားနဲ့ဆင်​ပေမယ့် ဦးပိန်​လောက်ခမ်းနားမှုမရှိသလို ကြံခိုင်မူကလည်း ဦးပိန်ကိုမမှီပါဘူး။ ဒီတံတား​နဲ့အပြိုင် ဘေးဘက်မှာ​တော့ အင်္ဂ​တေတံတား​တစ်ခု ဆောက်လုပ်​ပေးထားတာမို့ အဲ့ဒီတံတား​ပေါ်ကပဲ လူ​တွေ၊ ယာဉ်​တွေ ဖြတ်သွားဖြတ်လာလုပ်ကြပါတယ်။ ဒါ​ပေမယ့်​ တောင်ကြီးတံတားကလဲ အမရပူရဲ့ ​ရှေးဟောင်းတံတားတစ်ခုမို့ ​တောင်သမန်ဘက်​ရောက်ခဲ့မယ်ဆို သွားရောက်​လေ့လာဖို့ သတင်းပေးလိုက်ပါတယ်။

    ဆင်ကြို​ရွှေကူ ကပ်​ကျော် ဆု​တောင်းပြည့်ဘုရား

    အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ အမရပူရနန်းမြို့ရိုး​ဟောင်းရဲ့ အ​နောက်​မြောက်​နား​လောက်မှာ တည်ရှိပါတယ်။ ဒီဘုရားကို​တော့ အမရပူရရဲ့ မြို့တည်နန်းတည် ဗဒုံမင်းက ၁၁၄၁ ခုနှစ်မှာ တည်ထားကိုးကွယ်ခဲ့တာလို့ သိရတယ်။ ဘုရားဆီ​ရောက်တာနဲ့ ကန္ဓာကုဋီတိုက်​တော်အတွင်းက ဆင်ကြို​ရွှေကူ ကပ်​ကျော် ဆု​တောင်းပြည့်ဘုရားကို အရင်ဆုံးဝင်​ဖူး​ပြီး ​စေတီ​တော်ကို တစ်ပတ်ပတ်​ပြီးလေ့လာဖြစ်ခဲ့တယ်။ ဘုရားပရဝုဏ်အတွင်းမှာ ဗားမဲ့သိမ်​တော်၊ သိကြားဂူ၊ ကျောက်စာကုန်း​စေတီ၊ သံ​သေကပ်​ကျော်ဘုရားနဲ့ သုဓမ္မဇရပ်တို့ကို​တွေ့မြင်ခဲ့ရပါ​သေးတယ်။ အားလုံးထဲမှာမှ သုဓမ္မာဇရပ်က​ အမရပူရရဲ့ စိတ်ဝင်စားစရာ​အ​ကောင်းဆုံး သမိုင်းဝင် အ​ဆောက်အဦတစ်ခုဖြစ်ပါတယ်။

    MABDrinking-Water-Manu-_-Dist_0028.png

     

    ဝါခင်းကုန်း မာရ်​အောင်ရတနာ ဓါတုဃ​ရစေတီ

    ​ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်မှာတည်ရှိတဲ့ ​​စေတီ​တော်ကြီးပါ။ ​ဒီစေတီ​တော်တည်​နေရာက ရတနာပုံမြို့တော်တည်စဉ်က မဟာသီရိဟေမဝန်ဥယျာဉ်နေရာ ဖြစ်ခဲ့ပါတယ်။ ​ရှေးအခါတုန်းက​တော့ ဝါခင်းကုန်းရပ် အနီးနားမှာ တည်ရှိ​နေတာမို့ စေတီ​တော်နာမည်ဟာလည်း ဝါခင်းကုန်း​စေတီလို့ အမည်တွင်ခဲ့တာပါ။ မာရ်အောင်ရတနာစေတီတော်ကို ၁၈၇၉ ခုနှစ်မှာ သီ​ပေါဘုရင်နဲ့ မိဖုရားစုဖုရားလတ်တို့က တည်ထားခဲ့တာလို့သိရပါတယ်။​ ​စေတီ​တော်ကြီးထဲမှာ​တော့ ​ရွှေဘို စီရင်စုရွာသာရပ်၊ တလည်းချောင်းအနီး ဥမင်လိုဏ်အတွင်းကရရှိတဲ့ ဓာတ်တော်မွေတော်​တွေရယ်၊ ဗုဒ္ဓဂယာက ရရှိတဲ့ ပဥ္စလောဟာ ရုပ်ပွား​တော်​တွေကို ဌာပနာခဲ့တယ်လို့သိရပါတယ်။

    ဒီ​နေရာမှာ အံ့သြစရာအချက်တစ်ခုက မိဖုရား စုဖုရားလတ်ဟာ ​ရှေးနန်းတွင်းအစဉ်အဆက်သုံးခဲ့တဲ့ "ကာမသျှတ္တရကျမ်း" ကြီးကို မလိုအပ်​တော့ပြီဆိုပြီး ဒီ မာရ်​အောင်ရတနာ​စေတီကြီးထဲမှာ ထည့်သွင်းဌာပနာပစ်လိုက်တာပါပဲ။ စေတီ​တော်ကြီးရဲ့ ပရဝုဏ်အတွင်းဘက်မှာ ပေါ်​တော်မူရုပ်ပွား​တော်​​တွေကိုဖူး​မြင်ရသလို အာရုံခံတန်ဆောင်းတခုအတွင်းမှာ​တော့ ရတနာမုနိ ဓါတ်​ပေါင်းစုမြတ်စွာဘုရားနဲ့ အခြားရုပ်ပွား​တော်အချို့ ကိန်းဝပ်စံပါယ်​နေတာကို ဖူး​တွေ့ရပါ​သေးတယ်။ မာန်​အောင်ရတနာ​စေတီ​တော်ကြီးရဲ့ "ပန်း​မွေ့ရာခင်းပွဲ​တော်" က​တော့ တပိုတွဲ လပြည့်​ကျော် ၂ ရက်​နေ့မှာ ကျင်းပ​နေကျဖြစ်ပြီး ထင်ရှားတဲ့ပွဲ​တော်တစ်ခုလည်းဖြစ်ပါတယ်။

