Rate this item
(2 votes)

စိုးစံကဖေး( Soe San Cafe)       ဘုရားကြီးမြောက်ဖက်မုခ်မှာပဲ စိုးစံဆိုတဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင် ရှိပါသေးတယ်။ ဒီဆိုင်ဖွင့်တာ ဆယ်နှစ်နီးပါးရှိပြီလို့ ဆိုင်ပိုင်ရှင်က ပြောရင်း စိုးစံဆိုတဲ့နာမည်ကို ကြိုက်လို့ ဒီနာမည်ပေးဖြစ်တာပါ လို့ ပြောပါတယ်။   “တစ်ခါတလေ လူပါးတယ်။ နေ့ခင်းထက် ည ပိုစည်တယ်။ညဖက်ဆို  ဘောလုံးပွဲတွေ ပြပေးတယ် ။ စလောင်းလည်း တပ်ထားတယ်” လို့ ဆိုရင်း လက်ဖက်ရည်၊ ကော်ဖီ၊ နွားနို့၊ ဘလက်ခ်ကော်ဖီအပြင် တွဲဖက် စားသုံးလို့ရတဲ့ မုန့်အမယ်မျိုးစုံရရှိပါတယ်။ မနက်စာထမင်းကြော်အပြင် မုန့်ဟင်းခါး၊ မုန့်တီ၊ လက်ဖက်သုပ်၊ ဂျင်းသုပ်၊ ခရမ်းချဉ်သီးသုပ်တွေအပြင် ကြက်သားပေါက်စီ၊ ၀က်သားပေါက်စီ၊ ပဲ၊အုန်း၊…

Rate this item
(1 Vote)

သျှမ်းလက်ရာစားသောက်ဆိုင် ( Shan Let Yar Restaurant )   မန္တလေးမြို့ရဲ့ စည်ကားသောလမ်းဆုံလမ်းခွမှ အရသာကောင်း၊ လက်ရာကောင်း ကို နှစ်သက်ပြီး စားသုံးလိုသူများအတွက် လမ်းညွှန်လိုပါပါတယ်။ ဆိုင်ရဲ့နာမည်ကျော် မာလာဟင်း၊ မာလာပေါင်း၊ အကင်မျိုးစုံ နဲ့ ဟင်းမျိုးစုံ ရနိုင်သောဆိုင်ဖြစ်ပြီး ရှမ်းလူမျိုးတို့ကိုယ် တိုင် ပြုလုပ်သော ဟင်းလျာကို တည်ခင်းတာ ဖြစ်ပါ တယ်။ Menu တွင် ကြက်၊ ၀က်၊ ပုစွန်တို့နဲ့ နှစ်သက်ရာ တရုတ်ဟင်းမျိုးစုံကိုလည်း မှာယူနိုင်ကာ ကြက်၊၀က် အခြောက်ကြော် ၊အရွက်သုပ်မျိုးစုံမှာလည်း လူကြိုက်များပါတယ်။   အမည်ပေးပုံထူးခြားတဲ့ ဒေါ်လှကြည်ဟင်းကတော့ အသားကို ငရုတ်ဆီ ထည့်ကြော် ထားတဲ့ ဟင်း…

Rate this item
(1 Vote)

Donut King Coffee, Cake  & Bakery     ဆိုင်ထဲကို ၀င်ဝင်ချင်း သတိထားမိလိုက်တာက ဆိုင်နံရံမှာ Donut မုန့်တွေကို သစ်သားနဲ့ အလှဆင်ထားတာပဲ ဖြစ်ပါတယ်။ ဆိုင်ရဲ့ အခင်းအကျင်းကတော့ ရန်ကုန်က Donut ဆိုင် ပုံစံမျိုး ဖြစ်ပြီး မှန်ကောင်တာထဲမှာ Donut ရောင်စုံမုန့်မျိုးစုံကို စားချင့်စဖွယ်ခင်း ကျင်းပြသ ထားပါတယ်။   စားပွဲနဲ့ကုလားထိုင်တွေကို သပ်သပ်ရပ်ရပ် ခင်းကျင်းထားပြီး မန္တလေးမြို့က Donut ကို မြည်း စမ်းချင်တယ် ဆိုရင်တော့ Donut King ကို အရောက်သွားမှ ဖြစ်ပါလိမ့်မယ်။ ဆိုင်တည်နေရာ ၈၄လမ်း၊ ၃၂x၃၃လမ်းကြား ၊ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။

Rate this item
(2 votes)

