Tuesday, 23 July 2019 13:33

HIV_web-750x500.jpg

၂၀၁၈ ခုနှစ်တွင် HIV နှင့် ဆက်နွှယ်၍ သေဆုံးသူအရေအတွက်သည် ၇၇၀၀၀၀ သို့ ကျဆင်းခဲ့ရာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ၃၃ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း ကုလသမဂ္ဂက ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် ရန်ပုံငွေများရရှိမှု အားနည်းနေစဉ် ထိုရောဂါအား တိုက်ဖျက်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုများကို အဟန့်အတား ဖြစ်နေကြောင်း သတိပေးခဲ့သည်။

လတ်တလောတွင် ခန့်မှန်းခြေ လူ ၃၇.၉ သန်းသည် HIV ရောဂါပိုး ကူးစက်ခံထားရပြီး ယင်းတို့အနက် စံချိန်တင် ၂၃.၃ သန်းသည် ART ဆေးများအား ရရှိနေကြောင်း UNAIDS က နှစ်စဉ်ထုတ်ပြန်နေကျ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

၁၉၉၀ ပြည့်လွန်အလယ်နှစ်များတွင် AIDS ရောဂါ ကူးစက်ပျံ့နှံ့မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ရရှိခဲ့သော ဧရာမတိုးတက်မှုများအား မီးမောင်းထိုးပြလျက် AIDS ရောဂါကြောင့် သေဆုံးသူအရေအတွက်သည် ၂၀၁၇ ခုနှစ်တွင် ၈၀၀၀၀၀ ရှိရာမှ ၂၀၁၈ ခုနှစ်တွင် ၇၇၀၀၀၀ သို့ ကျဆင်းခဲ့ကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ယင်းသည် AIDS ရောဂါနှင့်ဆက်နွှယ်၍ သေဆုံးသူ ၁.၂ သန်းရှိသည့် ၂၀၁၀ ပြည့်နှစ်ကထက် သုံးပုံတစ်ပုံကျော် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ထိုအစီရင်ခံစာက ဖော်ပြခဲ့သည်။

AIDS ရောဂါ ကူးစက်ပျံ့နှံ့မှုအား အဆိုးရွားဆုံး ခံစားခဲ့ရသည့် အာဖရိကတွင် ယင်းနှင့်ဆက်နွှယ်၍ သေဆုံးသူများသည် ယခုဆယ်စုနှစ်တွင် အလွန်အမင်းကျဆင်းခဲ့ချိန်တွင် အရှေ့ဥရောပ၌ ငါးရာခိုင်နှုန်းနှင့် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတို့တွင် ကိုးရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သစ်သီးဖျော်ရည် ဖျော်စပ်နည်းများ

နှစ်အလိုက်နှုန်းနှင့် တွက်ချက်ပါက ထိုဒေသများတွင် ရောဂါကူးစက်မှုသစ်များသည် ၂၉ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့သည်။

ဆယ်စုနှစ်များစွာ သုတေသနများပြုလုပ်ခဲ့ကြသော်လည်း HIV ရောဂါပိုးအတွက် ကာကွယ်ဆေး သို့မဟုတ် ကုသနိုင်သည့် နည်းလမ်းကို ရှာဖွေတွေ့ရှိခြင်းမရှိသေးပေ။

ထိုရောဂါကြောင့် ၁၉၈၀ ပြည့်လွန်နှစ် အစောပိုင်းနှစ်များနောက်ပိုင်း သေဆုံးသူ ၃၅ သန်းကျော်နှင့် ကူးစက်ခံရသူ သန်း ၈၀ နီးပါးရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း၌ HIV ရောဂါပိုး ကူးစက်ခံရမှုသစ်များ၏ ထက်ဝက်ကျော်သည် မူးယစ်ဆေးအား အကြောထဲ ထိုးသွင်းသူများ၊ ယောက်ျားချင်း လိင်ဆက်ဆံသူများ၊ လိင်ပြောင်းလဲထားသူများ၊ လိင်အလုပ်သမားများနှင့် အကျဉ်းသားများ စသည့်အုပ်စုများထဲမှဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

အစိုးရ ဆေးရုံများ နှင့် ပြည်ပဆေးရုံများ

သို့သော် ယင်းကဲ့သို့ ရောဂါကူးစက်ခံရနိုင်ခြေများပြားသော အုပ်စုများ၏ ရာခိုင်နှုန်း ၅၀ အောက်သည်သာ နိုင်ငံပေါင်းထက်ဝက်ကျော်တွင် HIV ကြိုတင်ကာကွယ်ရေး အစီအစဉ်များကို လက်လှမ်းမီခဲ့ကြောင်း ထိုအစီရင်ခံစာက ဖော်ပြခဲ့သည်။

နောက်ထပ် ရောဂါကူးစက်ခံရနိုင်ခြေ မြင့်မားသော အုပ်စုမှာ ကလေးများဖြစ်ပြီး ပြီးခဲ့သောနှစ်တွင် ကလေးပေါင်း ၁၆၀၀၀၀ ကျော်သည် HIV ရောဂါပိုး ကူးစက်ခံခဲ့ရသည်။

Source daily eleven

 


Read 141 times Last modified on Tuesday, 23 July 2019 14:24
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.