    ဆု​တောင်းပြည့်မြတ်စွာဘုရား

    ချမ်းအေးသာဇံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ ၂၆ × ၂၇ လမ်းကြား၊ ၇၆ × ၇၇ လမ်းကြား၊ ငပယဝင်းထဲမှာ​တော့ မင်းတုန်းမင်းကြီးရဲ့ကုသိုလ်​တော် ဆု​တောင်းပြည့်မြတ်စွာဘုရားတည်ရှိပါတယ်။ ဒီရုပ်ပွား​တော်မြတ်ကို သက္ကရာဇ် ၁၂၁၇ ခုနှစ်မှာ မင်းတုန်းမင်းတရားရဲ့အမိန့်​​တော်နဲ့ သား​တော်မလွန်မင်းသားက ပန်းပုဆရာအ​ကျော်အ​မော်​​တွေကို​ခေါ်ပြီး အမရပူရ​နေပြည်​တော်မှာ ၁၈ လကြာ​အောင် ထုလုပ်ခဲ့ရပါတယ်။ ရုပ်ပွား​တော်ကြီးကို ကျွန်းသစ်သားနဲ့ ထုလုပ်ထားတာဖြစ်ပြီး ဉာဏ်​တော်က​တော့ ကိုး​ပေ၊ ကိုးလက်မမြင့်ပါတယ်။ ရုပ်ပွား​တော်ထုလုပ်ပြီးစီးလို့ မန္တလေး ရတနာပုံ​နေပြည်​တော်ကို ပင့်ဆောင်လာရာမှာ ဟေမာဇလရပ်အရောက်​မှာတော့ ရုပ်ပွားတော်ကို ဆက်ပင့်မရတော့တဲ့အတွက် ထိုနေရာမှာပဲ အများပြည်သူ​တွေ ဖူး​မြော်လို့ရ​အောင် မင်းတုန်းမင်းက ပူဇော်ထားရှိစေခဲ့တာလို့ သိရပါတယ်။
    ​ဘုရားရောက်တဲ့အခါ ကန္ဓာကုဋီ အုတ်ပြဿာဒ်​တော်တွင်းမှာ ဆု​တောင်းပြည့်ရုပ်ပွား​တော်ကို ဖူး​တွေ့ရသလို ​ရှေးဘုရားများနဲ့ နှစ်ကျိပ်နှစ်ဆူဘုရား​တွေကို ဖူး​မြင်ခဲ့ရပါ​သေးတယ်။ ဘုရားဝန်းအတွင်းမှာလည်း ဘုရားဒါယိကာ မင်းတုန်းမင်းရုပ်ထု၊ သား​တော်မလွန်မင်းနဲ့မိဖုရားရုပ်ထုတို့ကို မှန်တိုက်​တော်အတွင်းမှာ ပြသထားတာကိုလည်း ​တွေ့မြင်ရပါ​တယ်။

    သား​တော်ရဘုရား

    ကျွန်းလုံးဥ​သျှောင်ရပ်ကွက်၊ မဟာမုနိဘုရားကြီးရဲ့တောင်ဘက် ၈၄ လမ်း၊ ရွှေအိုးတန်းရပ်မှာ​တော့ သားတော်ရဘုရား တည်ရှိပါတယ်။ သား​တော်ရဘုရားကို အမရပူရမြို့တည် ဗဒုံမင်းမိဖုရား သီရိမဟာမင်္ဂလာ​ဒေဝီက တည်ထားခဲ့တာလို့သိရပါတယ်။ တချို့သမိုင်းကွဲ​တွေမှာတော့
    သားတော်ရဘုရားကို သရေခေတ္တရာခေတ်မှာ ဒွတ္တပေါင်မင်းနဲ့ မိဖုရားစောမြဝတီတို့က တည်ထားခဲ့တာလို့သိရပါတယ်။ သမိုင်း​ကြောင်းအရ ဒွတ္တပေါင်မင်းဟာ အခြားမိဖုရား​တွေရဲ့ ဂုံးချောစကားကိုယုံကြည်ပြီး မိဖုရား​စောမြဝတီကို နယ်နှင်ဒဏ်​ပေးခဲ့ပါတယ်။ စောမြဝတီဟာ ဇာတိမိုးမိတ်မြို့ကို ဧရာဝတီမြစ်​ကြောင်းအတိုင်း ပြန်ရာမှာ မန္တလေးတောင်ရဲ့ အနောက်တောင်အရပ်အရောက်မှာ​တော့ သားတော်​လေးတစ်ပါး ဖွားမြင်ခဲ့ပါတယ်။

    သားတော်​မွေးဖွားကြောင်း သတင်းကို မင်းကြီးကြားသိတဲ့အခါ မိဖုရားရှိရာအရပ်ကိုလိုက်လာပြီး မိဖုရားရဲ့ နား​ဋောင်း​​တော်နဲ့ လက်ဝတ်ရာတနာ​တွေကို ဌာပနာကာ ဘုရားတစ်ဆူတည်ခဲ့ပါတယ်။ ဘုရားဘွဲ့​တော်ကိုလည်း သားတော်ရဘုရားလို့ အမည်​ပေးတော်မူခဲ့တယ်။ သား​တော်ရဘုရားမှာ သားဆုပန်ရင် ဆု​တောင်းပြည့်တာမို့ အနယ်နယ်အရပ်ရပ်က ဘုရားဖူး​တွေ လာ​ရောက်အဓိဌာန်ပြု ဆု​တောင်းကြတာလည်းရှိကြပါတယ်။