Silver Sky  Showroom & Industry (Silver Ware) ရိုးရာလက်မှုပညာငွေထည်အရောင်းဆိုင်     ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းသယ်ဆောင်ခဲ့သော မိဘရိုးရာ ငွေထည် လုပ်ငန်းဖြစ်သည်။   ကျယ်ဝန်းသော ခန်းမကြီးတွင် ငွေထည်လက်မှုပညာအစွမ်းပြထားသည့် ရုပ်လုံး ပစ္စည်းနှင့် အသုံး အဆောင်များက လာရောက်သူများကို ဖမ်းစားထားသည်။ ငွေထည်၊ ကြေး ထည်ပစ္စည်းများကြားတွင် ကျွဲအရိုး၊ နွားအရိုးနှင့် ပြုလုပ်သောအရုပ်များ၊ ကျောက်စိမ်းအရုပ် များသည်လည်း Showcase မှန်ဘီဒိုထဲတွင် ပျောက်ကြားပျောက်ကြားတွေ့ရ၏။   မြန်မာ့ရိုးရာ ဇာတ်တော်လာရုပ်လုံးကြွသရုပ်ဖော်ပုံများဖြင့် ကြီးမားသော ငွေ ဖလားကြီးများသည် မြင်သူ တကာကို ငေးစေ၏။ သို့ဖြင့် ငွေရောင်ဖိတ်ဖိတ်တောက်နေေ သာ မြင်းရုပ်၊ ဆိုင်းဝိုင်းရုပ်၊…

Rate this item
(1 Vote)

Aye Myittar Myanmar Traditional Food မြန်မာ့ရိုးရာထမင်းဟင်းစားသောက်ဆိုင်စစ်စစ်ဖြစ်ပြီးရှမ်းစာ၊တရုတ်စာ၊ယိုးဒယားစာတွေ ရောင်းချခြင်းမရှိပါဘူး။ ဟင်းများမှာ အငန်လွန်ကဲခြင်း၊ဆီများခြင်းများ မရှိဘဲ စားလို့ကောင်းလှသလို ဟင်းအမယ်စုံ ကာ အရံဟင်း လည်း များ ပါတယ်။   အဓိကဟင်းတမယ်မှာယူလျှင် ဟင်းရံ ၄ မျိုးနှင့်ငပိရည်၊ငပိကြော်၊တို့စရာအမျိုးမျိုး ပါပြီး အရံ ဟင်းကတော့ အာလူးဟင်း၊ အသီးအရွက်ကြော်၊ ဆီးဖြူသီးထောင်း၊ ဟင်းချိုတို့ ပါဝင်တယ်။ တို့စရာကလည်းစုံသလို ပြောင်းဖူး အသေးပြုတ်၊ဆလပ်ရွက်၊သရက်သီးစိမ်း၊တရုတ်နံနံ၊ သခွားသီး၊ ခရမ်းကစော့သီး စတာတွေပါ။   ထမင်းဝိုင်းမှာ လက်ဖက်အုပ်နဲ့ ငရုတ်သီးခွဲခြမ်းကြော်ပန်းကန်လည်း ချပေးထားပါတယ်။စားပွဲပေါ်ကဖရုံသီးပုံခွက်ကလေးထဲမှာထမင်းစားပြီး အချိုတည်းဖို့ထန်းလျက်ပါ ထည့်ပေး ထားပါသေးတယ်။   ဆိုင်ထဲမှာတော့စားတဲ့သူတွေပြည့်ကျပ်နေတာတွေ့ရပြီး၊ဟင်းလျာတွေကလည်းအစပ်အဟပ်တည့်လှပါတယ်။ မြန်မာအများစုဖြစ်တဲ့ ဆိုင်ဝန်ထမ်းတွေ ကလည်း သွက်လက်ချက်ချာပြီး…

Rate this item
(3 votes)

  အထက်မြန်မာပြည်စာပေထုတ်ဝေဖြန့်ချိရေး ထွန်းဦးစာပေ၊ ကိုထွန်းဦးဘ၀အကြောင်းအပိုင်း(၂) လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်ပုံ ဂျာနယ်ပေးရင် ရှေ့က လေးဦး ပေးရတယ်၊ အဲဒီလေးဦးမှာ Section လေးဦးရှိလို့လေ၊ အထွေထွေ တစ်နှစ်သုံးလေး ဆိုတာ လက်ပွေ့တွေလေ၊ နောက် သတင်းစာလုပ်ငန်းလုပ်နေ တဲ့ ၀န်ဆောင် တစ်နှစ်သုံးလေးဆိုတာ တစ်ခု၊ စာအုပ်ဆိုင်နဲ့တွဲပြီး ဂျာနယ် ရောင်းတဲ့ စာပေ အရောင်းဆိုတာတစ်ခု၊ နယ်အထွေထွေကျတော့ နယ်ကနေ ကိုယ့်ဆီလာတဲ့နယ်သမား၊ ယူပြီးတော့ ကားနဲ့ပြန် တယ်၊ မြစ်ငယ်၊ ကျောက်ဆည်၊ မတ္တရာ၊ ပြင်ဦးလွင် အဲလိုလာမယ်၊  အဲလို လေးဆိုင်းထားရတယ်၊ ဘောက်ချာကို အဲလို ခေါင်းစဉ်ခွဲထားတယ်၊ ကိုယ်လုပ်နိုင်တာက လာသမျှအချပ်ပိုကို မှာယူစောင်ရေအတိုင်း ပထမ ပြည့်မပြည့် စစ်ရတယ်၊ စစ်ဆေးပြီးပြည့်မှ…