Tuesday, 23 July 2019 14:24

smvit.jpeg

မြန်မာ-စင်ကာပူသင်တန်းကျောင်းမှ ၂၀၁၉ ခုနှစ်အတွက် အင်ဂျင်နီယာပညာရပ်နှင့် ဟိုတယ်နှင့်ခရီးသွားသင်တန်း အမျိုးအစား ၁၀ ခုကို ဖွင့်လှစ်မည်ဖြစ်ရာ လာမည့်ဩဂုတ် ၅ ရက်တွင် စတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနမှ SMVTI သက်မွေး ပညာသင်တန်းကျောင်းတွင် ၂၀၁၉ ခုနှစ်အတွက် ဖွင့်လှစ်မည့် Engineering and Technology ဘာသာရပ်ခြောက်မျိုးနှင့် Hospitality and Tourism ဘာသာရပ် လေးမျိုးအတွက် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး အသက် (၁၆)နှစ်အောက် ကျောင်းသား၊ ကျောင်းသူများလျှောက်ထားနိုင်မည်ဖြစ်ကြောင်း သင်တန်းဝင်ခွင့်လျှောက်လွှာများကို ဩဂုတ် ၅ ရက်မှ ၁၆ ရက်အထိ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းဘာသာရပ် ၁၀ မျိုးအတွက် ဘာသာရပ်တစ်ခုလျှင် သင်တန်းသား၊ သင်တန်း သူ ၄၀ ခန့် လက်ခံသင်ကြားပေးနေကြောင်း၊ အဆိုပါသင်တန်းကို သင်တန်းကြေး သတ်မှတ်ထားခြင်းမရှိဘဲ ယူနီဖောင်းကြေး၊ သင်ရိုးညွှန်းတမ်းစာအုပ်ကြေးတို့သာ သတ်မှတ်ထားကြောင်း သင်တန်းကိုတက်ရောက်ခွင့်ရပါက သင်တန်းကာလခြောက်လတက်ရောက်ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက အသိအမှတ်ပြုအောင်လက်မှတ် ရရှိမည်ဖြစ်ကြောင်း သင်ကြားမှုများကိုခေတ်မီလက်တွေ့ပစ္စည်း များအသုံးပြု၍ စာတွေ့လက်တွေ့ ပို့ချမည်ဖြစ်ကြောင်းသိရသည်။

""တခြားတိုင်းဒေသကြီး ပြည်နယ်က တက်ချင်တယ်ဆိုရင်လည်း လာလျှောက်လို့ရပါတယ်။ နေစရာတော့ စီစဉ်မပေးပါဘူး""ဟု စင်ကာပူ-မြန်မာသက်မွေးသင်တန်းကျောင်းမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

ဆက်သွယ်ရေးကဏ္ဍတွင် လုပ်ငန်းခွင်ဝင်ရောက်လိုကြသည့် လူငယ်များ MPT တွင်လျောက်ထားနိုင်

ဟိုတယ်နှင့်ခရီးသွားဘာသာရပ်တွင် သင်ကြားမည့်ဘာသာရပ်များမှာ Front Office Operations, HouseKeeping, Restaurant Operations, Retail Operations တို့ဖြစ်ပြီး

အင်ဂျင်နီယာဘာသာရပ်တွင် Residentil AirConditioning , Building Fixtures and Equipment, General Welding, ,Mechatronics (Basic), Electrical Technology,Electroni c (Computer Networking)ဘာ သာရပ်များဖြစ်ကြောင်း သိရသည်။

>>> တက္ကသိုလ်နှင့် ကောလိပ်များ

လျှောက်ထားမည့်သူများ သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်း၊ စင်ကာပူ-မြန်မာသက်မွေးသင်တန်းကျောင်းတွင် လာရောက်လျှောက်ထားရမည်ဖြစ်သည်။

Source Democracytoday


Read 107 times Last modified on Tuesday, 23 July 2019 17:18
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.