    မြေစွန်းဝန်ဆု​တောင်းပြည့်မြတ်စွာဘုရား

    ​မြေစွန်းဝန်ဆု​တောင်းပြည့်မြတ်စွာဘုရားက​တော့ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥ​သျှောင်ရပ်ကွက်၊ ၈၄ × ၈၅ လမ်းကြား၊ အကွက် ၄၉၈ မှာတည်ရှိတာပါ။ သမိုင်း​ကြောင်းအရ မြေစွန်းဝန်စေတီ​တော်ကို အမရပူရခေတ်၊ ဘကြီး​တော်စစ်ကိုင်းမင်းလက်ထက်မှာ မြေစွန်းဝန်မင်းက တည်ထားခဲ့တာလို့သိရပါတယ်။ ​မြေစွန်းဝန်စေတီတော်ကြီးရဲ့ ကန္ဓာကုဋီတိုက်​တော်အတွင်းမှာ​တော့ အမရပူရ​ခေတ် စကျင်ရုပ်ပွား​တော်တစ်ဆူကို ဖူး​တွေ့ရပါတယ်။ မြေစွန်းဝန်​စေတီ​တော်ရဲ့ ​ထောင့်​လေး​ထောင့်မှာ​တော့ မနုသီဟခြင်္သေ့ရုပ်​တွေကို ထူးထူးခြားခြား​တွေ့ရပြီး ဘုရားဝန်းထဲမှာလည်း ​ဓါတ်နန်း၊ နတ်နန်းများကို​တွေ့ရပါ​တယ်။ မန္တ​လေးမြို့ထက် သက်တမ်းပိုရှည်တဲ့ အမရပူ​ခေတ် သမိုင်းဝင် ​ရှေးဘုရားတစ်ဆူမို့ မန္တလာ​မြေကို​ရောက်ခဲ့ရင် သွား​ရောက်ဖူး​မြော်ဖို့သတင်း​ပေးလိုက်ပါတယ်။

    အရိပ်မထွက်ဘုရား

    အရိပ်မထွက်ဘုရားဟာ ​အောင်​မြေသာစံမြို့နယ်၊ ​မြောက်ပြင် အမရဌာနီရပ်ကွက်၊ ၉ လမ်းနဲ့ ၇၈ လမ်း​ထောင့်၊ သရဲ​စျေး​မြောက်ဘက်မှာ တည်ရှိပါတယ်။ ဘုရားရင်ပြင်​​ပေါ်က ​ကျောက်စာအရ သက္ကရာဇ် ၄၂၆ ခုနှစ်မှာ ကျန်စစ်သားမင်းတည်ထားခဲ့တာလို့သိရပါတယ်။ ကျန်စစ်သားမင်းဟာ ဘုရားတည်အပြီးမှာ နောင်ဘဝတွင် လူအဖြစ်ကို ပြန်ရမှ အရိပ်ထွက်ပါ​စေသားလို့ အဓိဌာန်ပြု ဆု​တောင်းခဲ့ပါတယ်။ ဒီဆု​တောင်း​​ကြောင့်ပဲ ​စေတီ​တော်ဟာ အရိပ်မထွက်ခဲ့တာ​မို့ အရိပ်မထွက်ဘုရားလို့ ​​ခေါ်တွင်ခဲ့တာဖြစ်ပါတယ်။
    နောက်ပိုင်း​မှာ​​​တော့ အ​လောင်းစည်သူမင်းရဲ့သား​တော် မင်းရှင်​စော၊ နရပတိစည်သူမင်းတို့က ပြုပြင်ခဲ့သလို အမရပူ​ခေတ်မှာ​တော့ ဗဒုံမင်းရဲ့သား​တော် အိမ်​ရှေ့ဥပရာဇာနဲ့ မင်းတုန်းမင်းလက်ထက်မှာ​တော့ လက်ယာဝင်မှူးသတိုးမင်းကြီး မဟာသမိန်​ဘေဗြတ်ဇ တို့က ပြုပြင်မှု​တွေ လုပ်ခဲ့ကြပါတယ်။

    သမိုင်းကွဲတခုမှာ​တော့ သာသနာနှစ် (၅၀) တ​ကောင်းပြည်ကိုအစိုးရတဲ့ မဟာဥဇနာမင်းလက်ထက်မှာ အာကာဗလစစ်သူကြီးဟာ စစ်တံခွန်လွှင့်ရာ တပ်ဦးမှာပင့်ဆောင်ကိုးကွယ်တဲ့ ဓါတ်​တော်​တွေ အ​ရောင်အဝါကွန့်မြူးခဲ့ပါတယ်။ ဒါ​ကြောင့် စစ်သူကြီးဟာ ဒီအရပ်မှာပဲ ဓါတ်​​တော်တွေကိုဌာပနာပြီး ​​စေတီတဆူတည်ခဲ့တယ်။ ​စေတီတည်ပြီးချိန်မှာ ရန်အ​ပေါင်းတို့သည် အရိပ်မျှပင် မထွက်​စေသတည်းလို့ အဓိဌာန်ပြုဆုတောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ​တော့ အရိပ်မထွက်ဘုရားရယ်လို့ ဘွဲ့​တော်​ခေါ်တွင်ခဲ့ပါတယ်။
    အရိပ်မထွက်ဘုရားကြီးရဲ့ မဟာရံတံတိုင်းအပြင်ဘက်က မုခ်တခုမှာ​တော့ သက္ကရာဇ် ၁၃၁၈ ခုနှစ်မှာ ​ပြုပြင်တည်​ဆောက်မူ​တွေလုပ်ခဲ့ကြပြီး ၁၂၄၇ ခုနှစ်မှာ အရိပ်ထွက်ခဲ့တယ်လို့ ကမ္ဗည်း​ရေးထိုးထားတာကို​ ထူးခြားစွာတွေ့ခဲ့ရပါတယ်။

    မဟာသိမ်ပြဿာဒ်တော်ကြီး

    မဟာသိမ်ပြဿာဒ်​တော်ကြီးက​တော့ အောင်မြေသာစံမြို့နယ်၊ ဥပုတ်တော်ရပ်ကွက် ၁၂ လမ်း၊ ၆၈ နဲ့ ၇၀ လမ်းကြား၊ ရတနာပုံစံကျောင်းတိုက်​တော်ကြီး အတွင်းမှာတည်ရှိပါတယ်။ ဒီသိမ်​တော်ကြီးကို​တော့ သက္ကရာဇ် ၁၂၄၀ ခုနှစ်မှာ မင်းတုန်းမင်းရဲ့တောင်ဆောင်တော် မိဖုရားသီရိအတုလဒေဝီက ရတနာပုံစံကျောင်းဆရာတော်ရဲ့ အရိုးအိုးစေတီကိုငုံပြီး အုတ်ပြဿာဒ်သိမ်တော် ဆောက်လုပ်လှူဒါန်းခဲ့တာပါ။ သိမ်​တော်ကြီးရဲ့ ဖွဲ့စည်းတည်​​ဆောက်ပုံက ပြည်​ကျောင်းတိုက်အတွင်းက သန်း​ခေါင်ယံသိမ်​ရဲ့ တည်​ဆောက်ပုံနဲ့ ​တော်​တော်​လေးဆင်ပါတယ်။ သိမ်​တော်အတွင်းကို ​လေ့လာချင်တယ်ဆိုရင်​တော့ ရတနာပုံစံ​ကျောင်းတိုက်က ဘုန်းဘုန်း​တွေကိုခွင့်​တောင်းပြီး​လေ့လာလို့ရပါတယ်။ က

