Health & Wellness

အိုမီခရွန်နဲ့ ရာသီတုပ်ကွေးလက္ခဏာ နှစ်ခုကြား ဘာတွေကွဲပြားလဲ

Read 654 times

COVID-19 ရောဂါက မပေါ့ဆသင့်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းတဲ့ ပိုထိရောက်တာကြောင့် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားတာဟာ ကိုယ့်အတွက်လည်းကောင်းသလို ကိုယ့်မိသားစုနဲ့ ပတ်ဝန်းကျင်အတွက်လည်း ကောင်းပါတယ်။

တစ်ခုရှိတာက ရာသီအကူးအပြောင်းကြောင့် ဖြစ်တတ်တဲ့ တုတ်ကွေးရောဂါလက္ခဏာတွေကိုလည်း သိထားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ အားပျော့လာတဲ့ COVID-19 ရောဂါဟာ တဖြည်းဖြည်း တုတ်ကွေးနဲ့တူလာလို့ပဲ ဖြစ်ပါတယ်။

ရာသီတုပ်ကွေးရောဂါက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အသက်အရွယ်အုပ်စုအားလုံးမှာ ဖြစ်ပွားနိုင်ပါတယ်။ ရာသီတုကွေးရောဂါက ချောင်းဆိုးရာမှ ထွက်လာတဲ့ အမှုန်အစက်တွေကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်ပါတယ်။ ရာသီတုတ်ကွေးရဲ့ အတွေ့များတတ်တဲ့ ‌ရောဂါလက္ခဏာတွေကတော့ ...

  • အဖျားကြီးခြင်း
  • ချောင်းခြောက်ဆိုးခြင်း
  • လည်ချောင်းနာခြင်း
  • ခေါင်းကိုက်ခြင်း
  • ကိုယ်လက်ကိုက်ခဲခြင်း
  • ကြွက်သားတွေနာကျင်ခြင်း စတာတွေဟာ ရာသီတုပ်ကွေးရဲ့ အဖြစ်များတဲ့ လက္ခဏာတွေဖြစ်ပါတယ်။

ဒါပေမယ့် ရာသီတုပ်ကွေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းက ရောဂါဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်တဲ့အပြင် ရောဂါကူးစက်ခံရရင်လည်း ရောဂါပြင်းထန်မှုကို လျော့ချပေးနိုင်ပါတယ်။

ဒီလိုပါပဲ အိုမီခရွန်ကလည်း ကြိုတင်ကာကွယ်လို့ရတဲ့ ကူးစက်ရောဂါတစ်မျိုးပါပဲ။ သူ့ရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ...

  • အိုမီခရွန်ရဲ့ ပထမအမျိုးအစား/အပျော့စားလက္ခဏာက ဖျားမယ်၊ ချောင်းဆိုးမယ်၊ ကိုယ်လက်မအီမသာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီဟာက ဆရာဝန်နဲ့တိုင်ပင်ပြီး အိမ်မှာပဲ ​ဆေး​သောက်လို့ရနိုင်ပါတယ်။
  • ဒုတိယအမျိုးအစား/အလယ်အလတ်လက္ခဏာ ကတော့ မျက်စေ့နာမယ်၊ လည်ချောင်းနာမယ်၊ ခေါင်းကိုက်ပါမယ်။ နီးစပ်ရာကျန်းမာ​ရေးဌာန​တွေ၊ ဆရာဝန်တွေကိုပြသဖို့လိုအပ်ပြီး သူတို့ညွန့်ကြားတဲ့​ဆေး​တွေ​ သောက်လို့ရပါသေးတယ်။
  • တတိယအမျိုးအစား/အပြင်းစားလက္ခဏာက အသက်ရှူရခက်မယ်၊ မောမယ်၊ တစ်ကိုယ်လုံးအသားတွေ အကျောတွေအထိ နာနေမယ်၊ စကားမပြောနိုင်တဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ အိုမီခရွန်ရဲ့ နောက်ဆုံးလက္ခဏာ အပြင်းစားဖြစ်ပြီဆိုရင်တော့ နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးတက်ရောက်ကုသမှု ခံယူရပါမယ်။ သက်ကြီးရွယ်အိုနဲ့ ကိုယ်ခံအားနည်းတဲ့သူတွေဆိုရင်တော့ ပထမအမျိုးအစားနဲ့ ဒုတိယအမျိုးအစားမှာတင် အောက်စီဂျင်ကျနိုင်ပါတယ်။

COVID မျိုးကွဲသစ် အိုမီခရွန်က အရင်ကိုဗစ်ရောဂါလို လက္ခဏာရပ်တွေ ဖြစ်နိုင်ခြေနည်းပါတယ်။ အိုမီခရွန်ရောဂါခံစားနေရတဲ့ လူနာတွေက အနံ့ပျောက်တာ၊ အရသာပျောက်တာလို လက္ခဏာတွေမပြတဲ့အပြင် ကူးစက်ခံထားရတဲ့ အိုမီခရွန်လူနာတွေကြားမှာ နှာပိတ်တာ၊ ကိုယ်အပူချိန်ပြင်းတာမျိုးတွေလည်း မရှိဘူးလို့ သိရပါတယ်။

COVID မျိုးကွဲသစ် အိုမီခရွန်က သာမန်အအေးမိတာမျိုးလို လက္ခဏာရပ်တွေ ဖြစ်ပေါ်စေပါတယ်။ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာ၊ နှာစေးတာ၊ ပင်ပန်းနွမ်းလျတာနဲ့ မကြာခဏနှာချေတာတွေက တုပ်ကွေး (သို့) အအေးမိတဲ့အခါ ခံစားရပါတယ်။ ဒါ့ကြောင့် ရာသီတုပ်ကွေးနဲ့ COVID မျိုးကွဲသစ် အိုမီခရွန်က လက္ခဏာခြင်းဆင်တူနေတာကြောင့် သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။

Bookmark