Thursday, 27 June 2019 13:38

annabelle-review.jpg

ANNABELLE:COMES HOME ရုပ်ရှင်ဇာတ်ကားကို မြို့ကြီးအများအပြားရှိ ရုပ်ရှင်ရုံများ၌ ဇွန် ၂၇ ရက်မှ စတင်ကာ နိုင်ငံတကာနှင့် တစ်ပြေးညီ ရုံတင်ပြသထားသည်ဟု သိရသည်။

ANNABELLE:COMES HOME ရုပ်ရှင်ဇာတ်ကားသည် ကမ္ဘာတစ်ဝန်း အောင်မြင်မှုများစွာရရှိခဲ့သည့် ထိတ်လန့်သည်းဖိုဇာတ်ကားဖြစ်ပြီး ANNABELLE ဇာတ်ကားများထဲမှ တတိယမြောက် ထွက်ရှိလာသည့် ဇာတ်ကားဖြစ်သည်။

အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအများအပြား၌ ဇွန် ၂၆ ရက်မှ စတင်ကာ ရုံတင်ပြသထားသည်။

ဇာတ်လမ်းအကျဉ်းကို ဖော်ပြရလျှင် မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်၏ ပူးကပ်ခြင်းခံရပြီးနောက် လူသားများအပေါ် ဆိုးရွားသည့် အန္တရာယ်များ ကျရောက်စေခဲ့သည့် Annabelle အရုပ်ကြောင့် ထိခိုက်မှုများထပ်မံမဖြစ်ပေါ်စေရန်အတွက် သဘာဝလွန်ဖြစ်ရပ်များကို စူးစမ်းဖော်ထုတ်သူ Ed နှင့် Lorraine Warren တို့လင်မယားက ထိုအရုပ်ကို ထိန်းသိမ်းခဲ့ကြရသည်။

ယင်းအရုပ်ကို Ed နှင့် Lorraine Warren တို့အိမ်ရှိ အိမ်သုံးပစ္စည်းများထားရာအခန်း၌ ဘုန်းတော်ကြီး၏ သိဒ္ဓိတင်ထားသည့် မှန်အိမ်အတွင်း ချုပ်ထားခဲ့ကြပြီး လုံခြုံစွာ သော့ခတ်သိမ်းဆည်းခဲ့ကြသည်။

သို့သော် Annabelle ၏ မကောင်းဆိုးဝါးဝိညာဉ်အင်အားသည် မြင်တွေ့သမျှ လူသားများအား ဒုက္ခပေးလိုသည့် အခြားသော မကောင်းဆိုးဝါးဝိညာဉ်များကို နိုးထစေခဲ့ရာမှ ဖြစ်ပေါ်လာသည်များကို ထိတ်လန့်ဖွယ် ရိုက်ကူးထားခြင်းဖြစ်သည်။

မန္တလေးအပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် MPT ဝန်ဆောင်မှု ယာယီပျက်တောက်မည်

ANNABELLE:COMES HOME ရုပ်ရှင်ကို ဒါရိုက်တာ Gary Dauberman ရိုက်ကူးပြီး Vera Farmiga, Patrick Wilson, Mckenna Grace တို့အဓိကပါဝင်ထားသည်။

ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာ၂၊ မင်္ဂလာစံပြ၊ Mingalar Gold Class၊ မင်္ဂလာ (ဂမုန်းပွင့်၊ စိန်ဂေဟာ၊ တာမွေ)၊ ရွှေဗဟို၊ ကန်သာယာ၊ Capitalı JCGV ၊ စူပါဝမ်းရုပ်ရှင်ရုံများ၊
မန္တလေးမြို့ရှိ မင်္ဂလာဒိုင်းမွန်း၊ မြို့ဂုဏ်ရောင်၊ JCGV တို့အပြင် ပြည်၊ တောင်ငူ၊ မကွေး၊ တောင်ကြီးနှင့် မုံရွာမြို့တို့ရှိ ရုပ်ရှင်ရုံများ ပြသထားသည်။

Source daily eleven

 


Read 114 times Last modified on Saturday, 29 June 2019 13:18
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.