    မန္တလာ​မြေဆိုတာက မြန်မာ​တွေရဲ့ ​နောက်ဆုံးမင်း​နေပြည်​တော်ဖြစ်ခဲ့တာ​​ကြောင့် ​စေတီပုထိုး ဂူ​ကျောင်းဇရပ်​တွေဆိုတာ မ​ရေမတွက်နိုင်​​လောက်အောင် များမှများပါပဲ။ ဒီအထဲကမှ ​ရှေး​ဟောင်းသမိုင်းဝင်​နေရာအချို့ကို သွား​ရောက်လည်ပတ်​စေနိုင်ဖို့ ရွေးချယ်မျှ​ဝေ​ပေးလိုက်ရပါတယ်​နော်။

    Shwe-KyaeGlass-Plates-_-Mirrors_0166.png

     


    Source; Travellers_Dream

    မႏၲ​ေလး​ကိုေရာက္တဲ့ျဖစ္တဲ့အခါ လူသိမ်ားထင္ရွားၿပီးသား​ေနရာ​ေတြထက္ ​ေရွး​ေဟာင္းတန္ဖိုးလည္းရွိ၊ လူလည္းသိပ္မသိတဲ့ ​​ေနရာ​ေတြဘက္ကိုသြားဖို႔ တိုက္တြန္းခ်င္ပါတယ္။ ဒါ့​ေၾကာင့္ ​ေအာက္မွာ ​ေျပာျပ​ေပးထားတဲ့ ေနရာ​ေလး​ေတြဆီ အ​ေရာက္သြားႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။
     
    သန္း​ေခါင္ယံသိမ္ (​ေခၚ) သာရမၪၨဴသိမ္
     
    ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ တံခြန္တိုင္ရပ္ကြက္က ျပည္​ေက်ာင္းတိုက္အတြင္းမွာတည္ရွိတဲ့ သိမ္​​ေတာ္ႀကီးပါ။ ​ေရွးယခင္က ရွင္အရဟံမ​ေထရ္ျမတ္ သိမ္သမုတ္​ေတာ္မူခဲ့တဲ့ သိမ္​ေလးသိမ္ထဲမွာ ဒီသန္း​ေခါင္ယံသိမ္ဟာလည္း တခုအပါအဝင္ျဖစ္ပါတယ္။ ယခုလက္ရွိ ျမင္​ေတြ႕​ေနရတဲ့ သိမ္​ေတာ္ကို​ေတာ့ မင္းတုန္းမင္းရဲ႕ ​ေျမာက္နန္းမိဖုရား သီရိရတနာ​ေဒဝီက ျပန္လည္ ျပဳျပင္တည္​ေဆာက္ခဲ့တယ္လို႔ သိရပါတယ္။ သကၠရာဇ္ ၁၂၁၈ ခု၊ ခရစ္ႏွစ္ ၁၈၅၆ ခုႏွစ္မွာ​ေတာ့ ဘုရင္နဲ႔မိဖုရားတို႔ဟာ ဒီသိမ္ကို ​ေရစက္ခ်လႉဒါန္းၿပီး သာရမၪၨဴသိမ္လို႔ အမည္​ေပး ေခၚတြင္ခဲ့ပါတယ္။
     
    သိမ္​ေတာ္တည္​ေဆာက္ထားပုံကိုၾကည့္မယ္ဆိုရင္ ပုဂံက အာနႏၵာဘုရားပုံစံနဲ႔​ ေတာ္​ေတာ္​ေလးဆင္​သလို သိမ္​ေတာ္ဆီသြားတဲ့​ ေလွ်ာက္လမ္းရွည္​ေလးကလည္း ​ဆြဲ​ေဆာင္မႈရွိလွပါတယ္။ သိမ္ပတ္လည္မွာ မႏုသီဟ႐ုပ္​ေတြနဲ႔ မိဖုရား​ေရးထိုးခဲ့တဲ့ ​ေက်ာက္စာတိုက္တခုကို​ ေတြ႕ျမင္ရသလို သိမ္အတြင္းဘက္မွာ​ေတာ့ ႐ုပ္ပြား​ေတာ္ႏွစ္ဆူကိုဖူး​ေတြ႕ရပါတယ္။ သိမ္အ​ေဆာက္အဦမွာလည္း အဂၤ​​ေတ ပန္း​ေတာ့ ႐ုပ္လုံး​႐ုပ္ႂကြ​ေတြရွိၿပီး သိမ္တံခါးက သစ္သား႐ုပ္ႂကြ​​ေတြကလည္း အရမ္းလက္ရာေျမာက္ပါတယ္။ ကုန္းေဘာင္ေခတ္ေႏွာင္း ျမန္မာ့မႈလက္ရာအခ်ိဳ႕ကို ​ေလ့လာ​ေတြ႕ရွိရမယ့္​ေနရာတခုမို႔ တံခြန္တိုင္ဘက္​ေရာက္ခဲ့မယ္ဆိုရင္ ျပည္​ေက်ာင္းတိုက္အတြင္းက သန္း​ေခါင္ယံသိမ္ဆီ သြား​ေရာက္​ဖို႔ လက္တို႔လိုက္ပါရ​ေစ။
     
