Wednesday, 11 December 2019 15:12

1200px Mandalay street

မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည်။ အရှေ့ဖက်တွင် ရှမ်းပြည်နယ်၊ အနောက်ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ တောင်ဖက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မြောက်ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတို့နှင့် နယ်နမိတ်ချင်း ထိစပ်နေသည်။

မန္တလေးတိုင်းဒေသကြီးသည် စတုရန်း ကီလိုမီတာ ၂၉၆၈၆ ကျယ်ဝန်းပြီး၊ မြို့နယ်ပေါင်း ၂၈ မြို့နယ် ပါဝင်ပါသည်။ မန္တလေးတိုင်းဒေသကြီး၏ မြို့တော်မှာ မန္တလေးမြို့ဖြစ်သည်။ ၎င်းသည် လူဦးရေအရ မြန်မာနိုင်ငံ၏ တတိယ အကြီးဆုံးမြို့ဖြစ်ပြီး၊ ခန့်မှန်းခြေ အားဖြင့် ၅.၇၆ သန်း (၂ဝ၁၁ HMIS အချက်အလက် များအရ) ရှိပြီး၊ ဒုတိယ လူဦးရေ အသိပ်သည်းဆုံးမြို့ဖြစ်ကာ စတုရန်း ၁ ကီလို မီတာလျှင် ၁၉၄ ဦး နေထိုင်ပါသည်။

လူဦးရေ၏ ၂၉%သည် မြို့ပြဒေသများတွင် နေထိုင်ကြပြီး၊ ကျန်ရှိသော ၇၁% သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပါသည်။

Read More>>> မန္တလေးရွှေမြို့တော်ကြီးကို သွားရောက်လည်ပတ်မယ့်သူတိုင်း သိထားသင့်တဲ့ လမ်းမများအကြောင်း

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်တွင် တည်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် ကူးသန်းသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေးတို့အတွက် အချက်အချာကျသည်။

မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်တွင် ဘတ်စ်ကားများရှိသော်လည်း တွင်ကျယ်စွာ အသုံးမပြုကြပေ။ စက်ဘီး၊ ဆိုင်ကယ်များကိုသာ အများဆုံးအသုံးပြုကြသည်။ ယခင်က စက်ဘီးမြို့တော်ဟု ခေါ်ဆိုခဲ့ကြသော်လည်း ယခုအခါ ဆိုင်ကယ်မြို့တော်ဟုပင် ခေါ်ဆိုနိုင်ပေသည်။

အစိုးရအသစ်လက်ထက် မော်တော်ကားများကို တရားဝင်သွင်းခွင့်ပြုပြီးနောက် မော်တော်ကားအသုံးပြုသူလည်း ပိုမိုများပြားလာခဲ့သည်။

Read More>>> မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်(၂၈)ခု၏ Postal Code(Zip Code) များ

မန္တလေးတိုင်းဒေသကြီး၏ ကုန်စည်ပို့ဆောင်ရေးတို့အတွက်-

(၁) လေကြောင်း

ယခင်က ချမ်းမြသာစည်လေဆိပ်ကို အသုံးပြုခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် တံတားဦးမြို့နယ်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀ အကုန်အကျခံ တည်ဆောက်ဖွင့်လှစ်ခဲ့သည်။ မန္တလေးမြို့မှ ၂၈မိုင်ခန့် အကွာမှာတည်ရှိသည်။ အဓိက အနေဖြင့် ပြည်တွင်းလေကြောင်းလိုင်းများ ဆင်းသက်လျက်ရှိပြီး ပြည်ပလေကြောင်းလိုင်းများမှ တရုတ်နိုင်ငံ ကူမင်းမြို့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ စင်ကာပူနိုင်ငံ စင်ကာပူမြို့ တို့နှင့် ချိတ်ဆက် ဆင်းသက်လျက်ရှိသည်။

(၂) ရေကြောင်း

မီးရထားလမ်း နှင့် ကားလမ်းများ အဆင်ပြေလာသော်လည်းမြန်မာ့ဂုဏ်ဆောင် ဧရာဝတီမြစ်မှာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ဝါး နှင့် အခြားကုန်ပစ္စည်းများ ပို့ဆောင်ရန် အဓိကနေရာအဖြစ် တည်ရှိနေသေးသည်။

(၃) မီးရထားလမ်း

မန္တလေးဘူတာကြီးမှာ မြန်မာနိုင်ငံ၏ အဓိက အချက်အချာ လမ်းဆုံမှာ တည်ရှိသည်။ မန္တလေးမှ ရထားဖြင့် ရန်ကုန်မြို့၊ နေပြည်တော်၊ ပြင်ဦးလွင်မြို့၊ လားရှိုးမြို့၊ မုံရွာမြို့၊ ပခုက္ကူမြို့၊ ကလေးမြို့၊ ဂန့်ဂေါမြို့၊ ရွှေဘိုမြို့၊ ကောလင်းမြို့၊ နဘားမြို့၊ ကန့်ဘလူမြို့၊ မိုးညှင်းမြို့၊ ဟိုပင်မြို့၊ မိုးကောင်းမြို့၊ မြစ်ကြီးနားမြို့ မြို့များသို့ ရောက်ရှိနိုင်သည်။

မန္တလေးမြို့တွင် ယခင်က မြို့ပတ်ရထားရှိခဲ့သော်လည်း ယခုမြို့ပတ်ရထား စနစ်မရှိပေ။

(၄) ကားလမ်း

အိမ်နီးချင်း အင်အားကြီးနိုင်ငံများဖြစ်သော တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် ချိတ်ဆက်ရန်အတွက် မန္တလေးမြို့သည် အချက်အချာကျသောနေရာတွင် တည်ရှိသည်။ အာရှအမြန်လမ်းများသည် မန္တလေးမြို့ကို ဖြတ်သန်းသွားလာလျက်ရှိသည်။

မြန်မာ - တရုတ်ကားလမ်း : မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီးနား ကားလမ်း၊ မန္တလေး - မိုးကုတ် - ဗန်းမော်လမ်း၊ မန္တလေး - လားရှိုး - မူဆယ်လမ်း
မြန်မာ - အိန္ဒိယကားလမ်း : မန္တလေး - စစ်ကိုင်း - မုံရွာ - ကလေးဝ - တမူးလမ်း
ရန်ကုန် - နေပြည်တော် - မန္တလေး အမြန်လမ်းမကြီး

Read More>>> ရထားခရီးစဉ်အားလုံး၏ ထွက်ချိန်၊ ရောက်ချိန်၊ ပြေးဆွဲချိန်များနှင့် လက်မှတ်ခနှုန်းထားများ


Ref: Wifipedia

Nilar Myot Win


Read 323 times
Rate :
(19 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.