Saturday, 30 November 2019 09:35

FB IMG 1417942373110

ပြင်ဦးလွင်ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက်အထိ (၁၄)ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ပြီး ကုန်ကျစရိတ် ကျပ်သိန်း ၇,၀ဝ၀ ခန့် အသုံးပြုရန် လျာထားကြောင်း အမျိုးသားကန်တော်ကြီးဥယျာဉ်မှ Deputy Managing Director ကိုဝေမျိုးအောင်က ပြောသည်။

အဆိုပါပန်းပွဲတော်အတွက် စာနယ်ဇင်းမိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းစင်တာအနီးရှိ Espace Avenir Serviced Apartment ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"ပန်းပွဲတော်အတွက် ကုန်ကျစရိတ်ခန့်မှန်းခြေ ပထမလျာထားချက်ကတော့ သိန်း ၇,၀ဝ၀ ပါ။ ကျူးလစ်ပန်းတွေကို ပြည်ပမှာရတော့ လေယာဉ်နဲ့ ပို့ရတယ်။ ပန်းစရိတ်တင် သိန်း ၃,၀ဝ၀ လောက် ရှိပါတယ်။ ဒီပန်းပွဲတော်ကာလ တစ်လအတွင်းကို ပန်းတွေကို ခုနစ်ကြိမ်လောက်လဲပြီးတော့ ပြသသွားဖို့ရှိပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်က များပါတယ်"ဟု ၎င်းက ပြောသည်။

Read More>>> မန္တလေးမြို့တွင် ဆိုင်ကယ်မောင်းနှင်သူများအား ဆိုင်ကယ်ဦးထုပ်များ အခမဲ့ပေးဝေ

ပန်းပွဲတော်၏ ထူးခြားသောပြကွက်များအနေဖြင့် နေကြာပန်းဝင်္ကပါ၊ နယ်သာလန်ကိုယ်စားပြု ကျူးလစ်ပန်းပြကွက်၊ ယူကေကိုယ်စားပြု နှင်းဆီပန်းပြကွက်၊ အီတလီကိုယ်စားပြု လီလီပန်းပြကွက် စသည်တို့ပါဝင်မည်ဖြစ်ပြီး ပန်းပွင့်အရေအတွက် ခုနစ်သိန်းခွဲ ပြသမည်ဖြစ်သည်။

အဆိုပါ ပန်းပွဲတော်တွင် FG Entertain-ment နှင့် ပူးပေါင်းပြီး ရှိုးပွဲကြီးသုံးပွဲပြုလုပ်မည်ဖြစ်ပြီး ဥယျာဉ်ဝင်ကြေးပေးပြီးသည်နှင့် ရှိုးပွဲကို အခမဲ့ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖျော်ဖြေပွဲ ပထမရက်တွင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ R ဇာနည်၊ လင်းလင်း၊ ဝေလ၊ ချမ်းချမ်း၊ အိမ့်ချစ်၊ ဂျူဝယ် စသည့် တေးသံရှင်များ၊ ဒုတိယရက်တွင် ဇော်ဝင်း ထွဋ်၊ သာဒီးလူ၊ အောင်ထက်၊ ဆုန်သင်းပါရ်၊ ခင်ဖုန်း၊ ရေဗက္ကာဝင်း စသည့် တေးသံရှင်များ နှင့် တတိယရက်တွင် Acid၊Big Bag၊ Ar T၊ Eternal Gosh၊ နီနီခင်ဇော်၊ အမွန်း၊ ဆိုဖီယာ စသည်တို့က ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

Read More>>> နာမည်ကြီးနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးက ဇလုံတောင်ကို သွားရောက်လည်ပတ်မယ်ဆိုရင်

ပန်းပွဲတော်ကာလအတွင်း မြို့မတီးဝိုင်းလည်း ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး ဆိုင်ခန်း ပေါင်း ၅၀ ကိုလည်း ဖွင့်လှစ်ရောင်းချမည်ဖြစ်သည်။

Source: Myanmar Times


Read 311 times Last modified on Saturday, 30 November 2019 10:06
Rate :
(3 votes)

Related items

  • ဂျာမနီထုတ်မော်ဒယ်တွေထဲမှာ အမြန်ဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးမော်ဒယ် BMW K 1200S

    BMW K 1200S

    BMW K 1200S ဟာ ဂျာမနီထုတ်မော်ဒယ်တွေထဲမှာ အမြန်ဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးမော်ဒယ်တစ်ခုဖြစ်ပါတယ်။

  • နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့ WHO မှထုတ်ပြန်ထားသည့် နည်းလမ်းများ

    china

    တရုတ်နိုင်ငံ၊ ဝူဟန်မြို့ တွင် ဖြစ်ပွားလျက်ရှိသော 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်ဝင်/ထွက်ပေါက်များကို အထူးကြပ်မတ်ကြည့်ရှုဆောင်ရွက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

  • တရုတ်နှစ်သစ်ကူးပြုလုပ်ရခြင်းနှင့် အန်ပေါင်းပေးရခြင်း အကြောင်းအရင်း

    China-new-yera_20190129_1.jpg

     

    တရုတ်နှစ်သစ်ကူးဆိုတာကတော့ တရုတ်လူမျိုးတွေအတွက် တစ်နှစ်တာအတွင်းမှာ အရေးပါဆုံးရိုးရာပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ တရုတ်ပြက္ခဒိန်မှာ နွေဦးရာသီနဲ့ စတင်တာဖြစ်တာကြောင့် နှစ်ကူးပွဲရဲ့ တရုတ်ဘာသာမှာ 春節 (ချွန်းဂျယ်) ဖြစ်ပြီး တိုက်ရိုက် ဘာသာပြန်လိုက်ရင်တော့ ‘နွေဦးရာသီပွဲတော်’ ဟု ခေါ်ပါတယ်။ နှစ်ကူးပွဲတော်မှာ တရုတ်ပြက္ခဒိန် နှစ်ဆန်း ၁ ရက်နေ့မှ စတင်ပြီး ၁၅ ရက်နေ့ မီးပုံးပွဲတော်နဲ့ အဆုံးပါတယ်။ ဒီပွဲဟာ တရုတ်ရိုးရာ ပွဲတော်များထဲမှာ ကာလအရှည်ကြာဆုံးပွဲတော် တစ်ခုလည်း ဖြစ်ပါတယ်။

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.