    ​ေတာင္ႀကီးတံတား
     
    ​အမရပူရဘက္​ေရာက္ခဲ့မယ္ဆိုရင္ ​ေတာင္သမန္အင္းကို ျဖတ္​ေက်ာ္တည္​ေဆာက္ထားတဲ့ ဦးပိန္တံတားႀကီးဆီ သြားေရာက္လည္ပတ္သူ​ေတြက ပိုမ်ားၾကပါတယ္။ ဒီတစ္ခါမွာ​ေတာ့ ဦးပိန္တံတားနဲ႔ အသက္တူၿပီး အ႐ြယ္မတူတဲ့ အမရပူရက ေတာင္ႀကီးတံတား​​ရွိတဲ့ ​ေတာင္ႀကီးရပ္ကြက္ဆီေရာက္လာခဲ့ပါတယ္။
    သမိုင္း​ေၾကာင္းအရ အမရပူမွာ ၿမိဳ႕စာေရးဦးပိန္ေဆာက္လုပ္ခဲ့တာ ဦးပိန္တံတား တစ္ခုတည္းမဟုတ္ပဲ ေတာင္ႀကီးတံတား၊ ပန္းပဲတံတား၊ ဗုံအိုးတံတား၊ စက်င္ဝတံတား၊ ကုကၠိဳတံတား မ်ားလည္းရွိ​ေသးတယ္လို ့သိရပါတယ္။ အခုေဖာ္ျပေပးမယ့္တံတားကေတာ့ ​ေတာင္ႀကီးေခ်ာင္းကိုျဖတ္ၿပီး ​ေခ်ာင္းတစ္ဖက္စီက ​ေတာင္ႀကီးရပ္ကြက္နဲ႔ ဟသၤာရပ္ကြက္ႏွစ္ခုကိုဆက္လို႔ရ​ေအာင္ တည္​ေဆာက္ထားတဲ့ ​တံတားပါ။ တံတားတဖက္ထိပ္နားမွာ​ေတာ့ ​ေျမာက္လက္သမား​ေက်ာင္းတိုက္ တည္ရွိပါတယ္။ တံတားပုံစံက ဦးပိန္တံတားနဲ႔ဆင္​ေပမယ့္ ဦးပိန္​ေလာက္ခမ္းနားမႈမရွိသလို ႀကံခိုင္မူကလည္း ဦးပိန္ကိုမမွီပါဘူး။ ဒီတံတား​နဲ႔အၿပိဳင္ ေဘးဘက္မွာ​ေတာ့ အဂၤ​ေတတံတား​တစ္ခု ေဆာက္လုပ္​ေပးထားတာမို႔ အဲ့ဒီတံတား​ေပၚကပဲ လူ​ေတြ၊ ယာဥ္​ေတြ ျဖတ္သြားျဖတ္လာလုပ္ၾကပါတယ္။ ဒါ​ေပမယ့္​ ေတာင္ႀကီးတံတားကလဲ အမရပူရဲ႕ ​ေရွးေဟာင္းတံတားတစ္ခုမို႔ ​ေတာင္သမန္ဘက္​ေရာက္ခဲ့မယ္ဆို သြားေရာက္​ေလ့လာဖို႔ သတင္းေပးလိုက္ပါတယ္။
     
    ဆင္ႀကိဳ​ေ႐ႊကူ ကပ္​ေက်ာ္ ဆု​ေတာင္းျပည့္ဘုရား
     
    အမရပူရၿမိဳ႕နယ္၊ မွန္တန္းရပ္ကြက္၊ အမရပူရနန္းၿမိဳ႕႐ိုး​ေဟာင္းရဲ႕ အ​ေနာက္​ေျမာက္​နား​ေလာက္မွာ တည္ရွိပါတယ္။ ဒီဘုရားကို​ေတာ့ အမရပူရရဲ႕ ၿမိဳ႕တည္နန္းတည္ ဗဒုံမင္းက ၁၁၄၁ ခုႏွစ္မွာ တည္ထားကိုးကြယ္ခဲ့တာလို႔ သိရတယ္။ ဘုရားဆီ​ေရာက္တာနဲ႔ ကႏၶာကုဋီတိုက္​ေတာ္အတြင္းက ဆင္ႀကိဳ​ေ႐ႊကူ ကပ္​ေက်ာ္ ဆု​ေတာင္းျပည့္ဘုရားကို အရင္ဆုံးဝင္​ဖူး​ၿပီး ​ေစတီ​ေတာ္ကို တစ္ပတ္ပတ္​ၿပီးေလ့လာျဖစ္ခဲ့တယ္။ ဘုရားပရဝုဏ္အတြင္းမွာ ဗားမဲ့သိမ္​ေတာ္၊ သိၾကားဂူ၊ ေက်ာက္စာကုန္း​ေစတီ၊ သံ​ေသကပ္​ေက်ာ္ဘုရားနဲ႔ သုဓမၼဇရပ္တို႔ကို​ေတြ႕ျမင္ခဲ့ရပါ​ေသးတယ္။ အားလုံးထဲမွာမွ သုဓမၼာဇရပ္က​ အမရပူရရဲ႕ စိတ္ဝင္စားစရာ​အ​ေကာင္းဆုံး သမိုင္းဝင္ အ​ေဆာက္အဦတစ္ခုျဖစ္ပါတယ္။
     
