Mandalay Trend

ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး လူကြိုက်အများဆုံး Soup (၆) မျိုး

Read 759 times

နိုင်ငံတိုင်းမှာ ရိုးရာအစားအစာ၊ လူကြိုက်များတဲ့ အစားအစာဆိုပြီး နေရာဒေသအလိုက် ကွဲကွဲပြားပြားရှိတတ်ကြပါတယ်။ အစားအသောက်ဆိုတာ လူနဲ့တည့်တဲ့အတွက် အရသာရှိတာမှန်သမျှကို စားသုံးသင့်ပါတယ်။ 

ဒါပေမယ့် လူကြိုက်များတဲ့အစားအစာတွေကို မဖြစ်မနေ မြည့်စမ်းကြည့်မယ်ဆိုတဲ့ List ထဲထည့်ဖို့တော့ မမေ့ပါနဲ့။ ယောက္ခမြေလို့ လူသိများတဲ့ ကိုရီးယားနိုင်ငံမှာရော စားချင်စဖွယ် ဘယ်လိုအစားအစာတွေရှိနေနိုင်မလဲ? 

ဒါ့ကြောင့် ကိုရီးယားမြေကိုရောက်ရင် မြည့်စမ်းကြည့်သင့်တဲ့ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး လူကြိုက်အများဆုံး Soup (၆) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(6) Dwaeji Gukbap

Dwaeji gukbap ကလူကြိုက်များတဲ့ တောင်ကိုရီးယားဟင်းချိုဖြစ်ပြီး ဝက်သား၊ ပဲပိစပ်၊ miso၊ ဆန်အရက်၊ နှမ်းသောဆီ စတာတွေနဲ့ ချက်ပြုတ်ထားတာဖြစ်ပါတယ်။ အရံဟင်းပွဲတွေအနေနဲ့ ထမင်း၊ ပုစွန်၊ ကြက်သွန်ဖြူနီ၊ ခေါက်ဆွဲ၊ ကင်ချီ၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးပွ စတာတွေနဲ့တွဲစပ်စားသောက်လေ့ ရှိပါတယ်။ ဘူဆန်မြို့ရဲ့ ဒေသဆိုင်ရာ ရိုးရာအစားအစာဆိုလည်း မမှားပါဘူး။

(5) Seolleongtang

Seolleongtang က တောင်ကိုရီးယားအရိုးဟင်းချိုဖြစ်ပြီး နွားရဲ့ အရိုးတွေ၊ ခြေထောက်တွေ၊ ခေါင်းတွေ၊ ကိုယ်တွင်းအင်္ဂါတွေကို ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်ပြုတ်တာဖြစ်ပါတယ်။ ဒီဟင်းချိုကို အထူးသဖြင့် ဆောင်းတွင်းကာလတွေမှာ အဓိက ဟင်းချိုအဖြစ် သုံးဆောင်ကြပါတယ်။

Joseon မင်းဆက်က ဘုရင် Seonjong က လယ်ယာဘုရား ကိုးကွယ်မှုအတွက် ထုံးတမ်းစဉ်လာတစ်ခုအနေနဲ့ ဟင်းချိုကို တီထွင်ခဲ့တယ်လို့ သိရပါတယ်။ Seonnongdan မှာချက်ပြုတ်တဲ့ဟင်းချိုဖြစ်ပြီး ဟင်းချိုအမည်ကို Seonnongtang လို့ခေါ်ထွင်ခဲ့ပေမယ့် နောက်ပိုင်းမှာ Seolleongtang လို့ ပြောင်းလဲခေါ်ဆိုကြပါတယ်။

(4) Gamjatang

ဝက်နံရိုး၊ အာလူး၊ ပဲအနှစ်၊ ငရုတ်သီးမှုန့်နဲ့ ကြက်သွန်ဖြူတို့ကို ရောစပ်ချက်ပြုတ်ထားတဲ့ Gamjatang ဟင်းချိုလေးက Incheon ဧရိယာက ဆင်းသက်လာတာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ Gamjatang ဟင်းချိုကို ကိုရီးယားလူမျိုးတွေ အပြင် ဥရောပ၊ အမေရိကန်နဲ့ အရှေ့တောင်အာရှဒေသတွေကလည်း ကြိုက်နှစ်သက်ကြပါတယ်။

(3) Kalguksu

Kalguksu က တောင်ကိုရီးယားလူမျိုးတွေ ကြိုက်ကြတဲ့ နွေရာသီဟင်းချိုတစ်မျိုး ဖြစ်ပါတယ်။ နွေရာသီဟင်းချိုဆိုပေမယ့် မိုးရာသီမှာလည်း သုံးဆောင်ကြပါတယ်။ ဂျုံမှုန့်၊ ကြက်ဥခေါက်ဆွဲဟင်းရည်၊ ခရု၊ ငါးနီတူခြောက်၊ ပင်လယ်ရေမှော် တို့နဲ့ ချက်ထားတဲ့ ဟင်းချိုကို ဓားခေါက်ဆွဲဟင်းရည်လို့ ခေါ်ဆိုကြပါတယ်။ ပင်လယ်စာ kalguksu က လူကြိုက်အများဆုံးအမျိုးအစားဖြစ်ပေမယ့် kalguksu spicy (jjanppong kalguksu)၊ ကြက် (Dak kalguksu)နဲ့ မှို kalguksu (beodeot kalguksu) စတဲ့ Kalguksu ဟင်ချိုးအမျိုးအစားတွေရှိပါသေးတယ်။

(2)Naengguk 

တောင်ကိုရီးယားနိုင်ငံရဲ့ နွေရာသီစာဖြစ်တဲ့ လူကြိုက်များတဲ့ Soup ကတော့ Naengguk Cold Soup ပဲဖြစ်ပါတယ်။ ဟင်းချိုကို ပုံမှန်အားဖြင့် အဓိက အမျိုးအစား နှစ်မျိုးခွဲခြားထားပါတယ်။ ပထမတစ်မျိုးက နွေရာသီမှာ လန်းဆန်းစေဖို့အတွက် ရှာလကာရည်၊ သခွားသီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ နဲ့ ပင်လယ်ရေညှိတို့ကို ရောစပ်ချက်ပြုတ် သုံးဆောင်ကြပြီး ဒုတိယတစ်မျိုးကတော့ နှမ်း၊ ပဲပုပ်၊ ကြက်သားတို့နဲ့ ကျန်းမာရေးအတွက် သုံးဆောင်ကြပါတယ်။

(1) Samgyetang

ကိုရီးယား ဂျင်ဆင်းကြက်ကောင်လုံးပေါင်း ဟင်းချိုက ကိုရီးယားနိုင်ငံမှာ လူကြိုက်များရေပန်းစားပါတယ်။ ကြက်သွန်ဖြူနဲ့ ဆန်တို့ကို အခြေခံထားပြီး ဂျင်ဆင်းနဲ့ ပေါင်းခံချက်ပြုတ်ထားတာကြောင့် ကျန်းမာရေးကို များစွာအထောက်အကူပြုပေးတဲ့ နာမည်ကြီးဟင်းချိုတစ်ခွက် ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံသာမက တရုတ်နိုင်ငံမှာပါ လူကြိုက်များတဲ့ ဒီဟင်းချိုက ကိုယ်ခံစွမ်းအားကို (Immune System) ကို မြှင့်တင်ပေးတဲ့အတွက် နံပါတ် (၁) Special Soup ဖြစ်နေတာပါ။

Bookmark