Rate this item
(1 Vote)

Covid-19 ကြောင့် ဧပြီလက စတင်ပြီး မန္တလေးမြို့ အထင်ကရနေရာတွေမှာ လူသွားလူလာ မရှိသလောက် နည်းပါးခဲ့ပြီး ယခုအခါ နေရာအချို့မှာ လူသွားလူလာတွေနဲ့ ပြန်လည် စည်ကားစပြုလာတာကို တွေ့ရပါတယ်။

Rate this item
(0 votes)

  COVID-19 သည် မတ်လ ၂၃ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားခဲ့ပြီး ယနေ့အထိ တစ်နိုင်ငံလုံးတွင် စောင့်ကြည့်လူနာ (၂,၆၅၁) ဦးရှိပြီး ရောဂါကူးစက်ခံရသူ (၁၄၆) ဦးနှင့် သေဆုံးသူ (၅) ဦး ရှိကာ ပြန်လည်ကောင်းမွန်သူ (၁၀) ဦး ရှိသည်။

Rate this item
(1 Vote)

  မန္တလေးတွင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်း ဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးထံမှ သိရသည်။

Rate this item
(1 Vote)

  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧပြီလ (၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ ယနေ့ညနေအထိ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် ဖြစ်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်ကြောင်း သိရသည်။

Rate this item
(2 votes)

  ခရီးသည်ပို့ဆောင်ရေးယာဉ်များ၊ ဘုရားဖူးယာဉ်များ၊ အပန်းဖြေခရီးသွားယာဉ်များ၊ အလည်အပတ် သွားရောက်သည့် ယာဉ်များနှင့် အိမ်စီးကားများအနက် ယာဉ်မောင်းများအပါအဝင် (၇) ဦးထက်ပိုသော မော်တော်ယာဉ်များ အားလုံးကို မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဝင်/ထွက်သွားလာခွင့် ပိတ်သိမ်းထားမည် ဖြစ်ကြောင်း သိရသည်။

Rate this item
(2 votes)

  မန္တလေးတိုင်းအတွင်း ဖွင့်လှစ်ရမည့် လုပ်ငန်းနှင့် ဆိုင်များ၊ ပိတ်သိမ်းရမည့် လုပ်ငန်းနှင့် ဆိုင်များကို မန္တလေးတိုင်းဒေသကြီး အစိုးရဖွဲ့က ဧပြီလ ၄ ရက်နေ့က တားမြစ်မိန့် ထုတ်ပြန်လိုက်သည်။