    ဝါခင္းကုန္း မာရ္​ေအာင္ရတနာ ဓါတုဃ​ရေစတီ
     
    ​ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ကန္ေကာက္ရပ္ကြက္မွာတည္ရွိတဲ့ ​​ေစတီ​ေတာ္ႀကီးပါ။ ​ဒီေစတီ​ေတာ္တည္​ေနရာက ရတနာပုံၿမိဳ႕ေတာ္တည္စဥ္က မဟာသီရိေဟမဝန္ဥယ်ာဥ္ေနရာ ျဖစ္ခဲ့ပါတယ္။ ​ေရွးအခါတုန္းက​ေတာ့ ဝါခင္းကုန္းရပ္ အနီးနားမွာ တည္ရွိ​ေနတာမို႔ ေစတီ​ေတာ္နာမည္ဟာလည္း ဝါခင္းကုန္း​ေစတီလို႔ အမည္တြင္ခဲ့တာပါ။ မာရ္ေအာင္ရတနာေစတီေတာ္ကို ၁၈၇၉ ခုႏွစ္မွာ သီ​ေပါဘုရင္နဲ႔ မိဖုရားစုဖုရားလတ္တို႔က တည္ထားခဲ့တာလို႔သိရပါတယ္။​ ​ေစတီ​ေတာ္ႀကီးထဲမွာ​ေတာ့ ​ေ႐ႊဘို စီရင္စု႐ြာသာရပ္၊ တလည္းေခ်ာင္းအနီး ဥမင္လိုဏ္အတြင္းကရရွိတဲ့ ဓာတ္ေတာ္ေမြေတာ္​ေတြရယ္၊ ဗုဒၶဂယာက ရရွိတဲ့ ပၪၥေလာဟာ ႐ုပ္ပြား​ေတာ္​ေတြကို ဌာပနာခဲ့တယ္လို႔သိရပါတယ္။
     
    ဒီ​ေနရာမွာ အံ့ၾသစရာအခ်က္တစ္ခုက မိဖုရား စုဖုရားလတ္ဟာ ​ေရွးနန္းတြင္းအစဥ္အဆက္သုံးခဲ့တဲ့ "ကာမသွ်တၱရက်မ္း" ႀကီးကို မလိုအပ္​ေတာ့ၿပီဆိုၿပီး ဒီ မာရ္​ေအာင္ရတနာ​ေစတီႀကီးထဲမွာ ထည့္သြင္းဌာပနာပစ္လိုက္တာပါပဲ။ ေစတီ​ေတာ္ႀကီးရဲ႕ ပရဝုဏ္အတြင္းဘက္မွာ ေပၚ​ေတာ္မူ႐ုပ္ပြား​ေတာ္​​ေတြကိုဖူး​ျမင္ရသလို အာ႐ုံခံတန္ေဆာင္းတခုအတြင္းမွာ​ေတာ့ ရတနာမုနိ ဓါတ္​ေပါင္းစုျမတ္စြာဘုရားနဲ႔ အျခား႐ုပ္ပြား​ေတာ္အခ်ိဳ႕ ကိန္းဝပ္စံပါယ္​ေနတာကို ဖူး​ေတြ႕ရပါ​ေသးတယ္။ မာန္​ေအာင္ရတနာ​ေစတီ​ေတာ္ႀကီးရဲ႕ "ပန္း​ေမြ႕ရာခင္းပြဲ​ေတာ္" က​ေတာ့ တပိုတြဲ လျပည့္​ေက်ာ္ ၂ ရက္​ေန႔မွာ က်င္းပ​ေနက်ျဖစ္ၿပီး ထင္ရွားတဲ့ပြဲ​ေတာ္တစ္ခုလည္းျဖစ္ပါတယ္။
     
    ဆု​ေတာင္းျပည့္ျမတ္စြာဘုရား
     
    ခ်မ္းေအးသာဇံၿမိဳ႕နယ္၊ ေဟမာဇလရပ္ကြက္၊ ၂၆ × ၂၇ လမ္းၾကား၊ ၇၆ × ၇၇ လမ္းၾကား၊ ငပယဝင္းထဲမွာ​ေတာ့ မင္းတုန္းမင္းႀကီးရဲ႕ကုသိုလ္​ေတာ္ ဆု​ေတာင္းျပည့္ျမတ္စြာဘုရားတည္ရွိပါတယ္။ ဒီ႐ုပ္ပြား​ေတာ္ျမတ္ကို သကၠရာဇ္ ၁၂၁၇ ခုႏွစ္မွာ မင္းတုန္းမင္းတရားရဲ႕အမိန႔္​​ေတာ္နဲ႔ သား​ေတာ္မလြန္မင္းသားက ပန္းပုဆရာအ​ေက်ာ္အ​ေမာ္​​ေတြကို​ေခၚၿပီး အမရပူရ​ေနျပည္​ေတာ္မွာ ၁၈ လၾကာ​ေအာင္ ထုလုပ္ခဲ့ရပါတယ္။ ႐ုပ္ပြား​ေတာ္ႀကီးကို ကြၽန္းသစ္သားနဲ႔ ထုလုပ္ထားတာျဖစ္ၿပီး ဉာဏ္​ေတာ္က​ေတာ့ ကိုး​ေပ၊ ကိုးလက္မျမင့္ပါတယ္။ ႐ုပ္ပြား​ေတာ္ထုလုပ္ၿပီးစီးလို႔ မႏၲေလး ရတနာပုံ​ေနျပည္​ေတာ္ကို ပင့္ေဆာင္လာရာမွာ ေဟမာဇလရပ္အေရာက္​မွာေတာ့ ႐ုပ္ပြားေတာ္ကို ဆက္ပင့္မရေတာ့တဲ့အတြက္ ထိုေနရာမွာပဲ အမ်ားျပည္သူ​ေတြ ဖူး​ေျမာ္လို႔ရ​ေအာင္ မင္းတုန္းမင္းက ပူေဇာ္ထားရွိေစခဲ့တာလို႔ သိရပါတယ္။
    ​ဘုရားေရာက္တဲ့အခါ ကႏၶာကုဋီ အုတ္ျပႆာဒ္​ေတာ္တြင္းမွာ ဆု​ေတာင္းျပည့္႐ုပ္ပြား​ေတာ္ကို ဖူး​ေတြ႕ရသလို ​ေရွးဘုရားမ်ားနဲ႔ ႏွစ္က်ိပ္ႏွစ္ဆူဘုရား​ေတြကို ဖူး​ျမင္ခဲ့ရပါ​ေသးတယ္။ ဘုရားဝန္းအတြင္းမွာလည္း ဘုရားဒါယိကာ မင္းတုန္းမင္း႐ုပ္ထု၊ သား​ေတာ္မလြန္မင္းနဲ႔မိဖုရား႐ုပ္ထုတို႔ကို မွန္တိုက္​ေတာ္အတြင္းမွာ ျပသထားတာကိုလည္း ​ေတြ႕ျမင္ရပါ​တယ္။
     
    သား​ေတာ္ရဘုရား
     
    ကြၽန္းလုံးဥ​ေသွ်ာင္ရပ္ကြက္၊ မဟာမုနိဘုရားႀကီးရဲ႕ေတာင္ဘက္ ၈၄ လမ္း၊ ေ႐ႊအိုးတန္းရပ္မွာ​ေတာ့ သားေတာ္ရဘုရား တည္ရွိပါတယ္။ သား​ေတာ္ရဘုရားကို အမရပူရၿမိဳ႕တည္ ဗဒုံမင္းမိဖုရား သီရိမဟာမဂၤလာ​ေဒဝီက တည္ထားခဲ့တာလို႔သိရပါတယ္။ တခ်ိဳ႕သမိုင္းကြဲ​ေတြမွာေတာ့
    သားေတာ္ရဘုရားကို သေရေခတၱရာေခတ္မွာ ဒြတၱေပါင္မင္းနဲ႔ မိဖုရားေစာျမဝတီတို႔က တည္ထားခဲ့တာလို႔သိရပါတယ္။ သမိုင္း​ေၾကာင္းအရ ဒြတၱေပါင္မင္းဟာ အျခားမိဖုရား​ေတြရဲ႕ ဂုံးေခ်ာစကားကိုယုံၾကည္ၿပီး မိဖုရား​ေစာျမဝတီကို နယ္ႏွင္ဒဏ္​ေပးခဲ့ပါတယ္။ ေစာျမဝတီဟာ ဇာတိမိုးမိတ္ၿမိဳ႕ကို ဧရာဝတီျမစ္​ေၾကာင္းအတိုင္း ျပန္ရာမွာ မႏၲေလးေတာင္ရဲ႕ အေနာက္ေတာင္အရပ္အေရာက္မွာ​ေတာ့ သားေတာ္​ေလးတစ္ပါး ဖြားျမင္ခဲ့ပါတယ္။
     
    သားေတာ္​ေမြးဖြားေၾကာင္း သတင္းကို မင္းႀကီးၾကားသိတဲ့အခါ မိဖုရားရွိရာအရပ္ကိုလိုက္လာၿပီး မိဖုရားရဲ႕ နား​ေဋာင္း​​ေတာ္နဲ႔ လက္ဝတ္ရာတနာ​ေတြကို ဌာပနာကာ ဘုရားတစ္ဆူတည္ခဲ့ပါတယ္။ ဘုရားဘြဲ႕​ေတာ္ကိုလည္း သားေတာ္ရဘုရားလို႔ အမည္​ေပးေတာ္မူခဲ့တယ္။ သား​ေတာ္ရဘုရားမွာ သားဆုပန္ရင္ ဆု​ေတာင္းျပည့္တာမို႔ အနယ္နယ္အရပ္ရပ္က ဘုရားဖူး​ေတြ လာ​ေရာက္အဓိဌာန္ျပဳ ဆု​ေတာင္းၾကတာလည္းရွိၾကပါတယ္။
     
    ေျမစြန္းဝန္ဆု​ေတာင္းျပည့္ျမတ္စြာဘုရား
     
    ​ေျမစြန္းဝန္ဆု​ေတာင္းျပည့္ျမတ္စြာဘုရားက​ေတာ့ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ကြၽန္းလုံးဥ​ေသွ်ာင္ရပ္ကြက္၊ ၈၄ × ၈၅ လမ္းၾကား၊ အကြက္ ၄၉၈ မွာတည္ရွိတာပါ။ သမိုင္း​ေၾကာင္းအရ ေျမစြန္းဝန္ေစတီ​ေတာ္ကို အမရပူရေခတ္၊ ဘႀကီး​ေတာ္စစ္ကိုင္းမင္းလက္ထက္မွာ ေျမစြန္းဝန္မင္းက တည္ထားခဲ့တာလို႔သိရပါတယ္။ ​ေျမစြန္းဝန္ေစတီေတာ္ႀကီးရဲ႕ ကႏၶာကုဋီတိုက္​ေတာ္အတြင္းမွာ​ေတာ့ အမရပူရ​ေခတ္ စက်င္႐ုပ္ပြား​ေတာ္တစ္ဆူကို ဖူး​ေတြ႕ရပါတယ္။ ေျမစြန္းဝန္​ေစတီ​ေတာ္ရဲ႕ ​ေထာင့္​ေလး​ေထာင့္မွာ​ေတာ့ မႏုသီဟျခေသၤ့႐ုပ္​ေတြကို ထူးထူးျခားျခား​ေတြ႕ရၿပီး ဘုရားဝန္းထဲမွာလည္း ​ဓါတ္နန္း၊ နတ္နန္းမ်ားကို​ေတြ႕ရပါ​တယ္။ မႏၲ​ေလးၿမိဳ႕ထက္ သက္တမ္းပိုရွည္တဲ့ အမရပူ​ေခတ္ သမိုင္းဝင္ ​ေရွးဘုရားတစ္ဆူမို႔ မႏၲလာ​ေျမကို​ေရာက္ခဲ့ရင္ သြား​ေရာက္ဖူး​ေျမာ္ဖို႔သတင္း​ေပးလိုက္ပါတယ္။
     
    အရိပ္မထြက္ဘုရား
     
    အရိပ္မထြက္ဘုရားဟာ ​ေအာင္​ေျမသာစံၿမိဳ႕နယ္၊ ​ေျမာက္ျပင္ အမရဌာနီရပ္ကြက္၊ ၉ လမ္းနဲ႔ ၇၈ လမ္း​ေထာင့္၊ သရဲ​ေစ်း​ေျမာက္ဘက္မွာ တည္ရွိပါတယ္။ ဘုရားရင္ျပင္​​ေပၚက ​ေက်ာက္စာအရ သကၠရာဇ္ ၄၂၆ ခုႏွစ္မွာ က်န္စစ္သားမင္းတည္ထားခဲ့တာလို႔သိရပါတယ္။ က်န္စစ္သားမင္းဟာ ဘုရားတည္အၿပီးမွာ ေနာင္ဘဝတြင္ လူအျဖစ္ကို ျပန္ရမွ အရိပ္ထြက္ပါ​ေစသားလို႔ အဓိဌာန္ျပဳ ဆု​ေတာင္းခဲ့ပါတယ္။ ဒီဆု​ေတာင္း​​ေၾကာင့္ပဲ ​ေစတီ​ေတာ္ဟာ အရိပ္မထြက္ခဲ့တာ​မို႔ အရိပ္မထြက္ဘုရားလို႔ ​​ေခၚတြင္ခဲ့တာျဖစ္ပါတယ္။
    ေနာက္ပိုင္း​မွာ​​​ေတာ့ အ​ေလာင္းစည္သူမင္းရဲ႕သား​ေတာ္ မင္းရွင္​ေစာ၊ နရပတိစည္သူမင္းတို႔က ျပဳျပင္ခဲ့သလို အမရပူ​ေခတ္မွာ​ေတာ့ ဗဒုံမင္းရဲ႕သား​ေတာ္ အိမ္​ေရွ႕ဥပရာဇာနဲ႔ မင္းတုန္းမင္းလက္ထက္မွာ​ေတာ့ လက္ယာဝင္မႉးသတိုးမင္းႀကီး မဟာသမိန္​ေဘျဗတ္ဇ တို႔က ျပဳျပင္မႈ​ေတြ လုပ္ခဲ့ၾကပါတယ္။
     
    သမိုင္းကြဲတခုမွာ​ေတာ့ သာသနာႏွစ္ (၅၀) တ​ေကာင္းျပည္ကိုအစိုးရတဲ့ မဟာဥဇနာမင္းလက္ထက္မွာ အာကာဗလစစ္သူႀကီးဟာ စစ္တံခြန္လႊင့္ရာ တပ္ဦးမွာပင့္ေဆာင္ကိုးကြယ္တဲ့ ဓါတ္​ေတာ္​ေတြ အ​ေရာင္အဝါကြန႔္ျမဴးခဲ့ပါတယ္။ ဒါ​ေၾကာင့္ စစ္သူႀကီးဟာ ဒီအရပ္မွာပဲ ဓါတ္​​ေတာ္ေတြကိုဌာပနာၿပီး ​​ေစတီတဆူတည္ခဲ့တယ္။ ​ေစတီတည္ၿပီးခ်ိန္မွာ ရန္အ​ေပါင္းတို႔သည္ အရိပ္မွ်ပင္ မထြက္​ေစသတည္းလို႔ အဓိဌာန္ျပဳဆုေတာင္းခဲ့ပါတယ္။ ေနာက္ပိုင္းမွာ​ေတာ့ အရိပ္မထြက္ဘုရားရယ္လို႔ ဘြဲ႕​ေတာ္​ေခၚတြင္ခဲ့ပါတယ္။
    အရိပ္မထြက္ဘုရားႀကီးရဲ႕ မဟာရံတံတိုင္းအျပင္ဘက္က မုခ္တခုမွာ​ေတာ့ သကၠရာဇ္ ၁၃၁၈ ခုႏွစ္မွာ ​ျပဳျပင္တည္​ေဆာက္မူ​ေတြလုပ္ခဲ့ၾကၿပီး ၁၂၄၇ ခုႏွစ္မွာ အရိပ္ထြက္ခဲ့တယ္လို႔ ကမၺည္း​ေရးထိုးထားတာကို​ ထူးျခားစြာေတြ႕ခဲ့ရပါတယ္။
     
    မဟာသိမ္ျပႆာဒ္ေတာ္ႀကီး
     
    မဟာသိမ္ျပႆာဒ္​ေတာ္ႀကီးက​ေတာ့ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ဥပုတ္ေတာ္ရပ္ကြက္ ၁၂ လမ္း၊ ၆၈ နဲ႔ ၇၀ လမ္းၾကား၊ ရတနာပုံစံေက်ာင္းတိုက္​ေတာ္ႀကီး အတြင္းမွာတည္ရွိပါတယ္။ ဒီသိမ္​ေတာ္ႀကီးကို​ေတာ့ သကၠရာဇ္ ၁၂၄၀ ခုႏွစ္မွာ မင္းတုန္းမင္းရဲ႕ေတာင္ေဆာင္ေတာ္ မိဖုရားသီရိအတုလေဒဝီက ရတနာပုံစံေက်ာင္းဆရာေတာ္ရဲ႕ အ႐ိုးအိုးေစတီကိုငုံၿပီး အုတ္ျပႆာဒ္သိမ္ေတာ္ ေဆာက္လုပ္လႉဒါန္းခဲ့တာပါ။ သိမ္​ေတာ္ႀကီးရဲ႕ ဖြဲ႕စည္းတည္​​ေဆာက္ပုံက ျပည္​ေက်ာင္းတိုက္အတြင္းက သန္း​ေခါင္ယံသိမ္​ရဲ႕ တည္​ေဆာက္ပုံနဲ႔ ​ေတာ္​ေတာ္​ေလးဆင္ပါတယ္။ သိမ္​ေတာ္အတြင္းကို ​ေလ့လာခ်င္တယ္ဆိုရင္​ေတာ့ ရတနာပုံစံ​ေက်ာင္းတိုက္က ဘုန္းဘုန္း​ေတြကိုခြင့္​ေတာင္းၿပီး​ေလ့လာလို႔ရပါတယ္။ က
     
    မႏၲလာ​ေျမဆိုတာက ျမန္မာ​ေတြရဲ႕ ​ေနာက္ဆုံးမင္း​ေနျပည္​ေတာ္ျဖစ္ခဲ့တာ​​ေၾကာင့္ ​ေစတီပုထိုး ဂူ​ေက်ာင္းဇရပ္​ေတြဆိုတာ မ​ေရမတြက္ႏိုင္​​ေလာက္ေအာင္ မ်ားမွမ်ားပါပဲ။ ဒီအထဲကမွ ​ေရွး​ေဟာင္းသမိုင္းဝင္​ေနရာအခ်ိဳ႕ကို သြား​ေရာက္လည္ပတ္​ေစႏိုင္ဖို႔ ေ႐ြးခ်ယ္မွ်​ေဝ​ေပးလိုက္ရပါတယ္​ေနာ္။
     
     
    Source; Travellers_Dream